Home » Sport » ခ်န္ပီယံလိဂ္ျပဳိင္ပဲြၾကီး မွာ မက္ဆီ အပါအ၀င္ အျခားထိပ္တန္း ကစားမားေတြထက္ သြင္းဂိုးအေရ အတြက္ အျပတ္သတ္ သာလြန္ေနတဲ့ ေရာ္နယ္ဒုိ

ခ်န္ပီယံလိဂ္ျပဳိင္ပဲြၾကီး မွာ မက္ဆီ အပါအ၀င္ အျခားထိပ္တန္း ကစားမားေတြထက္ သြင္းဂိုးအေရ အတြက္ အျပတ္သတ္ သာလြန္ေနတဲ့ ေရာ္နယ္ဒုိ

ခ်န္ပီယံလိဂ္ျပဳိင္ပဲြၾကီး မွာ  မက္ဆီ အပါအ၀င္ အျခားထိပ္တန္း ကစားမားေတြထက္ သြင္းဂိုးအေရ အတြက္ အျပတ္သတ္ သာလြန္ေနတဲ့ ေရာ္နယ္ဒုိ

ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမ အေက်ာ့ ပြဲစဥ္ေတြဟာ ဒီကေန႔ညမွာပဲ ျပီးဆံုး သြားခဲ့ ပါျပီ။ ပထမညမွာ ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာေတာ့ အိမ္ရွင္ အသင္းေတြ ရလာဒ္ ေကာင္းခဲ့ၾကျပီး ၊ ဒုတိယ ညမွာေတာ့ ဧည့္သည္ အသင္းေတြ အေျခအေန ေကာင္းသြားခဲ့ ပါတယ္။ ကြာတားဖိုင္နယ္ ပြဲစဥ္ေတြ ကစားျပီးတာနဲ႔ အမွ် ပရိသတ္ေတြ ရဲ႕ အၾကိဳက္ဆံုး ကစားသမား ႏွစ္ဦး အျဖစ္ ရပ္တည္ေနတဲ့ ရိုနာဒို နဲ႔ မက္ဆီ တို႔ရဲ႕ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ စြမ္းေဆာင္ရည္ မွတ္တမ္းေတြကို စုစည္း ေဖာ္ျပေပးလိုက္ပါတယ္။

ရိုနာဒိုုဟာ ဒီည ပြဲစဥ္မွာ ဒဏ္ရာကေန သက္သာလာျပီးေနာက္ ပြဲထြက္ ကစားသမား စာရင္းကေန ပါ၀င္ ကစားခဲ့သလို ၊ အသင္းအတြက္ သြင္းဂိုး တစ္ဂိုးကိုလဲ ရယူ ေပးႏိုင္ခဲ့ ပါတယ္။ သို႔ေသာ္ ပထမပိုင္း ျပီးဖို႔ စကၠန္႔ပိုင္း အလိုမွာေတာ့ ရိုနာဒို + ကန္စယ္လို တို႔ တြဲလံုးကေန တဆင့္ ၊ ကန္စယ္လို မ တင္ ေပးလိုက္တဲ့ ေဘာလံုးကို ရိုနာဒိုက ေျပးေျပားလႊားလႊားနဲ႔ ေခါင္းတိုက္ သြင္းယူ သြားခဲ့တာ ျဖစ္ပါတယ္။

ဒီသြင္းဂိုးေၾကာင့္ ရိုနာဒို ဟာ ခ်န္ပီယံလိဂ္ ကြားတား ဖိုင္နယ္ အဆင့္မွာ သြင္းယူခဲ့တဲ့ စုစုေပါင္း ဂိုးဟာ 24 ဂိုး အထိ ရိွလာခဲ့ ပါတယ္။ အဲဒီ ပမာဏဟာ သူ႔ရဲ႕ မဟာျပိဳင္ဘက္ မက္ဆီထက္ 2 ဆနီးပါး အထိ မ်ားျပားေနခဲ့ သလို ၊ ဒုတိယ ေနရာမွာ ပူးတြဲ ရပ္တည္ေနတဲ့ မက္ဆီ နဲ႔ ရာအူး (10 ဂိုး စီ) တို႔ ထက္လဲ 14 ဂိုး အထိ အသာရေနခဲ့ ပါတယ္။

ရိုနာဒုိ ရဲ႕ ကြားတားဖိုင္နယ္ မွာ ကစားခဲ့တဲ့ ေနာက္ဆံုး 12 ပြဲ စြမ္းေဆာင္ရည္ ကို ၾကည့္လုိက္မယ္ ဆိုရင္ စုစုေပါင္း သြင္းဂိုး က 16 ဂိုး အထိ ရွိေနခဲ့ကာ ၊ မက္ဆီ ကေတာ့ သြင္းဂိုး လံုး၀ မရွိပဲ ျဖစ္ေနခဲ့ တာ ပါ။ ဒါ့အျပင္ ဒီကေန႔ညမွာ ကစားခဲ့တဲ့ ယူႏိုက္တက္ နဲ႔ ပြဲစဥ္မွာလဲ မက္ဆီဟာ ဂိုးေပါက္ ရွာေဖြ ႏိုင္ခဲ့ျခင္း မရွိခဲ့ျပန္ပါဘူး။ မက္ဆီ ကြာတာဖိုင္နယ္ အဆင့္မွာ ေနာက္ဆံုး သြင္းယူခဲ့တဲ့ ပြဲဟာ 2013 ခုႏွစ္က ပီအက္စ္ဂ်ီ နဲ႔ ပြဲျဖစ္ျပီး ၊ အဲဒီ ေနာက္ပိုင္း ဒီအဆင့္ မွာ တစ္ဂိုးမွကို မသြင္းႏိုင္ခဲ့ေသးတာပါ။

Unicode


ချန်ပီယံလိဂ်ပြိုင်ပွဲကြီး မှာ မက်ဆီ အပါအဝင် အခြားထိပ်တန်း ကစားမားတွေထက် သွင်းဂိုးအရေ အတွက် အပြတ်သတ် သာလွန်နေတဲ့ ရော်နယ်ဒို
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ ပွဲစဉ်တွေဟာ ဒီကနေ့ညမှာပဲ ပြီးဆုံး သွားခဲ့ ပါပြီ။ ပထမညမှာ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ အိမ်ရှင် အသင်းတွေ ရလာဒ် ကောင်းခဲ့ကြပြီး ၊ ဒုတိယ ညမှာတော့ ဧည့်သည် အသင်းတွေ အခြေအနေ ကောင်းသွားခဲ့ ပါတယ်။ ကွာတားဖိုင်နယ် ပွဲစဉ်တွေ ကစားပြီးတာနဲ့ အမျှ ပရိသတ်တွေ ရဲ့ အကြိုက်ဆုံး ကစားသမား နှစ်ဦး အဖြစ် ရပ်တည်နေတဲ့ ရိုနာဒို နဲ့ မက်ဆီ တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် စွမ်းဆောင်ရည် မှတ်တမ်းတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ရိုနာဒိုုဟာ ဒီည ပွဲစဉ်မှာ ဒဏ်ရာကနေ သက်သာလာပြီးနောက် ပွဲထွက် ကစားသမား စာရင်းကနေ ပါ၀င် ကစားခဲ့သလို ၊ အသင်းအတွက် သွင်းဂိုး တစ်ဂိုးကိုလဲ ရယူ ပေးနိုင်ခဲ့ ပါတယ်။ သို့သော် ပထမပိုင်း ပြီးဖို့ စက္ကန့်ပိုင်း အလိုမှာတော့ ရိုနာဒို + ကန်စယ်လို တို့ တွဲလုံးကနေ တဆင့် ၊ ကန်စယ်လို မ တင် ပေးလိုက်တဲ့ ဘောလုံးကို ရိုနာဒိုက ပြေးပြေားလွှားလွှားနဲ့ ခေါင်းတိုက် သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။ ဒီသွင်းဂိုးကြောင့် ရိုနာဒို ဟာ ချန်ပီယံလိဂ် ကွားတား ဖိုင်နယ် အဆင့်မှာ သွင်းယူခဲ့တဲ့ စုစုပေါင်း ဂိုးဟာ 24 ဂိုး အထိ ရှိလာခဲ့ ပါတယ်။ အဲဒီ ပမာဏဟာ သူ့ရဲ့ မဟာပြိုင်ဘက် မက်ဆီထက် 2 ဆနီးပါး အထိ များပြားနေခဲ့ သလို ၊ ဒုတိယ နေရာမှာ ပူးတွဲ ရပ်တည်နေတဲ့ မက်ဆီ နဲ့ ရာအူး (10 ဂိုး စီ) တို့ ထက်လဲ 14 ဂိုး အထိ အသာရနေခဲ့ ပါတယ်။ ရိုနာဒို ရဲ့ ကွားတားဖိုင်နယ် မှာ ကစားခဲ့တဲ့ နောက်ဆုံး 12 ပွဲ စွမ်းဆောင်ရည် ကို ကြည့်လိုက်မယ် ဆိုရင် စုစုပေါင်း သွင်းဂိုး က 16 ဂိုး အထိ ရှိနေခဲ့ကာ ၊ မက်ဆီ ကတော့ သွင်းဂိုး လုံးဝ မရှိပဲ ဖြစ်နေခဲ့ တာ ပါ။ ဒါ့အပြင် ဒီကနေ့ညမှာ ကစားခဲ့တဲ့ ယူနိုက်တက် နဲ့ ပွဲစဉ်မှာလဲ မက်ဆီဟာ ဂိုးပေါက် ရှာဖွေ နိုင်ခဲ့ခြင်း မရှိခဲ့ပြန်ပါဘူး။ မက်ဆီ ကွာတာဖိုင်နယ် အဆင့်မှာ နောက်ဆုံး သွင်းယူခဲ့တဲ့ ပွဲဟာ 2013 ခုနှစ်က ပီအက်စ်ဂျီ နဲ့ ပွဲဖြစ်ပြီး ၊ အဲဒီ နောက်ပိုင်း ဒီအဆင့် မှာ တစ်ဂိုးမှကို မသွင်းနိုင်ခဲ့သေးတာပါ။