Home » Knowledge » ေမေမ့ကို ခ်စ္သလို ေဖေဖ့ကိုလည္း ခ်စ္ေပးၾကပါ

ေမေမ့ကို ခ်စ္သလို ေဖေဖ့ကိုလည္း ခ်စ္ေပးၾကပါ

ေမေမ့ကို ခ်စ္သလို ေဖေဖ့ကိုလည္း ခ်စ္ေပးၾကပါ

Unicode Font

ေဖေဖ႕ကိုလည္း ခ်စ္ၾကပါ

Related image

Photo From Google

ဝမ္းနဲ႕မလြယ္ခဲ႕ရေပမယ့္ ဝမ္းေရးအတြက္ ေနပူက်ဲက်ဲမွာ ရုန္းကန္ခဲ႕ရသူပါ …

နို႕ခ်ိဳမတိုက္ခဲ႕ရေပမယ့္ ထမင္းေစ႕ေလးေတြ ဖန္တီးေပးခဲ႕သူပါ …

ေမေမ႕ပါးကို နမ္းတဲ႕အခ်ိန္ ေဖေဖ႕ပါးၾကမ္းၾကမ္းမွာ အနမ္းေဝးေနဆဲပါ …

ေမေမ႕လို ပံုျပင္မေျဟျပေပမယ့္ ဘဝပံုျပင္ေတြကို လက္ေတြ႕ခ်ျပသူပါ …

ေမေမ သီခ်င္းသံေတြၾကားမွာ ေဖေဖ႕အတြက္ သီခ်င္းတစ္ပုဒ္စပ္ေပးသူမရွိ …

ေရခ်ိဳးေပးတဲ႕ ေမေမ႕ကိုခ်စ္သလို ေရခပ္ေပးတဲ႕ ေဖေဖ႕ကိုမေမ႕ပါနဲ႕ …

ေမေမ႕ေမတၱာ ၾကီးမားသလို ေဖေဖ႕ေမတၱာလည္း နက္ရႈိင္းလွပါတယ္ …

ေမေမ႕ကို ခ်စ္သလိုမ်ိဳး ေဖေဖ႔ကိုလည္း ခ်စ္ေပးပါကြယ္ …

သားနဲ႕သမီးအတြက္ဆို ေမေမက မိုးေကာင္းကင္ၾကီးျဖစ္သလို …

ေဖေဖကလည္း သားနဲ႕သမီးရဲ႕ဘဝအတြက္ ကမာၻေျမၾကီးတစ္ခုပါကြယ္ …

ေမေမ႕နို႕ဖိုးဟာ ဆပ္မကုန္သလို ေဖေဖ႕ေခႊ်းဖိုးဟာလည္း ဆပ္မကုန္ပါဘူး

ေဖေဖ႕ကိုလည္း ခ်စ္ေပးၾကပါ … ေမတၱာျဖင့္ ေရးသားျခင္းျဖစ္သည္ ×××

Credit အေမွာင္ ထဲက လူသား

____________________________________________________

အေဖ ဆိုတာ

Related image

Photo From Google

မခ်စ္သလိုလိုနဲ႔ သားသမီးအိပ္ေနရင္ ေထြးေပြ႔ရင္း ႐ႈိက္နမ္းတတ္တာ ‘ အေဖ’

မၾကင္သလိုလိုနဲ႔ ေနမေကာင္းျဖစ္တဲ့အခါ၊ မိုးလင္းေပါက္ ျပဳ စုတတ္တာ’ အေဖ’

တြန္႔တိုတတ္သလိုနဲ႔ သားသမီးစားဖို႔ ေကာင္းႏိုးရာရာ ေကြၽးေမြးခဲ့တာ ‘ အေဖ ‘

မခင္တြယ္သလိုနဲ႔ သားသမီးခြဲထြက္သြားေတာ့ တမ္းတရင္း လြမ္းတတ္တာ ‘အေဖ’

ခံစားခ်က္မဲ့သလိုနဲ႔ သားသမီးဒုကၡျဖစ္ေတာ့ ခိုးခိုးၿပီး မ်က္ရည္က်တာ ‘အေဖ’ ….။

အေမအတြက္ အေမ့ႏို႔ဖိုး႐ွိသလို အေဖမွာလဲ အေဖ့ေခြၽးဖိုးဆိုတာ႐ွိတယ္။

ဦးေအာ္မီ

_______________________________________________

အေဖ့ေမတၲာ

Image result for father cartoon

Photo From Google

* အေဖကဆူ အေမကေခ်ာ႔
အဲဒီေတာ့ အေမကိုခ်စ္တာေပါ့…
( အေဖဆူတဲ့ေဒါသသံဟာ ငါ့သားေလးတစ္ေန႔ရင့္က်က္ဖို႔ပါ )
* အေဖကရုိက္ အေမကအလိုလိုက္
အဲဒီေတာ့ အေဖ့စရုိက္ကႀကမ္းတယ္ေပါ့…
( အေဖရုိက္တဲ႔လက္ဖဝါးေတြမွာ နာက်င္ေစမႈေတြမပါဘူး)
( ေမတၱာေတြ ဂရုဏာေတြပါသား႐ယ္ )
* အေဖမေပးနိုင္တဲ႔ ေမတၱာ
အေဖမေပးနိုင္တဲ႔ ေႏြးေထြးမႈ
အေဖမေပးနိုင္တဲ႔ ျဖည့္ဆည္းမႈေတြ
`အေမ´ေပးတယ္ေလ။
( အဲဒီမွာတင္ အေဖ့ေမတၱာကရႈံးေနပါျပီ )
( ျပဳံးေနတဲ႔သားမ်က္ႏွာကို အေဖတဝႀကီးခိုိးႀကည့္ဖူးတယ္ )
( ဒါကို သားေလးမသိလိုက္ဘူး )
* သားစီးေနတဲ႔ ကား ဆိုင္ကယ္
သားဝတ္ေနတဲ႔ အဝတ္အထည္
သားေရးေနတဲ႔ ေဘာပင္ထဲက မွင္ရည္ေတြဟာ
အေဖ့ေခြ်းစက္ေတြဆိုတာ သားျမင္တတဲ႔တစ္ေန႔
တကယ္လို႔မ်ား သားရဲ႕ေရွ႕မွာအေဖမရွိေတာ့ရင္ေတာင္…
( ခြင့္လႊတ္ပါ အေဖ လို႔မေတာင္းပန္နဲ႕ငါ့သား )
( အေဖဆိုတဲ႔နာမည္ရခဲ႔တဲ႔ေန႔ကေန ဒီေန႔ထိခြင့္လႊတ္ျပီးသား )
( အဲဒါ အေဖတိုင္းရဲ႕ ခ်စ္ျခင္းေမတၱာတရားပဲ )
( သားမျမင္ခဲ႔တဲ႔ အေဖ့ေမတၱာတရားေပါ့ )

{{{{ ကဗ်ာမက် ကာရံမလွေပမယ့္ အေဖ့ေမတၱာဘြဲ႔ေလးရင္ထဲကသီကုံးဖြဲ႕ျခင္းပါ}}}
ဖတ္ေပးတဲ႔ fri အားလုံးကိုေက်းဇူးတင္လ်ွက္…

====================================

❆ အေဖဆိုတာ❆
==========

– အေဖဆိုတာ ႏုတ္က ခပ္ၾကမ္းၾကမ္း ေျပာခ်င္ ေျပာလိမ့္မယ္
ဒါေပမယ့္ ရင္ထဲက သားသမီး အေပၚ ခ်စ္တဲ့စိတ္က
ႏူးညံ့ သိမ္ေမြ႔လွပါတယ္။

– အေဖဆိုတာ ေငြေၾကး အမ်ားၾကီး ရွာနိုင္ခ်င္မွ ရွာနိုင္လိမ့္မယ္
ဒါေပမယ့္ သူရွာေၾကြးတဲ့ ေငြေၾကးနဲ႔ မိသားစု ကို
ထမင္း နပ္မွန္ေအာင္ ေကၽြးမယ့္လူမ်ိဳးပါ။

– အေဖဆိုတာ ပညာတတ္ခ်င္မွ တတ္လိမ့္မယ္
ဒါေပမယ့္ ေမြးလာတဲ့ သားသမီးေတြကိုေတာ့
ပညာတတ္ၾကီး ျဖစ္ေစခ်င္တယ္။

– အေဖဆိုတာ အေသာက္အစား ရိွခ်င္ ရိွလိမ့္မယ္
ဒါေပမယ့္ သားသမီးေတြကိုေတာ့ လိမၼာေစခ်င္တယ္။

အေဖေတြဟာ တစ္ခါတစ္ရံမွာ ရင္ထဲမွာ
ရိွတာေတြကို ထုတ္ျပီး ဟန္လုပ္ကာ မေျပာတတ္ဘူး။
နာက်င္စရာ ရိွရင္လည္း မ်ိဳသိပ္ျပီးေတာ့ နာက်င္လိုက္တယ္၊
ေပ်ာ္စရာရိွရင္ ရင္ထဲကပဲ ေပ်ာ္ေနလိုက္တယ္။
သားသမီးေတြကို အျမဲတမ္း ဝမ္းမနည္းေစခ်င္ဘူး မပူေဆြးေစခ်င္ဘူး။
အစစ အရာရာ အေဖတို႔ အနစ္နာ ခံခဲ့ပါတယ္။

ေမတၱာ မ်ားစြာျဖင့္ … Zillion

 

Unicode Font

ဖေဖေ့ကိုလည်း ချစ်ကြပါ

 

ဝမ်းနဲ့မလွယ်ခဲ့ရပေမယ့် ဝမ်းရေးအတွက် နေပူကျဲကျဲမှာ ရုန်းကန်ခဲ့ရသူပါ …

နို့ချိုမတိုက်ခဲ့ရပေမယ့် ထမင်းစေ့လေးတွေ ဖန်တီးပေးခဲ့သူပါ …

မေမေ့ပါးကို နမ်းတဲ့အချိန် ဖေဖေ့ပါးကြမ်းကြမ်းမှာ အနမ်းဝေးနေဆဲပါ …

မေမေ့လို ပုံပြင်မဟြေပြပေမယ့် ဘဝပုံပြင်တွေကို လက်တွေ့ချပြသူပါ …

မေမေ သီချင်းသံတွေကြားမှာ ဖေဖေ့အတွက် သီချင်းတစ်ပုဒ်စပ်ပေးသူမရှိ …

ရေချိုးပေးတဲ့ မေမေ့ကိုချစ်သလို ရေခပ်ပေးတဲ့ ဖေဖေ့ကိုမမေ့ပါနဲ့ …

မေမေ့မေတ္တာ ကြီးမားသလို ဖေဖေ့မေတ္တာလည်း နက်ရှိုင်းလှပါတယ် …

မေမေ့ကို ချစ်သလိုမျိုး ဖေဖေ့ကိုလည်း ချစ်ပေးပါကွယ် …

သားနဲ့သမီးအတွက်ဆို မေမေက မိုးကောင်းကင်ကြီးဖြစ်သလို …

ဖေဖေကလည်း သားနဲ့သမီးရဲ့ဘဝအတွက် ကမ္ဘာမြေကြီးတစ်ခုပါကွယ် …

မေမေ့နို့ဖိုးဟာ ဆပ်မကုန်သလို ဖေဖေ့ချွှေးဖိုးဟာလည်း ဆပ်မကုန်ပါဘူး

ဖေဖေ့ကိုလည်း ချစ်ပေးကြပါ … မေတ္တာဖြင့် ရေးသားခြင်းဖြစ်သည် ×××

Credit အမှောင် ထဲက လူသား

____________________________________________________

အဖေ ဆိုတာ

 

မချစ်သလိုလိုနဲ့ သားသမီးအိပ်နေရင် ထွေးပွေ့ရင်း ရှိုက်နမ်းတတ်တာ ‘ အဖေ’

မကြင်သလိုလိုနဲ့ နေမကောင်းဖြစ်တဲ့အခါ၊ မိုးလင်းပေါက် ပြု စုတတ်တာ’ အဖေ’

တွန့်တိုတတ်သလိုနဲ့ သားသမီးစားဖို့ ကောင်းနိုးရာရာ ကျွေးမွေးခဲ့တာ ‘ အဖေ ‘

မခင်တွယ်သလိုနဲ့ သားသမီးခွဲထွက်သွားတော့ တမ်းတရင်း လွမ်းတတ်တာ ‘အဖေ’

ခံစားချက်မဲ့သလိုနဲ့ သားသမီးဒုက္ခဖြစ်တော့ ခိုးခိုးပြီး မျက်ရည်ကျတာ ‘အဖေ’ ….။

အမေအတွက် အမေ့နို့ဖိုးရှိသလို အဖေမှာလဲ အဖေ့ချွေးဖိုးဆိုတာရှိတယ်။

ဦးအော်မီ

_______________________________________________

အဖေ့မေတ္တာ

 

* အဖေကဆူ အမေကချော့
အဲဒီတော့ အမေကိုချစ်တာပေါ့…
( အဖေဆူတဲ့ဒေါသသံဟာ ငါ့သားလေးတစ်နေ့ရင့်ကျက်ဖို့ပါ )
* အဖေကရိုက် အမေကအလိုလိုက်
အဲဒီတော့ အဖေ့စရိုက်ကကြမ်းတယ်ပေါ့…
( အဖေရိုက်တဲ့လက်ဖဝါးတွေမှာ နာကျင်စေမှုတွေမပါဘူး)
( မေတ္တာတွေ ဂရုဏာတွေပါသားရယ် )
* အဖေမပေးနိုင်တဲ့ မေတ္တာ
အဖေမပေးနိုင်တဲ့ နွေးထွေးမှု
အဖေမပေးနိုင်တဲ့ ဖြည့်ဆည်းမှုတွေ
`အမေ´ပေးတယ်လေ။
( အဲဒီမှာတင် အဖေ့မေတ္တာကရှုံးနေပါပြီ )
( ပြုံးနေတဲ့သားမျက်နှာကို အဖေတဝကြီးခိိုးကြည့်ဖူးတယ် )
( ဒါကို သားလေးမသိလိုက်ဘူး )
* သားစီးနေတဲ့ ကား ဆိုင်ကယ်
သားဝတ်နေတဲ့ အဝတ်အထည်
သားရေးနေတဲ့ ဘောပင်ထဲက မှင်ရည်တွေဟာ
အဖေ့ချွေးစက်တွေဆိုတာ သားမြင်တတဲ့တစ်နေ့
တကယ်လို့များ သားရဲ့ရှေ့မှာအဖေမရှိတော့ရင်တောင်…
( ခွင့်လွှတ်ပါ အဖေ လို့မတောင်းပန်နဲ့ငါ့သား )
( အဖေဆိုတဲ့နာမည်ရခဲ့တဲ့နေ့ကနေ ဒီနေ့ထိခွင့်လွှတ်ပြီးသား )
( အဲဒါ အဖေတိုင်းရဲ့ ချစ်ခြင်းမေတ္တာတရားပဲ )
( သားမမြင်ခဲ့တဲ့ အဖေ့မေတ္တာတရားပေါ့ )

{{{{ ကဗျာမကျ ကာရံမလှပေမယ့် အဖေ့မေတ္တာဘွဲ့လေးရင်ထဲကသီကုံးဖွဲ့ခြင်းပါ}}}
ဖတ်ပေးတဲ့ fri အားလုံးကိုကျေးဇူးတင်လျှက်…

====================================

❆ အဖေဆိုတာ❆
==========

– အဖေဆိုတာ နုတ်က ခပ်ကြမ်းကြမ်း ပြောချင် ပြောလိမ့်မယ်
ဒါပေမယ့် ရင်ထဲက သားသမီး အပေါ် ချစ်တဲ့စိတ်က
နူးညံ့ သိမ်မွေ့လှပါတယ်။

– အဖေဆိုတာ ငွေကြေး အများကြီး ရှာနိုင်ချင်မှ ရှာနိုင်လိမ့်မယ်
ဒါပေမယ့် သူရှာကြွေးတဲ့ ငွေကြေးနဲ့ မိသားစု ကို
ထမင်း နပ်မှန်အောင် ကျွေးမယ့်လူမျိုးပါ။

– အဖေဆိုတာ ပညာတတ်ချင်မှ တတ်လိမ့်မယ်
ဒါပေမယ့် မွေးလာတဲ့ သားသမီးတွေကိုတော့
ပညာတတ်ကြီး ဖြစ်စေချင်တယ်။

– အဖေဆိုတာ အသောက်အစား ရှိချင် ရှိလိမ့်မယ်
ဒါပေမယ့် သားသမီးတွေကိုတော့ လိမ္မာစေချင်တယ်။

အဖေတွေဟာ တစ်ခါတစ်ရံမှာ ရင်ထဲမှာ
ရှိတာတွေကို ထုတ်ပြီး ဟန်လုပ်ကာ မပြောတတ်ဘူး။
နာကျင်စရာ ရှိရင်လည်း မျိုသိပ်ပြီးတော့ နာကျင်လိုက်တယ်၊
ပျော်စရာရှိရင် ရင်ထဲကပဲ ပျော်နေလိုက်တယ်။
သားသမီးတွေကို အမြဲတမ်း ဝမ်းမနည်းစေချင်ဘူး မပူဆွေးစေချင်ဘူး။
အစစ အရာရာ အဖေတို့ အနစ်နာ ခံခဲ့ပါတယ်။

မေတ္တာ များစွာဖြင့် … Zillion