Home » Knowledge » ဘုရားဆြမ္းေတာ္မွ စြန္႔သည့္ဆြမ္းမ်ားကို လူပုဂၢဳိလ္မ်ား စားသုံးသင့္ပါသလား။

ဘုရားဆြမ္းေတာ္မွ စြန္႔သည့္ဆြမ္းမ်ားကို လူပုဂၢဳိလ္မ်ား စားသုံးသင့္ပါသလား။

ဘုရားဆြမ္းေတာ္မွ စြန္႔သည့္ဆြမ္းမ်ားကို လူပုဂၢဳိလ္မ်ား စားသုံးသင့္ပါသလား။

Zawgyi Font

ဆရာေတာ္ဘုရား ဘုရားဆြမ္းေတာ္မွ စြန္႔သည့္ဆြမ္းမ်ားကို

လူပုဂၢဳိလ္မ်ား စားသုံးသင့္ပါသလား။

 

ဒါက ဒီအစြဲအလန္းဆိုတာ ဘယ္လုိက လာတာလဲဆိုေတာ့

စားကာင္း မေကာင္းဆိုတာ ဘာေၾကာင့္မစားေကာင္းဘူး

ဘာေၾကာင့္စားေကာင္းသလဲဆိုတာ (၂)ခုရွိမယ္။

 

ဒါကျမန္မာရာဇ၀င္မွာ မႏူဟာမင္းၾကီးကို အေနာ္ရထာမင္းက

အက်ဥ္းခ်ထားတဲ့အခ်ိန္မွာ မႏူဟာမင္းၾကီးက

စကားေျပာလုိက္လုိ႔ရွိလွ်င္ ပါးစပ္ကအေရာင္ေတြ

ထြက္ထြက္လာတယ္လုိ႔ေျပာတယ္၊

အခုေခတ္လဲ အေရာင္ထြက္တဲ့လူရွိပါတယ္

သြားကိုစိန္ကြပ္ထားတယ္ ….. (ရယ္ေမာသံမ်ား)

ၾကံၾကံဖန္ဖန္ သြားကို စိန္ကြပ္တဲ့ လူလဲရွိတယ္

ခ်မ္းသာတဲ့လူမ်ား…..အဲဒီလုိ ဆိုလုိ႔ရွိလွ်င္ေတာ့ ထြက္ႏိုင္တယ္။

 

အဲဒီလုိ မႏူဟာမင္းၾကီးမွ အေရာင္က ထြက္ထြက္

လာေတာ့ အဲဒါ ျမင္လုိက္ရလွ်င္ အေနာ္ရထာမင္းၾကီးက

စိတ္ေခ်ာက္လွန္႔မႈေတြ ျဖစ္တယ္၊အဲဒါေၾကာင့္မိုလုိ႔

ဒါမျဖစ္ေအာင္ဆိုျပီး ဆြမ္းေတာ္တင္တဲ့ဆြမ္းကို ေကြ်းတာ

အဲဒါေၾကာင့္မို႔လို႔ ဒီအေရာင္ေပ်ာက္သြားတယ္ဆိုတာ

ရာဇ၀င္ထဲမွာဒီလုိရွိတယ္။

 

ဒီလုိရွိတာကို အစြဲျပဳျပီး ဆြမ္းေတာ္က် မစားေကာင္းဘူးလုိ႔ဆိုတယ္။

ဒီဟာအဓိပၸါယ္က ဟုတ္ခ်င္မွဟုတ္မွာ ဆြမ္းေတာ္တင္တာၾကီ:

ဟုတ္ခ်င္မွ ဟုတ္မွာ.. သူဘာေတြလုပ္မွန္းမွ မသိတာ …..ေနာ္

အဲဒီေတာ့ ဘုရားဆြမ္းေတာ္က် စားလုိ႔ကေတာ့ ဘာမွျဖစ္စရာ

အေၾကာင္းမရွိဘူး….ဘာမွျဖစ္စရာအေၾကာင္း မရွိပါဘူး

ဘာျဖစ္လုိ႔လဲဆိုေတာ့ ဘုရားမတင္ခင္ေတာ့ ႏိုက္မစားနဲေပါ႔။

 

ဟိုကပၸိယၾကီးတစ္ေယာက္လုိ ေတာ့ မလုပ္နဲ႔အုံး

ကပိၸယက အဲဒါ… ဆြမ္းေတာ္တင္တာကို

သူေန႔တိုင္းစားရတယ္ေန႔တိုင္းစားရတဲ့အခါက်ေတာ့

ဆြမ္းေတာ္တင္တဲ့လူက ဘုရားကို မြန္မြန္ျမတ္ျမတ္

ဆြမ္းေတာ္တင္တဲ့အခါမွာ

အဲဒီကပိၸယက ၀က္သား သူနဲ႔ မတည့္ဘူး

တစ္ရက္ေတာ့ ၀က္သားတုံး ထည့္တာကို ျမင္ေတာ့

အဲဒါ ငါနဲ႔မတည့္ဘူး…..(ရယ္ေမာသံမ်ား)

အဲဒီလုိ ေျပာသတဲ့။

 

အဲဒီလုိ ဘုရားမတင္ခင္ မတည့္တာေတာ့ မလုပ္နဲ႔အုံး

ၾကာေတာ့ သူ႔အတြက္လုိ႔ ထင္လာတယ္…..(ရယ္ေမာသံမ်ား)

သူစားရမွာ ေသခ်ာလာတဲ့အခါ

အဲဒီလုိေတာ့ မေကာင္းဘူးေပါ့ေနာ္။

 

ေတာ္ေတာ္ၾကာ ဟိုဟင္းေလးထည့္လုိက္ပါအုံး

ဒီဟင္းေလးထည့္လုိက္ပါအုံး ….. ဒါငါၾကိဳက္တယ္လုိ႔

(ရယ္ေမာသံမ်ား)

လုပ္ခ်င္လာတတ္တယ္ ….. အဲဒီလုိျဖစ္လာတတ္တယ္

 

အဲဒီလုိ မျဖစ္ေအာင္ ဘုရားဆြမ္းေတာ္တင္ စားလုိ႔

ဘာမွေတာ့မျဖစ္ဘူး ဘုရားေ၀ယ်ာေ၀စၥ လုပ္ျပီးေတာ့

ဘုရားက စြန္႔လုိက္ျပီးတဲ့အခါမွာေတာ့ စားေကာင္းပါတယ္။

 

ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာအရွင္နႏၵမာလာဘိဝံသ ၏

Video File မွ ေရးသားပူေဇာ္ပါသည္။

 

Unicode Font

ဘုရားဆွမ်းတော်မှ စွန့်သည့်ဆွမ်းများကို လူပုဂ္ဂိုလ်များ စားသုံးသင့်ပါသလား။

 

ဆရာတော်ဘုရား ဘုရားဆွမ်းတော်မှ စွန့်သည့်ဆွမ်းများကို

လူပုဂ္ဂိုလ်များ စားသုံးသင့်ပါသလား။

 

ဒါက ဒီအစွဲအလန်းဆိုတာ ဘယ်လိုက လာတာလဲဆိုတော့

စားကာင်း မကောင်းဆိုတာ ဘာကြောင့်မစားကောင်းဘူး

ဘာကြောင့်စားကောင်းသလဲဆိုတာ (၂)ခုရှိမယ်။

 

ဒါကမြန်မာရာဇဝင်မှာ မနူဟာမင်းကြီးကို အနော်ရထာမင်းက

အကျဉ်းချထားတဲ့အချိန်မှာ မနူဟာမင်းကြီးက

စကားပြောလိုက်လို့ရှိလျှင် ပါးစပ်ကအရောင်တွေ

ထွက်ထွက်လာတယ်လို့ပြောတယ်၊

အခုခေတ်လဲ အရောင်ထွက်တဲ့လူရှိပါတယ်

သွားကိုစိန်ကွပ်ထားတယ် ….. (ရယ်မောသံများ)

ကြံကြံဖန်ဖန် သွားကို စိန်ကွပ်တဲ့ လူလဲရှိတယ်

ချမ်းသာတဲ့လူများ…..အဲဒီလို ဆိုလို့ရှိလျှင်တော့ ထွက်နိုင်တယ်။

 

အဲဒီလို မနူဟာမင်းကြီးမှ အရောင်က ထွက်ထွက်

လာတော့ အဲဒါ မြင်လိုက်ရလျှင် အနော်ရထာမင်းကြီးက

စိတ်ချောက်လှန့်မှုတွေ ဖြစ်တယ်၊အဲဒါကြောင့်မိုလို့

ဒါမဖြစ်အောင်ဆိုပြီး ဆွမ်းတော်တင်တဲ့ဆွမ်းကို ကျွေးတာ

အဲဒါကြောင့်မို့လို့ ဒီအရောင်ပျောက်သွားတယ်ဆိုတာ

ရာဇဝင်ထဲမှာဒီလိုရှိတယ်။

 

ဒီလိုရှိတာကို အစွဲပြုပြီး ဆွမ်းတော်ကျ မစားကောင်းဘူးလို့ဆိုတယ်။

ဒီဟာအဓိပ္ပါယ်က ဟုတ်ချင်မှဟုတ်မှာ ဆွမ်းတော်တင်တာကြီ:

ဟုတ်ချင်မှ ဟုတ်မှာ.. သူဘာတွေလုပ်မှန်းမှ မသိတာ …..နော်

အဲဒီတော့ ဘုရားဆွမ်းတော်ကျ စားလို့ကတော့ ဘာမှဖြစ်စရာ

အကြောင်းမရှိဘူး….ဘာမှဖြစ်စရာအကြောင်း မရှိပါဘူး

ဘာဖြစ်လို့လဲဆိုတော့ ဘုရားမတင်ခင်တော့ နိုက်မစားနဲပေါ့။

 

ဟိုကပ္ပိယကြီးတစ်ယောက်လို တော့ မလုပ်နဲ့အုံး

ကပ္ပိယက အဲဒါ… ဆွမ်းတော်တင်တာကို

သူနေ့တိုင်းစားရတယ်နေ့တိုင်းစားရတဲ့အခါကျတော့

ဆွမ်းတော်တင်တဲ့လူက ဘုရားကို မွန်မွန်မြတ်မြတ်

ဆွမ်းတော်တင်တဲ့အခါမှာ

အဲဒီကပ္ပိယက ဝက်သား သူနဲ့ မတည့်ဘူး

တစ်ရက်တော့ ဝက်သားတုံး ထည့်တာကို မြင်တော့

အဲဒါ ငါနဲ့မတည့်ဘူး…..(ရယ်မောသံများ)

အဲဒီလို ပြောသတဲ့။

 

အဲဒီလို ဘုရားမတင်ခင် မတည့်တာတော့ မလုပ်နဲ့အုံး

ကြာတော့ သူ့အတွက်လို့ ထင်လာတယ်…..(ရယ်မောသံများ)

သူစားရမှာ သေချာလာတဲ့အခါ

အဲဒီလိုတော့ မကောင်းဘူးပေါ့နော်။

 

တော်တော်ကြာ ဟိုဟင်းလေးထည့်လိုက်ပါအုံး

ဒီဟင်းလေးထည့်လိုက်ပါအုံး ….. ဒါငါကြိုက်တယ်လို့

(ရယ်မောသံများ)

လုပ်ချင်လာတတ်တယ် ….. အဲဒီလိုဖြစ်လာတတ်တယ်

 

အဲဒီလို မဖြစ်အောင် ဘုရားဆွမ်းတော်တင် စားလို့

ဘာမှတော့မဖြစ်ဘူး ဘုရားဝေယျာဝေစ္စ လုပ်ပြီးတော့

ဘုရားက စွန့်လိုက်ပြီးတဲ့အခါမှာတော့ စားကောင်းပါတယ်။

 

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ၏

Video File မှ ရေးသားပူဇော်ပါသည်။