Home » Sport » အိမ္ကြင္းမွာ နာပုိလီ အသင္းကုိ (၂-၀) နဲ႔ ဂုိးျပတ္အႏုိင္ယူျပီး ဆီမီးဖုိင္နယ္ ေနာက္တဆင့္ တေရာက္ဖုိ႔ အေျခအေန ေကာင္းသြားတဲ့ အာဆင္နယ္

အိမ္ကြင္းမွာ နာပုိလီ အသင္းကုိ (၂-၀) နဲ႔ ဂုိးျပတ္အႏုိင္ယူျပီး ဆီမီးဖုိင္နယ္ ေနာက္တဆင့္ တေရာက္ဖုိ႔ အေျခအေန ေကာင္းသြားတဲ့ အာဆင္နယ္

အိမ္ကြင္းမွာ နာပုိလီ အသင္းကုိ (၂-၀) နဲ႔ ဂုိးျပတ္အႏုိင္ယူျပီး ဆီမီးဖုိင္နယ္ ေနာက္တဆင့္ တေရာက္ဖုိ႔ အေျခအေန ေကာင္းသြားတဲ့ အာဆင္နယ္

ယူရုိပါလိဂ္ ဖလား ကြာတားဖုိင္နယ္ ပထမအေက်ာ့ေတြဟာ ယေန႔ နံနက္မာွ ယွဥ္ျပိဳင္ ကစားခဲ့ၾကပါတယ္ အာဆင္နယ္ အသင္းဟာ နာပုိလီ အသင္းကို ႏွစ္ဂုိး ဂုိးမရွိနဲ႔ အနုိင္ရသြားခဲ့ပါတယ္ ။ အာဆင္နယ္ အသင္းဟာ အပုိင္အခြင့္အေရးေတြ အမ်ားအျပား ရရွိခဲ့ ေပ မယ့္ ကစားသမားေတြရဲ႕ အဆုံးသတ္ အားနည္းမႈ နဲ႔ နာပုိလီ ဂုိးသမား မီရက္ လက္စြမ္းျပ ေနတာေၾကာင့္ ႏွစ္ဂုိးနဲ႔သာ ေက် နပ္ ခဲ့ရတာလည္း ျဖစ္ပါတယ္ ။ ပြဲခ်ိန္ ၁၅ မိနစ္မွာ အာဆင္နယ္ အသင္း ဦးေဆာင္ ဂုိး စတင္ ရရွိ သြားခဲ့ျပီး အုိေဇးလ္ ၊ ရမ္ေဆး ၊ လာကာဇက္ ၊ မိတ္လန္နုိင္း လ္စ္ တုိ႔ရဲ႕ လွပ ညက္ေညာတဲ့ အတြဲအဖက္ကေန ရမ္ေဆး က ဂုိးသမားရဲ႕ ညာဘက္ေထာင့္ကုိ ေျမလွိမ့္ေဘာ ကန္သြင္း ယူခဲ့တာပါ ။

ပြဲခ်ိန္ ၂၅ မိနစ္မွာ အာဆင္နယ္ အသင္း ဒုတိယ ဦးေဆာင္ဂုိး ထပ္မံ ရရွိ သြားခဲ့ျပီး ကြင္းလယ္လူ ေတာ္ရီးယား ရဲ႕ ဘယ္ေျခ ကန္ခ်က္ နာပုိလီ အသင္း ေနာက္ခံလူ ကူလီဘာလီ နဲ႔ ထိျပီး လမ္းေၾကာင္းေျပာင္း ဝင္သြား ခဲ့တာလည္း ျဖစ္ပါ တယ္ ။ ဒီဂုိးကုိေတာ့ ေနာက္ခံလူ ကူလီဘာလီ ရဲ႕ ကုိယ့္ဂုိးကုိယ္ သြင္းယူမႈ အျဖစ္ သတ္မွတ္ ခဲ့ပါတယ္ ။ပထမပုိင္းျပီးခါနီးမွာ တုိက္စစ္မွဴး အူဘာမီယန္း ရဲ႕ အပုိင္ကန္သြင္း ခ်က္ ႏွစ္ၾကိမ္ကုိလည္း နာပုိလီ ဂုိးသမား မီရက္ ကာကြယ္ သြားခဲ့လု႔ိသာ အာဆင္နယ္ အသင္း ဒီထက္ ဂုိးမျပတ္ခဲ့တာပါ ။

ပြဲခ်ိန္ ၅၈ မိနစ္မွာ ရမ္ေဆး ဂုိးဧရိယာထဲမွာ အျပင္း ကန္သြင္းခဲ့ေပမယ့္ နာပုိလီ ဂုိးသမား အဲလက္စ္ မီရက္ လက္စြမ္းျပ ကာ ကြယ္ သြားခဲ့ပါတယ္ ။ နာပုိလီ အသင္း တုိက္စစ္ကစားသမားေတြဟာ အာဆင္နယ္ အသင္း ေနာက္တန္း ကစားသမား ေတြရဲ႕ လူက်ြံ ေထာင္ေခ်ာက္ကုိ ေက်ာ္ျဖတ္ နုိင္ခဲ့ျခင္း မရွိဘဲ မၾကာခဏ ဆုိသလုိ လူက်ြံ ေန ခဲ့ ပါ တယ္ ။ ပြဲခ်ိန္ မိနစ္ ၈၀ မွာ မီခီတာရန္း ရဲ႕ ေပးပုိ႔မႈ ကေန ရမ္ေဆး တစ္ေယာက္တည္း လြတ္လြတ္ က်ြတ္က်ြတ္ ကန္ခြင့္ ရခဲ့ေပမယ့္ ဂုိးဘားတန္းေပၚ ေက်ာ္တက္ သြားခဲ့ပါတယ္ ။ ပြဲအျပီးမွာေတာ့ အာဆင္နယ္ အသင္းဟာ နာပုိလီ အသင္းကုိ ႏွစ္ဂုိး ဂုိးမရွိနဲ႔ အနုိင္ရသြား ခဲ့ပါတယ္ ။

 

အာဆင္နယ္ အသင္းဟာ အေဝးဂုိး မေပးရဘဲ နာပုိလီ အသင္းကုိ ႏွစ္ဂုိးျပတ္ အနုိင္ရသြားတာေၾကာင့္ ေနာက္တစ္ဆင့္တက္ဖုိ႔ အေျခအေန ေကာင္းသြားျပီလည္း ျဖစ္ပါတယ္ ။

Unicode


အိမ်ကွင်းမှာ နာပိုလီ အသင်းကို (၂-၀) နဲ့ ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ် နောက်တဆင့် တရောက်ဖို့ အခြေအနေ ကောင်းသွားတဲ့ အာဆင်နယ်
ယူရိုပါလိဂ် ဖလား ကွာတားဖိုင်နယ် ပထမအကျော့တွေဟာ ယနေ့ နံနက်မာှ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ် အာဆင်နယ် အသင်းဟာ နာပိုလီ အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ အပိုင်အခွင့်အရေးတွေ အများအပြား ရရှိခဲ့ ပေ မယ့် ကစားသမားတွေရဲ့ အဆုံးသတ် အားနည်းမှု နဲ့ နာပိုလီ ဂိုးသမား မီရက် လက်စွမ်းပြ နေတာကြောင့် နှစ်ဂိုးနဲ့သာ ကျေ နပ် ခဲ့ရတာလည်း ဖြစ်ပါတယ် ။ ပွဲချိန် ၁၅ မိနစ်မှာ အာဆင်နယ် အသင်း ဦးဆောင် ဂိုး စတင် ရရှိ သွားခဲ့ပြီး အိုဇေးလ် ၊ ရမ်ဆေး ၊ လာကာဇက် ၊ မိတ်လန်နိုင်း လ်စ် တို့ရဲ့ လှပ ညက်ညောတဲ့ အတွဲအဖက်ကနေ ရမ်ဆေး က ဂိုးသမားရဲ့ ညာဘက်ထောင့်ကို မြေလှိမ့်ဘော ကန်သွင်း ယူခဲ့တာပါ ။ ပွဲချိန် ၂၅ မိနစ်မှာ အာဆင်နယ် အသင်း ဒုတိယ ဦးဆောင်ဂိုး ထပ်မံ ရရှိ သွားခဲ့ပြီး ကွင်းလယ်လူ တော်ရီးယား ရဲ့ ဘယ်ခြေ ကန်ချက် နာပိုလီ အသင်း နောက်ခံလူ ကူလီဘာလီ နဲ့ ထိပြီး လမ်းကြောင်းပြောင်း ဝင်သွား ခဲ့တာလည်း ဖြစ်ပါ တယ် ။ ဒီဂိုးကိုတော့ နောက်ခံလူ ကူလီဘာလီ ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှု အဖြစ် သတ်မှတ် ခဲ့ပါတယ် ။ပထမပိုင်းပြီးခါနီးမှာ တိုက်စစ်မှူး အူဘာမီယန်း ရဲ့ အပိုင်ကန်သွင်း ချက် နှစ်ကြိမ်ကိုလည်း နာပိုလီ ဂိုးသမား မီရက် ကာကွယ် သွားခဲ့လို့သာ အာဆင်နယ် အသင်း ဒီထက် ဂိုးမပြတ်ခဲ့တာပါ ။ ပွဲချိန် ၅၈ မိနစ်မှာ ရမ်ဆေး ဂိုးဧရိယာထဲမှာ အပြင်း ကန်သွင်းခဲ့ပေမယ့် နာပိုလီ ဂိုးသမား အဲလက်စ် မီရက် လက်စွမ်းပြ ကာ ကွယ် သွားခဲ့ပါတယ် ။ နာပိုလီ အသင်း တိုက်စစ်ကစားသမားတွေဟာ အာဆင်နယ် အသင်း နောက်တန်း ကစားသမား တွေရဲ့ လူကျွံ ထောင်ချောက်ကို ကျော်ဖြတ် နိုင်ခဲ့ခြင်း မရှိဘဲ မကြာခဏ ဆိုသလို လူကျွံ နေ ခဲ့ ပါ တယ် ။ ပွဲချိန် မိနစ် ၈၀ မှာ မီခီတာရန်း ရဲ့ ပေးပို့မှု ကနေ ရမ်ဆေး တစ်ယောက်တည်း လွတ်လွတ် ကျွတ်ကျွတ် ကန်ခွင့် ရခဲ့ပေမယ့် ဂိုးဘားတန်းပေါ် ကျော်တက် သွားခဲ့ပါတယ် ။ ပွဲအပြီးမှာတော့ အာဆင်နယ် အသင်းဟာ နာပိုလီ အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွား ခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ အဝေးဂိုး မပေးရဘဲ နာပိုလီ အသင်းကို နှစ်ဂိုးပြတ် အနိုင်ရသွားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းသွားပြီလည်း ဖြစ်ပါတယ် ။