Home » Celebrity News » ‘ခ်စ္မိသြားတဲ့အေပၚ အျပစ္ ဆိုရင္ ခြင့္လႊတ္ပါ’ လို႕ ဇနီးသည္ကို ေျပာလိုက္တဲ့ ေရႊထူး

‘ခ်စ္မိသြားတဲ့အေပၚ အျပစ္ ဆိုရင္ ခြင့္လႊတ္ပါ’ လို႕ ဇနီးသည္ကို ေျပာလိုက္တဲ့ ေရႊထူး

‘ခ်စ္မိသြားတဲ့အေပၚ အျပစ္ ဆိုရင္ ခြင့္လႊတ္ပါ’ လို႕ ဇနီးသည္ကို ေျပာလိုက္တဲ့ ေရႊထူး

Zawgyi Font

ရိုဆန္တဲ့ အခ်စ္စာသားေလးမ်ားနဲ႕ ႏွစ္ကိုယ္တူ ပံုေလးမ်ားကို အျမဲတမ္းေတြ႕ရတတ္တဲ့ ေရႊထူးနဲ႕ ေရႊမႈံရတီတို႕ ဇနီးေမာင္ႏွံႏွစ္ဦးကုိ ပရိသတ္မ်ားက သေဘာက်အားေပးခဲ့ပါတယ္။ အမ်ားအားျဖင့္ ဇနီးသည္ ေရႊမႈံက ပိုၿပီးရိုဆန္တယ္လို႕ ပရိသတ္မ်ားက ထင္ခဲ့ေပမယ့္ ဒီတစ္ခါမွာေတာ့ ေရႊထူးက ေရႊမႈံ႕ထက္ သာသြားခဲ့ပါၿပီ။

Image may contain: 2 people, people smiling

Image may contain: 3 people, people standing

“ခ်စ္ မိ သြား တယ္ 😊❣ အ ျပစ္ ဆို လည္း ခြင့္ လြတ္ ပါ ✌🙏” ဆိုတဲ့ စာသားေလးနဲ႕အတူ သူတို႕ႏွစ္ဦး ရိုက္ကူးထားတဲ့ ပံုအေဟာင္းေလးမ်ားကို အမွတ္တရအေနျဖင့္ သူ႕ရဲ႕ေဖ့စ္ဘြတ္မွာ မွ်ေ၀လိုက္တာ ျဖစ္ပါတယ္။

Image may contain: 2 people, people sitting and closeup

ေရႊထူးက သူတင္တဲ့ ပို႕စ္ေအာက္မွာပဲ “အျပစ္ဟုတ္ခ့ဲရင္ေတာင္ ဒါအခ်စ္ပဲေလ❤️🤷🏻‍♀️” လို႕ ထပ္မံၿပီး ေရးသားခဲ့တာေၾကာင့္ ပရိသတ္မ်ား ၀က္၀က္ကြဲ ပြဲက်သြားခဲ့ပါတယ္။

Image may contain: 2 people, people standing and shoes

ေ၀ဖန္မႈမ်ားၾကားထဲက ေရႊလက္တြဲရင္း ဘ၀ခရီးလမ္းကို အတူတကြ ေလွ်ာက္လွမ္းခဲ့ၾကတဲ့ ေရႊထူးနဲ႕ ေရႊမႈံရတီတို႕ ဇနီးေမာင္ႏွံႏွစ္ဦးဟာ အိမ္ေထာင္က်ခဲ့ၿပီးေနာက္ တစ္ဦးနဲ႕တစ္ဦး ဂရုစိုက္မႈေလးနဲ႕ အခ်စ္ေလးမ်ား ပိုတုိးလာခဲ့ပါတယ္။ ေရႊထူးက သူ႕ရဲ႕ခ်စ္ဇနီးေခ်ာေလး ေရႊမႈံက အေမနဲ႕တူတဲ့ ဇနီးေလးျဖစ္တယ္လို႕ မီဒီယာမ်ားရဲ႕အင္တာဗ်ဴးတြင္ ေျဖၾကားခဲ့ပါတယ္။

Image may contain: 2 people, people smiling, people standing, ocean, sky and outdoor

ဒါ့အျပင္ ေရႊမႈံဟာ ခင္ပြန္းျဖစ္သူ ေရႊထူးရဲ႕အႏုပညာလႈပ္ရွားမႈမ်ားနဲ႕ ပတ္သက္ၿပီး အၾကံေပးတာမ်ားလည္း ရွိသလို ပြဲတစ္ခုသြားၿပီဆုိရင္လည္း ၀တ္စားဆင္ယင္မႈေလးေတြကအစ ဂရုတစိုက္လုပ္ေပးတယ္လို႕ ေျပာျပခဲ့ပါတယ္။

Image may contain: 2 people, people smiling, sky, shoes, cloud and outdoor

အဆိုေတာ္ ေရႊထူးနဲ႕ သရုပ္ေဆာင္ ေရႊမႈံရတီတို႕ဇနီးေမာင္ႏွံႏွစ္ဦးဟာ အႏုပညာနယ္ပယ္မတူေပမယ့္လို႕ ႏွစ္ဦးစလံုး ေအာင္ျမင္မႈအသီးသီးရရွိထားတာတဲ့အျပင္ ပရိသတ္မ်ားစြာက အလြန္သေဘာက်အားက်ခဲ့ရတဲ့ စံုတြဲေလးပဲ ျဖစ္ပါတယ္။

 

Unicode Font

ရိုဆန်တဲ့ အချစ်စာသားလေးများနဲ့ နှစ်ကိုယ်တူ ပုံလေးများကို အမြဲတမ်းတွေ့ရတတ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးကို ပရိသတ်များက သဘောကျအားပေးခဲ့ပါတယ်။ အများအားဖြင့် ဇနီးသည် ရွှေမှုံက ပိုပြီးရိုဆန်တယ်လို့ ပရိသတ်များက ထင်ခဲ့ပေမယ့် ဒီတစ်ခါမှာတော့ ရွှေထူးက ရွှေမှုံ့ထက် သာသွားခဲ့ပါပြီ။

“ချစ် မိ သွား တယ် 😊❣ အ ပြစ် ဆို လည်း ခွင့် လွတ် ပါ ✌🙏” ဆိုတဲ့ စာသားလေးနဲ့အတူ သူတို့နှစ်ဦး ရိုက်ကူးထားတဲ့ ပုံအဟောင်းလေးများကို အမှတ်တရအနေဖြင့် သူ့ရဲ့ဖေ့စ်ဘွတ်မှာ မျှဝေလိုက်တာ ဖြစ်ပါတယ်။

ရွှေထူးက သူတင်တဲ့ ပို့စ်အောက်မှာပဲ “အပြစ်ဟုတ်ခဲ့ရင်တောင် ဒါအချစ်ပဲလေ❤️🤷🏻‍♀️” လို့ ထပ်မံပြီး ရေးသားခဲ့တာကြောင့် ပရိသတ်များ ဝက်ဝက်ကွဲ ပွဲကျသွားခဲ့ပါတယ်။

ဝေဖန်မှုများကြားထဲက ရွှေလက်တွဲရင်း ဘဝခရီးလမ်းကို အတူတကွ လျှောက်လှမ်းခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးဟာ အိမ်ထောင်ကျခဲ့ပြီးနောက် တစ်ဦးနဲ့တစ်ဦး ဂရုစိုက်မှုလေးနဲ့ အချစ်လေးများ ပိုတိုးလာခဲ့ပါတယ်။ ရွှေထူးက သူ့ရဲ့ချစ်ဇနီးချောလေး ရွှေမှုံက အမေနဲ့တူတဲ့ ဇနီးလေးဖြစ်တယ်လို့ မီဒီယာများရဲ့အင်တာဗျူးတွင် ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ရွှေမှုံဟာ ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့အနုပညာလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး အကြံပေးတာများလည်း ရှိသလို ပွဲတစ်ခုသွားပြီဆိုရင်လည်း ဝတ်စားဆင်ယင်မှုလေးတွေကအစ ဂရုတစိုက်လုပ်ပေးတယ်လို့ ပြောပြခဲ့ပါတယ်။

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ဦးဟာ အနုပညာနယ်ပယ်မတူပေမယ့်လို့ နှစ်ဦးစလုံး အောင်မြင်မှုအသီးသီးရရှိထားတာတဲ့အပြင် ပရိသတ်များစွာက အလွန်သဘောကျအားကျခဲ့ရတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။