Home » Knowledge » ”ေက်းဇူးတရားအေလးထားျခင္း ”

”ေက်းဇူးတရားအေလးထားျခင္း ”

”ေက်းဇူးတရားအေလးထားျခင္း ”

Zawgyi Font

Image may contain: 1 person, sitting and indoor

ေက်းဇူးဆုိတဲ့ ျမန္မာစကားဟာ

တစ္ဖက္သားက ကိုယ့္အေပၚ မွာ

တစ္စံုတစ္ခု လုပ္ခဲ့တဲ့ ကူညီခဲ့တဲ့ ေစာင့္ေရွာက္ခဲ့တဲ့

ေဖးမခဲ့တဲ့ အရာတစ္ခုကို အသိအမွတ္ျပဳျခင္းပဲလို ့ဒီလိုေျပာတာ။

 

အသိအမွတ္ျပဳဖုိ ့လိုတယ္။

အသိအမွတ္ျပဳရင္ လူေတာ္လူေကာင္း

သူေတာ္ေကာင္းေတြရဲ့ စိတ္ေနသေဘာထား။

 

အသိအမွတ္မျပဳဖူးဆုိလို ့ရွိရင္

လူယုတ္မာတို ့ရဲ့စိတ္ေနသေဘာထားလို ့ ဒီလိုခြဲျခားမွတ္သားရတယ္ေပါ့။

အဲ့ေတာ့ ေက်းဇူးသိသူကို ကတင္ညဴလုိ ့ေခၚတယ္.

ေက်းဇူးမသိသူကိုက်ေတာ့ အကတင္ညဴ လို ့ေခၚတယ္။

 

ေက်းဇူးသိသူနဲ ့ ေက်းဇူးမသိသူဟာ အင္မတန္မွ ကြဲျပားျခားနားတယ္။

ေလာကမွာ ေက်းဇူးသိသူေတြဟာ လူေတာ္ လူေကာင္းလို ့သတ္မွတ္ခံရၿပီးေတာ့

ေက်းဇူးမသိသူေတြဟာ သူယုတ္မာလို ့ ေအာက္တန္းက်တဲ ့ ပုဂၢိဳလ္တစ္ဦးအေနနဲ ့

ပညာရွိမ်ားက ရႈံ ့ခ်ၾကတယ္။

 

အဲ့ဒီထဲမွာ ေက်းဇူးမသိယံုမွ် မက

ေက်းဇူးတရားကို ေခ်ဖ်က္တယ္ဆုိတဲ့စကားက်ေတာ့ မကၡလို ့ေခၚတယ္။

မကၡဆုိတဲ့ စကားလံုးက ေခ်ဖ်က္ပစ္တာ။

ရွိတဲ့အရာတစ္ခုကုိ ေခ်ဖ်က္ျပစ္တာ။

 

ေဘာေပၚမွာ ေရးခဲ့တဲ့ အရာတစ္ခုကို ဖ်က္ပစ္လုိက္တာ။

တကယ္ေရးခဲ့တာကို အသိမွတ္ျပဳယံုမ်ွ မက ဖ်က္စီးျပစ္လိုက္တာ။

 

အမ်ားအေပၚမွာျဖစ္ေစ သတၱ၀ါ သက္ရွိအေပၚမွာပဲျဖစ္ေစ

အက်ဳိးလိုလားတဲ့ သေဘာတရားကို ေမတၱာလို ့ေခၚတာ။

ေမတၱာဆိုတာ ဘယ္သူ ့အေပၚပဲျဖစ္ျဖစ္

ဆူၾကံဳနိမ့္ျမင့္မေရြး

ပုဂၢိဳလ္အားလံုးရဲ့ အက်ဳိးစီးပြားကို လိုလားတယ္ဆုိတဲ့စိတ္ဓာတ္ဟာ

အလြန္မြန္ျမတ္တဲ့ စိတ္ဓာတ္ပဲ။

ကိုယ္ေဆာင္ရြက္ႏုိင္တာ မေဆာင္ရြက္ႏုိင္တာ အဓိက မဟုတ္ဘူး။

စိတ္ထားျဖဴစင္မႈဆုိတာ မုန္းတီးမႈရဲ့ ဆန္ ့က်င္ဘက္။

အလကားေနရင္ လူေတြဆုိတာ မုန္းတီးမႈေတြဆုိတာ ရွိတက္တယ္။

အဲ့ဒီမုန္းတီးမႈရဲ့ ဆန္ ့ က်င္ဘက္ဆုိတာ

အက်ဳိးစီးပြားကို လုိလားတဲ့

ေမတၱာတရားဆုိတာပဲျဖစ္တယ္။

 

ဒ့ါေၾကာင့္္မို ့အားလံုးသတၱ၀ါေတြရဲ့ အက်ဳိးစီးပြား

ဟိတ- ဆုိတာ အေျခေကာင္း အေန ေကာင္းေတြျဖစ္ပါေစ။

လူတိုင္း အဆင္ေျပၾကပါေစဆုိတဲ့ စိတ္ေနသေဘာထားေတြပဲ။

 

ေအး ..ေလာက လူသားေတြက

ကိုယ္လုိရင္ တစ္မ်ဳိး..မလိုရင္ တမ်ဳိးဆုိတဲ့ စိတ္ေနသေဘာထားေတြရွိမယ္။

လူေတြက စိတ္မမွန္ဘူးဆိုတာ အရူးသာေျပာေနၾကတာ

ကိုယ့္ကိုကိုယ္ျပန္ဆန္းစစ္ၾကည့္မယ္ဆုိရင္ေရာ

ငါေရာ စိတ္မွန္ရဲ့လားလို ့။

မမွန္ကန္တဲ့စိတ္ေတြထားတဲ့ ပုဂၢိဳလ္ဟာ

“ပုထုဇေနာ ဥမၼာတေကာ” ဆုိသလိုပဲ အရူးပဲဲဲ။

လိုရင္တမ်ဳိး မလုိရင္ တမ်ဳိးဆုိတာ မမွန္ကန္တဲ့စိတ္ပါပဲ။

ဒါေၾကာင့္စိတ္ဟာ အင္မတန္မွ အေရးႀကီးတယ္။

စိတ္ျဖဴစင္မႈဟာ အင္မတန္မွ အေရးႀကီးတယ္။

 

အဲ့တာေၾကာင့္မို ့လိုတမ်ဳိး မလိုတမ်ဳိးဆုိတဲ့စိတ္ဓာတ္မ်ဳိးမထားဘူး။

အားလံုးအေပၚမွာတစ္ညီတည္း

ကိုယ့္မိတ္ေဆြပဲျဖစ္ေစ၊ ကိုယ့္ရန္သူပဲျဖစ္ေစ၊ကိုယ္နဲ ့မသိသူပဲျဖစ္ေစ

အဲ့ဒီပုဂၢိဳလ္ေတြ အားလံုးအေပၚမွာ အက်ဳိးစီးပြားကိုလိုလားတယ္။

အားလံုးအဆင္ေျပၾကပါေစ၊သူ ့ဘ၀မွာေပ်ာ္ရႊင္ၾကပါေစ၊

ဘ၀မွာ အဆင္တေျပ ရွိၾကပါေစဆိုတ့ဲ စိတ္ထဲမွာထားႏုိင္ၿပီဆုိရင္

ကိုယ့္ရင္ထဲ ႏွလံုးထဲမွာ ေအးခ်မ္းလာတယ္။

 

ေမတၱာဆုိတဲ့ ေအးခ်မ္းတဲ့ႏွလံုးသား

ေလာက လူသားေတြက ေမတၱာပို ့ေလးသာ နားေထာင္ေကာင္းေအာင္ ရြတ္ေနတာ။

တကယ္စိတ္ထဲ ႏွလံုးထဲမွာ ေအးခ်မ္းေအာင္ မထားတက္ဘူး။

ကိုယ့္ေမတၱာစြမ္းဆုိၿပီးေတာ့ ခုန ေမတၱာပို ့ေတြရြတ္ၾကတယ္။

ဆုိေကာင္းလို ့ဆုိေနတာမ်ဳိး မျဖစ္ေစရဘူး။

 

အားလံုးေမတၱာဆုိသည္မွာ

တကယ့္စိတ္ထဲမွာ ရွိေနဖုိ ့လိုအပ္တယ္။

စိတ္ထဲကိုက ဘယ္သူ ့အေပၚမွာ

အမုန္းတရား ကိုယ့္မွာ မရွိသင့္ဘူး။

အဲ့သလို ျမင့္ျမတ္တဲ့ စိတ္ေနသေဘာထားေတြရွိေနဖို ့ ျမတ္စြာဘုရားက ေဟာတာျဖစ္တယ္။

ေမတၱာဆုိတဲ့ စကားလံုးေလးဟာ အင္မတန္ သန္ ့စင္တဲ့ စကားလံုးျဖစ္လင့္ကစား

ေလာက လူသားေတြက မဟုတ္တဲ့ဘက္မွာ အသံုးျပဳၿပီးေတာ့

သူ ့ေမတၱာရွိရင္ ငါ့ေမတၱာရွိတယ္နဲ ့

တဏွာ ရာဂ အေတြးေတြကိုလည္း

ေမတၱာလုိ ့သံုးေနၾကတယ္။

တကယ္ကေတာ့ ေမတၱာဆုိတာ အလြန္ သန္ ့စင္တယ္ေပါ့။

ကိုယ့္အတြက္ စဥ္းစားတာမဟုတ္ဘူး။သူ ့အတြက္ စဥ္းစားတာ။

တဏွာဆုိတာ ကိုယ့္အတြက္ စဥ္းစားတာ။

ေမတၱာရဲ့ေနာက္မွာ ေအးခ်မ္းမႈေတြရွိတယ္။

တဏွာရဲ့ေနာက္မွာ ပူေလာင္မႈေတြရွိတယ္။

 

ေလာဘ မျပည့္လုိ ့ရွိရင္

တဏွာဟာ မုန္းတီးမႈ ့ဘက္ သယ္ေဆာင္သြားတယ္။

ေမတၱာဟာ ကိုယ့္ေလာဘ နဂိုတကည္းက ထားတာမဟုတ္ဘူး။

တဖက္သားရဲ့ အက်ဳိးကုိ ေမွ်ာ္ကိုးတာျဖစ္ေသာေၾကာင့္

ကိုယ့္ေလာဘ ျပည့္သည္ျဖစ္ေစ…မျပည့္သည္ျဖစ္ေစ

ေမတၱာဟာ အေျပာင္းအလဲ မရွိဘူး။

ဒီလိုဆုိတာေနာ္။

 

ေအး ..ဒါေၾကာင့္မို ့လို အက်ဳိးစီးပြားကို လုိလားတာဟာ

ျမင့္ျမတ္တဲ့ စိတ္ေနသေဘာထားသာျဖစ္တယ္။

ဒါက အားလံုးကို ခ်ဳ ံငံုၿပီးေတာ့ ေျပာလို ့ရွိရင္ ေမတၱာဟာ

အေရးႀကီးဆံုးပဲလို ့။

 

ေမတၱာပ်က္တဲ့ ပုဂၢိဳလ္တစ္ေယာက္ဟာ

ကရုဏာလည္း မထားႏိုင္ဘူး။ မုဒိတာလည္းမထားႏိုင္ဘူးတဲ့။

ဒါေၾကာင့္မို ့ေမတၱာဟာ အေရးႀကီးတယ္လို ့ဒီလိုေျပာတာ။

 

ဒီေမတၱာတ၇ား ၾကာရွည္စြာခံဖို ့အတြက္ ေနာက္က ဘာလုိက္ရသလဲဆုိေတာ့

ဥေပကၡာလိုက္ရတယ္။ ဥေပကၡာဆုိတာ ကိုယ့္စိတ္ကို

ကိုယ္က အက်ဳိးစီးပြားလိုလားတဲ့ ပုဂၢိဳလ္တစ္ေယာက္က

ကိုယ့္က အက်ဳိးစီးပြားကို လိုလားလို ့ေဆာင္ရြက္ေပးတယ္။

ေဆာင္ရြက္ေပးတ့ဲ အခါမွာ ဥေပကၡာ မထားနိုင္ရင္ ဘာျဖစ္လဲဆိုေတာ့

သူ ့ဆီက ေက်းဇူးတင္ပါတယ္ဆုိတာေလးက အစ ေမွ်ာ္လင့္လာတယ္။

 

ကိုယ့္က ဘယ္လိုလုပ္ေပးထားတဲ့ အေပၚမွာ

သူ ့ဆီက တုန္ ့ျပန္မႈမလာဘူး ..ေက်းဇူးတင္တဲ့သေဘာေတြမလာဘူး

ကိုယ့္အေပၚ ေက်းဇူးကန္းတယ္ဆုိရင္ မခံမရပ္ေတြျဖစ္လာတယ္။

ဒါဘာျဖစ္လဲဆုိေတာ့ ကိုယ္ကိုယ္တုိင္က ဥေပကၡာမထားႏိုင္လို ့ျဖစ္တာ။

 

ေမွ်ာ္လင့္ခ်က္နဲ ့လုပ္တဲ့ ပုဂၢိဳလ္ေတြဟာ

ဥေပကၡာမထားနိုင္ဘူးျဖစ္တယ္။

 

ငါ ငယ္ငယ္တုန္းကေတာ့ သူ ့ကိုေစာင့္ေရွာက္ထားလိုက္ရတာ။

ငါ့ အေပၚမွာ ေက်းဇူးမတင္ဘူးလို ့ ဒီလုိျဖစ္လာ အျပစ္တင္လာတက္လုိ ့ရွိရင္

ဘာေၾကာင့္လဲဆုိရင္ ဥေပကၡာ မရွိလုိ ့တဲ့ ဒီလိုေျပာတာ။

 

ကိုယ္လုပ္တာ ကိုယ့္အတြက္ပဲေလ။

ကိုယ္လုပ္တာကိုယ္ပဲ။

သူမလုပ္တာ ကိုယ္နဲ ့မဆုိင္ဘူး..သူနဲ ့ဆုိင္တယ္။

ဒီလုိထားႏုိင္ရမယ္။

 

ေလာကလူေတြသားေတြဟာ လုပ္ေတာ့ေပးတယ္။

သို ့ေသာ္ ေမွ်ာ္လင့္တယ္။

ေမွ်ာ္လင့္ခ်က္ႀကီးနဲ ့လုပ္ေပးတယ္။

အဲ့တာပါလုိ ့လဲဆုိရင္ ဥေပကၡာပါရမီ အားနည္းေနတယ္ေပါ့။

 

(ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာ နႏၵမာလာဘိ၀ံသ)

 

ေမတၱာျဖင့္…

 

Unicode Font

ကျေးဇူးဆိုတဲ့ မြန်မာစကားဟာ

တစ်ဖက်သားက ကိုယ့်အပေါ် မှာ

တစ်စုံတစ်ခု လုပ်ခဲ့တဲ့ ကူညီခဲ့တဲ့ စောင့်ရှောက်ခဲ့တဲ့

ဖေးမခဲ့တဲ့ အရာတစ်ခုကို အသိအမှတ်ပြုခြင်းပဲလို ့ဒီလိုပြောတာ။

 

အသိအမှတ်ပြုဖို ့လိုတယ်။

အသိအမှတ်ပြုရင် လူတော်လူကောင်း

သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထား။

 

အသိအမှတ်မပြုဖူးဆိုလို ့ရှိရင်

လူယုတ်မာတို ့ရဲ့စိတ်နေသဘောထားလို ့ ဒီလိုခွဲခြားမှတ်သားရတယ်ပေါ့။

အဲ့တော့ ကျေးဇူးသိသူကို ကတင်ညူလို ့ခေါ်တယ်.

ကျေးဇူးမသိသူကိုကျတော့ အကတင်ညူ လို ့ခေါ်တယ်။

 

ကျေးဇူးသိသူနဲ ့ ကျေးဇူးမသိသူဟာ အင်မတန်မှ ကွဲပြားခြားနားတယ်။

လောကမှာ ကျေးဇူးသိသူတွေဟာ လူတော် လူကောင်းလို ့သတ်မှတ်ခံရပြီးတော့

ကျေးဇူးမသိသူတွေဟာ သူယုတ်မာလို ့ အောက်တန်းကျတဲ ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ ့

ပညာရှိများက ရှုံ ့ချကြတယ်။

 

အဲ့ဒီထဲမှာ ကျေးဇူးမသိယုံမျှ မက

ကျေးဇူးတရားကို ချေဖျက်တယ်ဆိုတဲ့စကားကျတော့ မက္ခလို ့ခေါ်တယ်။

မက္ခဆိုတဲ့ စကားလုံးက ချေဖျက်ပစ်တာ။

ရှိတဲ့အရာတစ်ခုကို ချေဖျက်ပြစ်တာ။

 

ဘောပေါ်မှာ ရေးခဲ့တဲ့ အရာတစ်ခုကို ဖျက်ပစ်လိုက်တာ။

တကယ်ရေးခဲ့တာကို အသိမှတ်ပြုယုံမျှ မက ဖျက်စီးပြစ်လိုက်တာ။

 

အများအပေါ်မှာဖြစ်စေ သတ္တဝါ သက်ရှိအပေါ်မှာပဲဖြစ်စေ

အကျိုးလိုလားတဲ့ သဘောတရားကို မေတ္တာလို ့ခေါ်တာ။

မေတ္တာဆိုတာ ဘယ်သူ ့အပေါ်ပဲဖြစ်ဖြစ်

ဆူကြုံနိမ့်မြင့်မရွေး

ပုဂ္ဂိုလ်အားလုံးရဲ့ အကျိုးစီးပွားကို လိုလားတယ်ဆိုတဲ့စိတ်ဓာတ်ဟာ

အလွန်မွန်မြတ်တဲ့ စိတ်ဓာတ်ပဲ။

ကိုယ်ဆောင်ရွက်နိုင်တာ မဆောင်ရွက်နိုင်တာ အဓိက မဟုတ်ဘူး။

စိတ်ထားဖြူစင်မှုဆိုတာ မုန်းတီးမှုရဲ့ ဆန် ့ကျင်ဘက်။

အလကားနေရင် လူတွေဆိုတာ မုန်းတီးမှုတွေဆိုတာ ရှိတက်တယ်။

အဲ့ဒီမုန်းတီးမှုရဲ့ ဆန် ့ ကျင်ဘက်ဆိုတာ

အကျိုးစီးပွားကို လိုလားတဲ့

မေတ္တာတရားဆိုတာပဲဖြစ်တယ်။

 

ဒ့ါကြောင့််မို ့အားလုံးသတ္တဝါတွေရဲ့ အကျိုးစီးပွား

ဟိတ- ဆိုတာ အခြေကောင်း အနေ ကောင်းတွေဖြစ်ပါစေ။

လူတိုင်း အဆင်ပြေကြပါစေဆိုတဲ့ စိတ်နေသဘောထားတွေပဲ။

 

အေး ..လောက လူသားတွေက

ကိုယ်လိုရင် တစ်မျိုး..မလိုရင် တမျိုးဆိုတဲ့ စိတ်နေသဘောထားတွေရှိမယ်။

လူတွေက စိတ်မမှန်ဘူးဆိုတာ အရူးသာပြောနေကြတာ

ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင်ရော

ငါရော စိတ်မှန်ရဲ့လားလို ့။

မမှန်ကန်တဲ့စိတ်တွေထားတဲ့ ပုဂ္ဂိုလ်ဟာ

“ပုထုဇနော ဥမ္မာတကော” ဆိုသလိုပဲ အရူးပဲဲဲ။

လိုရင်တမျိုး မလိုရင် တမျိုးဆိုတာ မမှန်ကန်တဲ့စိတ်ပါပဲ။

ဒါကြောင့်စိတ်ဟာ အင်မတန်မှ အရေးကြီးတယ်။

စိတ်ဖြူစင်မှုဟာ အင်မတန်မှ အရေးကြီးတယ်။

 

အဲ့တာကြောင့်မို ့လိုတမျိုး မလိုတမျိုးဆိုတဲ့စိတ်ဓာတ်မျိုးမထားဘူး။

အားလုံးအပေါ်မှာတစ်ညီတည်း

ကိုယ့်မိတ်ဆွေပဲဖြစ်စေ၊ ကိုယ့်ရန်သူပဲဖြစ်စေ၊ကိုယ်နဲ ့မသိသူပဲဖြစ်စေ

အဲ့ဒီပုဂ္ဂိုလ်တွေ အားလုံးအပေါ်မှာ အကျိုးစီးပွားကိုလိုလားတယ်။

အားလုံးအဆင်ပြေကြပါစေ၊သူ ့ဘဝမှာပျော်ရွှင်ကြပါစေ၊

ဘဝမှာ အဆင်တပြေ ရှိကြပါစေဆိုတဲ့ စိတ်ထဲမှာထားနိုင်ပြီဆိုရင်

ကိုယ့်ရင်ထဲ နှလုံးထဲမှာ အေးချမ်းလာတယ်။

 

မေတ္တာဆိုတဲ့ အေးချမ်းတဲ့နှလုံးသား

လောက လူသားတွေက မေတ္တာပို ့လေးသာ နားထောင်ကောင်းအောင် ရွတ်နေတာ။

တကယ်စိတ်ထဲ နှလုံးထဲမှာ အေးချမ်းအောင် မထားတက်ဘူး။

ကိုယ့်မေတ္တာစွမ်းဆိုပြီးတော့ ခုန မေတ္တာပို ့တွေရွတ်ကြတယ်။

ဆိုကောင်းလို ့ဆိုနေတာမျိုး မဖြစ်စေရဘူး။

 

အားလုံးမေတ္တာဆိုသည်မှာ

တကယ့်စိတ်ထဲမှာ ရှိနေဖို ့လိုအပ်တယ်။

စိတ်ထဲကိုက ဘယ်သူ ့အပေါ်မှာ

အမုန်းတရား ကိုယ့်မှာ မရှိသင့်ဘူး။

အဲ့သလို မြင့်မြတ်တဲ့ စိတ်နေသဘောထားတွေရှိနေဖို ့ မြတ်စွာဘုရားက ဟောတာဖြစ်တယ်။

မေတ္တာဆိုတဲ့ စကားလုံးလေးဟာ အင်မတန် သန် ့စင်တဲ့ စကားလုံးဖြစ်လင့်ကစား

လောက လူသားတွေက မဟုတ်တဲ့ဘက်မှာ အသုံးပြုပြီးတော့

သူ ့မေတ္တာရှိရင် ငါ့မေတ္တာရှိတယ်နဲ ့

တဏှာ ရာဂ အတွေးတွေကိုလည်း

မေတ္တာလို ့သုံးနေကြတယ်။

တကယ်ကတော့ မေတ္တာဆိုတာ အလွန် သန် ့စင်တယ်ပေါ့။

ကိုယ့်အတွက် စဉ်းစားတာမဟုတ်ဘူး။သူ ့အတွက် စဉ်းစားတာ။

တဏှာဆိုတာ ကိုယ့်အတွက် စဉ်းစားတာ။

မေတ္တာရဲ့နောက်မှာ အေးချမ်းမှုတွေရှိတယ်။

တဏှာရဲ့နောက်မှာ ပူလောင်မှုတွေရှိတယ်။

 

လောဘ မပြည့်လို ့ရှိရင်

တဏှာဟာ မုန်းတီးမှု ့ဘက် သယ်ဆောင်သွားတယ်။

မေတ္တာဟာ ကိုယ့်လောဘ နဂိုတကည်းက ထားတာမဟုတ်ဘူး။

တဖက်သားရဲ့ အကျိုးကို မျှော်ကိုးတာဖြစ်သောကြောင့်

ကိုယ့်လောဘ ပြည့်သည်ဖြစ်စေ…မပြည့်သည်ဖြစ်စေ

မေတ္တာဟာ အပြောင်းအလဲ မရှိဘူး။

ဒီလိုဆိုတာနော်။

 

အေး ..ဒါကြောင့်မို ့လို အကျိုးစီးပွားကို လိုလားတာဟာ

မြင့်မြတ်တဲ့ စိတ်နေသဘောထားသာဖြစ်တယ်။

ဒါက အားလုံးကို ချု ံငုံပြီးတော့ ပြောလို ့ရှိရင် မေတ္တာဟာ

အရေးကြီးဆုံးပဲလို ့။

 

မေတ္တာပျက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ

ကရုဏာလည်း မထားနိုင်ဘူး။ မုဒိတာလည်းမထားနိုင်ဘူးတဲ့။

ဒါကြောင့်မို ့မေတ္တာဟာ အရေးကြီးတယ်လို ့ဒီလိုပြောတာ။

 

ဒီမေတ္တာတရား ကြာရှည်စွာခံဖို ့အတွက် နောက်က ဘာလိုက်ရသလဲဆိုတော့

ဥပေက္ခာလိုက်ရတယ်။ ဥပေက္ခာဆိုတာ ကိုယ့်စိတ်ကို

ကိုယ်က အကျိုးစီးပွားလိုလားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က

ကိုယ့်က အကျိုးစီးပွားကို လိုလားလို ့ဆောင်ရွက်ပေးတယ်။

ဆောင်ရွက်ပေးတဲ့ အခါမှာ ဥပေက္ခာ မထားနိုင်ရင် ဘာဖြစ်လဲဆိုတော့

သူ ့ဆီက ကျေးဇူးတင်ပါတယ်ဆိုတာလေးက အစ မျှော်လင့်လာတယ်။

 

ကိုယ့်က ဘယ်လိုလုပ်ပေးထားတဲ့ အပေါ်မှာ

သူ ့ဆီက တုန် ့ပြန်မှုမလာဘူး ..ကျေးဇူးတင်တဲ့သဘောတွေမလာဘူး

ကိုယ့်အပေါ် ကျေးဇူးကန်းတယ်ဆိုရင် မခံမရပ်တွေဖြစ်လာတယ်။

ဒါဘာဖြစ်လဲဆိုတော့ ကိုယ်ကိုယ်တိုင်က ဥပေက္ခာမထားနိုင်လို ့ဖြစ်တာ။

 

မျှော်လင့်ချက်နဲ ့လုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ

ဥပေက္ခာမထားနိုင်ဘူးဖြစ်တယ်။

 

ငါ ငယ်ငယ်တုန်းကတော့ သူ ့ကိုစောင့်ရှောက်ထားလိုက်ရတာ။

ငါ့ အပေါ်မှာ ကျေးဇူးမတင်ဘူးလို ့ ဒီလိုဖြစ်လာ အပြစ်တင်လာတက်လို ့ရှိရင်

ဘာကြောင့်လဲဆိုရင် ဥပေက္ခာ မရှိလို ့တဲ့ ဒီလိုပြောတာ။

 

ကိုယ်လုပ်တာ ကိုယ့်အတွက်ပဲလေ။

ကိုယ်လုပ်တာကိုယ်ပဲ။

သူမလုပ်တာ ကိုယ်နဲ ့မဆိုင်ဘူး..သူနဲ ့ဆိုင်တယ်။

ဒီလိုထားနိုင်ရမယ်။

 

လောကလူတွေသားတွေဟာ လုပ်တော့ပေးတယ်။

သို ့သော် မျှော်လင့်တယ်။

မျှော်လင့်ချက်ကြီးနဲ ့လုပ်ပေးတယ်။

အဲ့တာပါလို ့လဲဆိုရင် ဥပေက္ခာပါရမီ အားနည်းနေတယ်ပေါ့။

 

(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ)

 

မေတ္တာဖြင့်…