Home » Gallery » Health » ဆံပင်ကျွတ်တာရပ်တန့်စေပြီး ဆံနွယ်တွေကို နက်မှောင်သန်စွမ်းစေမဲ့ ပျဉ်းတော်သိမ်ရွက်အကြောင်းကို ဖော်ပြလိုက်ပါတယ်…

ဆံပင်ကျွတ်တာရပ်တန့်စေပြီး ဆံနွယ်တွေကို နက်မှောင်သန်စွမ်းစေမဲ့ ပျဉ်းတော်သိမ်ရွက်အကြောင်းကို ဖော်ပြလိုက်ပါတယ်…

ဆံပင်ကျွတ်တာရပ်တန့်စေပြီး ဆံနွယ်တွေကို နက်မှောင်သန်စွမ်းစေမဲ့ ပျဉ်းတော်သိမ်ရွက်အကြောင်းကို ဖော်ပြလိုက်ပါတယ်…

<<< Zawgyi ဖြင့်ဖတ်ရန် >>>

ဆံနွယ်တွေရဲ့ အလှဟာ အမျိုးသမီးတွေ တန်ဖိုးထားမြတ်နိုးရတဲ့ အလှအပတစ်ခုဖြစ်ပါတယ်။ ဆံပင်ပါးတာ၊ ဆံပင်ဖြူတာ၊ ဆံသားပျက်ဆီးတာတွေဟာ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ဒီတော့ ဆံနွယ်တွေကို နက်မှောင်သန်စွမ်းစေမဲ့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

ဟင်းတွေချက်ရာမှာ အညှီနှံ့မရအောင်ရယ် အနံ့မွှေးအောင်ရယ် ထည့်ချက်လေ့ရှိတဲ့ ပျဉ်းတော်သိမ်ရွက်ဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးကျေးဇူးတွေ အများအပြားရှိပါတယ်။

ပျဉ်းတော်သိမ်ရွက်ကိုဘယ်လိုသုံးမလဲ

ပျဉ်းတော်သိမ်ရွက် လက်တစ်ဆုပ်စာ၊ အုန်းဆီ တစ်ခွက်။

ပြုလုပ်နည်း

အုန်းဆီကိုအပူပေးပြီး ပျဉ်းတော်သိမ်ရွက်ကို ထည့်ကာ ပွက်ပွက်ဆူအောင်သည်ပါ။ ပြီးရင် ဆီကိုရေဆစ်လိုက်ပြီး ဖန်ပုလင်းထဲထည့်ပါ။ ပြီးရင် နွေးနွေးလေးဖြစ်နေချိန်မှာ လက်ဖ၀ါးပေါ်မှာတင်ပြီး ဦးရေပြားပေါ် လိမ်းပေးပါ။ ငြင်သာစွာ နှိပ်နယ်ပေးပါ။ အဲဒီနောက် ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ချပါ။

တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်ထိပြုလုပ်နိုင်ပါတယ်။ ဒါဆို ဆံနွယ်တွေ တောက်ပြောင်သန်စွမ်း လာမှာပေါ့ရှင့်။









Ref : Mystyle

ဆံပင်ကျွတ်တာရပ်တန့်စေပြီး ဆံနွယ်တွေကို နက်မှောင်သန်စွမ်းစေမဲ့ ပျဉ်းတော်သိမ်ရွက်အကြောင်းကို ဖော်ပြလိုက်ပါတယ်…