Home » Gallery » Health » တင်ကားစေဖို့  အလွယ်ကူဆုံးလေ့ကျင့်ခန်း (၄)ခုကို ဖော်ပြလိုက်ပါတယ်…

တင်ကားစေဖို့  အလွယ်ကူဆုံးလေ့ကျင့်ခန်း (၄)ခုကို ဖော်ပြလိုက်ပါတယ်…

တင်ကားစေဖို့  အလွယ်ကူဆုံးလေ့ကျင့်ခန်း (၄)ခုကို ဖော်ပြလိုက်ပါတယ်…

<<< Zawgyi ဖြင့်ဖတ်ရန် >>>

ဒီတစ်ခေါက် တင်ကားစေဖို့ နည်းလမ်းလေး ရှာဖွေပေးလိုက်ပါတယ်။အကိတ်ဘဝကို လှောက်လှမ်းဖို့ တင်နောက်ပိုင်းပဲကွက်ကြီးပြီး ဘေးဘက်ကမကားရင် ပြီးပြည့်စုံတဲ့အကိတ်လို့ ဆိုလို့မရပါဘူး။ဒီတော့ အဲဒီလိုအပ်ချက်ကို ဖြေရှင်းဖို့ ဒီလေ့ကျင့်ခန်းလေးတွေ လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။

(၁)ကတ်ကြေးလေ့ကျင့်ခန်း

ကတ်ကြေးဆိုလို့ ကတ်ကြေးညှပ်ရတာ မဟုတ်ပါဘူး။ လက်နဲ့ခြေကို ကတ်ကြေးညှပ်သလိုပုံစံမျိုးလုပ်ပေးရမှာပါ။စိတ်မပူပါနဲ့။ ဘယ်လိုပုံစံဆိုတာ ဗီဒီယိုထဲမှာပါပါတယ်။ ကြညကြည့်ပါ။ ဒီလေ့ကျင့်ခန်းက (၁)နေ့ (၃)ခါ ၊(၁)ခါကို (၂၅)ကြိမ်လုပ်ပေးပါ။

(၂)တင်ပင့်လေ့ကျင့်ခန်း

ခြေ ဘယ်(သို့)ညာကို တင်အနောက်ဘက်ကိုလွှဲပြီး ပင့်တင်ပြီး ပြန်ချပါ။ တစ်နေ့ကို (၃)ခါ၊(၁)ခါကို (၂၅)ကြိမ်ခန့်လုပ်ပေးပါ။

(၃)ဘေးကန်လေ့ကျင့်ခန်း

ခြေ ဘယ်(သို့) ညာကို ဘေးဘက်ကို ဆန့်ထုတ်ပြီး အပေါ်ကိုပင့်တင် ပြန်ချပါ။ တစ်နေ့ (၃)ခါ၊ (၁)ခါကို အကြိမ်(၂၀)ခန့် ပြုလုပ်ပေးပါ။

(၄)ခြေနောက်ကန်လေ့ကျင့်ခန်း

ခြေနောက်ဆိုလို့ အနောက်တော့ အရမ်းမရောက်ပါ။ ဘေးနဲ့အနောက်ကြားပါ။ သေချာအောင် ဗီဒီယိုထဲမှာကြည့်ကြည့်ပါ။ တစ်နေ့ကို (၃)ခါ၊ (၁)ခါကို အကြိမ်(၂)ခန့် ပြုလုပ်ပါ။

ဒီလေ့ကျင့်ခန်းလေးတွေက လွယ်ကူတယ်ဆိုပြီး အထင်တော့မသေးလိုက်နော်။ လုပ်ကြည့်ပါ။ ထူးခြားပါလိမ့်မယ်။ ဒီဆောင်းပါးက တကယ်တော့ ပရိတ်သတ်တွေ တောင်းဆိုထားတာပါ။တောင်းဆိုပေးတဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။နောက်လည်း ပရိတ်သတ်တွေ တောင်းဆိုသမျှ အတတ်နိုင်ဆုံး တင်ဆက်ပေးသွားပါမယ်။ရှေ့လျှောက် ဆက်အားပေးကြပါ။












Ref : Beautytips