Home » Sport » ဒဏ္ရာကေန ျပန္လည္သက္သာလာျပီ အသင္းကုိ ေနာက္တဆင့္ တက္ေရာက္ဖုိ႔ အေကာင္းဆုံး ပံ့ပုိးကူညီႏုိင္ခဲ့တဲ့ ေရာ္နယ္ဒို

ဒဏ္ရာကေန ျပန္လည္သက္သာလာျပီ အသင္းကုိ ေနာက္တဆင့္ တက္ေရာက္ဖုိ႔ အေကာင္းဆုံး ပံ့ပုိးကူညီႏုိင္ခဲ့တဲ့ ေရာ္နယ္ဒို

ဒဏ္ရာကေန ျပန္လည္သက္သာလာျပီ အသင္းကုိ ေနာက္တဆင့္ တက္ေရာက္ဖုိ႔ အေကာင္းဆုံး ပံ့ပုိးကူညီႏုိင္ခဲ့တဲ့ ေရာ္နယ္ဒို

ဗုဒၶဟူးညက ယွဥ္ျပိဳင္ခဲ႔တဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပထမအေက်ာ႔ပြဲစဥ္တစ္ပြဲမွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ ေအဂ်က္ အိမ္ကြင္းမွာ တစ္ဖက္တစ္ဂိုးစီ သေရရလဒ္နဲ႔ သာေက်နပ္ခဲ႔ရပါတယ္။ ဒါေပမယ္႔လည္း ဂ်ဴဗင္တပ္စ္အတြက္ ဦးေဆာင္ဂိုးကို ေရာ္နယ္ဒို သြင္းယူေပးခဲ့ပါတယ္။ ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ အဆိုပါေအဂ်က္နဲ႕ပြဲစဥ္အျပီးမွာေတာ႔ ဥေရာပခ်န္ပီယံလိဂ္ ျပိဳင္ပြဲသမိုင္း မွာ (၂၃)ဂိုးေျမာက္ ေသာ ေခါင္းတိုက္

သြင္းဂိုးကို ရယူသြားႏိုင္ခဲ႔တာ ျဖစ္ျပီး အဆုိပါ စံခ်ိန္ကို ဘယ္ကစားသမား ကမွ လိုက္မီ ေသး ျခင္း မရွိဘူးလို႔သိရပါတယ္။ ဒါ႔အျပင္ ေရာ္နယ္ဒိုဟာ ၄င္းရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ မွာ ေအဂ်က္ တစ္ င္း ထဲကို (၈)ဂိုးေျမာက္သြင္းဂိုး ရယူသြားႏိုင္ခဲ႔တာ ျဖစ္ပါတယ္။ အဆိုပါဂိုးဟာ ေရာ္နယ္ဒိုရဲ႕ (၁၂၅) ဂိုး ေျမာက္ ခ်န္ပီယံ လိဂ္သြင္းဂိုးျဖစ္ျပီး သြင္းဂိုးအမ်ားဆုံးကစားသမားစာရင္းမွာ ဒုတိယေနရာမွာ ရပ္တည္ေနတဲ႔ မက္ဆီ (၁၀၈ – ဂိုး) ကို (၁၇)ဂိုး အထိ သာလြန္ေနဆဲျဖစ္ပါတယ္။

ေအဂ်က္နဲ႔ ပြဲအျပီးမွာေတာ႔ ေရာ္နယ္ဒိုဟာ ၄င္းရဲ႕ တရားဝင္ အင္စတာ ဂရမ္ စာမ်က္ႏွာ က ေန တစ္ဆင္႔ ေအဂ်က္ဘက္ကို ေခါင္းတိုက္သြင္းယူေနတဲ႔ ပုံကိုတင္ျပီး အဆိုပါပြဲစဥ္နဲ႔ ပတ္သက္လို႔ “အခုလို (ဒဏ္ရာ က ေန) ျပန္လာႏိုင္ခဲ႔ျပီး ဒီလိုခမ္းနားလွတဲ႔ ျပိဳင္ပြဲၾကီးမွာ ေနာက္ထပ္သြင္းဂိုးတစ္ဂိုး ထပ္မံသြင္း ယူႏိုင္ခဲ႔ တဲ႔အတြက္ ကြ်န္ေတာ္ ေပ်ာ္ ရႊင္မိပါတယ္၊ ကြ်န္ေတာ္႔ အသင္းအတြက္လည္း ကြ်န္ေတာ္ ဂုဏ္ယူပီတိျဖစ္မိပါတယ္” လို႔ ေရးသားသြားခဲ႔ပါတယ္။

ေရာ္နယ္ဒိုဟာ ျပီးခဲ႔တဲ႔ မတ္လ အေစာပိုင္း မွာတုန္းကေပၚတူဂီနဲ႔ကစားခဲ႔တဲ႔ ႏိုင္ငံတကာပြဲစဥ္တစ္ပြဲမွာ ေပါင္ၾကြက္သား ဒဏ္ ရာ ရရွိခဲ႔ျပီးေနာက္ ျပည္တြင္းပြဲစဥ္ (၄)ပြဲေလာက္လြဲေခ်ာ္ခဲ႔ျပီး ေအဂ်က္နဲ႔ ပြဲစဥ္မွာမွ ဂ်ဴဗင္တပ္စ္ အတြက္ ပြဲျပန္ထြက္ႏိုင္ခဲ႔တာ ျဖစ္ပါတယ္။

Unicode


ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီ အသင်းကို နောက်တဆင့် တက်ရောက်ဖို့ အကောင်းဆုံး ပံ့ပိုးကူညီနိုင်ခဲ့တဲ့ ရော်နယ်ဒို
ဗုဒ္ဓဟူးညက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်တစ်ပွဲမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ အေဂျက် အိမ်ကွင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ သာကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဂျူဗင်တပ်စ်အတွက် ဦးဆောင်ဂိုးကို ရော်နယ်ဒို သွင်းယူပေးခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုဟာ အဆိုပါအေဂျက်နဲ့ပွဲစဉ်အပြီးမှာတော့ ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်း မှာ (၂၃)ဂိုးမြောက် သော ခေါင်းတိုက်သွင်းဂိုးကို ရယူသွားနိုင်ခဲ့တာ ဖြစ်ပြီး အဆိုပါ စံချိန်ကို ဘယ်ကစားသမား ကမှ လိုက်မီ သေး ခြင်း မရှိဘူးလို့သိရပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ ၄င်းရဲ့ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ် မှာ အေဂျက် တစ် င်း ထဲကို (၈)ဂိုးမြောက်သွင်းဂိုး ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဂိုးဟာ ရော်နယ်ဒိုရဲ့ (၁၂၅) ဂိုး မြောက် ချန်ပီယံ လိဂ်သွင်းဂိုးဖြစ်ပြီး သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ မက်ဆီ (၁၀၈ – ဂိုး) ကို (၁၇)ဂိုး အထိ သာလွန်နေဆဲဖြစ်ပါတယ်။ အေဂျက်နဲ့ ပွဲအပြီးမှာတော့ ရော်နယ်ဒိုဟာ ၄င်းရဲ့ တရားဝင် အင်စတာ ဂရမ် စာမျက်နှာ က နေ တစ်ဆင့် အေဂျက်ဘက်ကို ခေါင်းတိုက်သွင်းယူနေတဲ့ ပုံကိုတင်ပြီး အဆိုပါပွဲစဉ်နဲ့ ပတ်သက်လို့ “အခုလို (ဒဏ်ရာ က နေ) ပြန်လာနိုင်ခဲ့ပြီး ဒီလိုခမ်းနားလှတဲ့ ပြိုင်ပွဲကြီးမှာ နောက်ထပ်သွင်းဂိုးတစ်ဂိုး ထပ်မံသွင်း ယူနိုင်ခဲ့ တဲ့အတွက် ကျွန်တော် ပျော် ရွှင်မိပါတယ်၊ ကျွန်တော့်အသင်းအတွက်လည်း ကျွန်တော် ဂုဏ်ယူပီတိဖြစ်မိပါတယ်” လို့ ရေးသားသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ မတ်လအစောပိုင်းမှာတုန်းကပေါ်တူဂီနဲ့ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တစ်ပွဲမှာ ပေါင်ကြွက်သား ဒဏ် ရာ ရရှိခဲ့ပြီးနောက် ပြည်တွင်းပွဲစဉ် (၄)ပွဲလောက်လွဲချော်ခဲ့ပြီး အေဂျက်နဲ့ ပွဲစဉ်မှာမှ ဂျူဗင်တပ်စ် အတွက် ပွဲပြန်ထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။