Home » Sport » ရီးယဲ မက်ဒရစ် အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေ ခဲ့တဲ့ ပေါ့ဂ်ဘာကို မှတ်ချက်တစ်ခုပေးလိုက်တဲ့ ရီးယဲ ကွင်းလယ်လူ






Unicode


ရီးယဲ မက်ဒရစ် အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေ ခဲ့တဲ့ ပေါ့ဂ်ဘာကို မှတ်ချက်တစ်ခုပေးလိုက်တဲ့ ရီးယဲ ကွင်းလယ်လူ
ရီးယဲ မက်ဒရစ် အသင်း ဟာ တော့ လာမဲ့ နွေ အပြောင်း အရွှေ့ မှာ ကစားသမား သစ်တွေ ခေါ်ယူ ကာ အသင်း မှာ အပြောင်း အလဲ တွေ ပြုလုပ် သွားဖို့ ရှိနေ ပြီး ဇီဒန်း ရဲ့ ပစ်မှတ် ကစား သမား တွေ ထဲမှာ တော့ ပေါ့ဂ်ဘာ ရဲ့ နာမည် ဟာ အမြဲ လို ပါဝင် နေခဲ့ ပါတယ် ။ မနေ့ နံနက် က စပိန် ထိပ်သီ ဘာစီလိုနာ အသင်း ကို အိုးလ် ထရပ်ဖို့ဒ် မြေမှာ ဧည်ခံ ကစား ခဲ့တဲ့ ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် ပထမ အကျော့ ပွဲစဉ် မှာ ပေါ့ဂ်ဘာ ဟာ ယူနိုက်တက် နဲ့ အတူ ပွဲထွက် ကစား ခွင့် ရရှိ ခဲ့ပြီး ခြေစွမ်း ကောင်း အချို့ ပြသ ထားနိုင် ခဲ့ ပါတယ်။ အခြား တစ်ဖက် မှာတော့ ပေါ့ဂ်ဘာ နဲ့ ရီးယဲ မက်ဒရစ် အသင်း အကြား အပြောင်းအရွှေ့ သတင်း တွေဟာ မကြာခန ထွက် နေခဲ့ ပေမဲ့ ယူနိုက်တက် နည်းပြ ဖြစ်သူ ဆိုးလ်ရှား ကတော့ ကွင်းလယ် လူဟာ နောက် ရာသီ ယူနိုက်တက် မှာပဲ ရှေ့ဆက် ရှိနေ လိမ့်မယ် လို့ အခိုင်အမာ ဆိုထား ခဲ့ပါ သေးတယ် ။ ” ပေါ့ဂ်ဘာ ဟာ ကြီးကျယ် ခမ်းနား လှတဲ့ ကစားသမား တစ်ဦး ဖြစ်တာ ကြောင့် ဘယ် အသင်း မှာ မဆို ခြေစွမ်း ကောင်းပြ ကစား ပေးနိုင် ပါ လိမ့်မယ် ” အကယ်လို့ သူသာ အသင်း ပြောင်းရွှေ့ လို နေမယ် ဆိုရင် တော့ ကောင်းမွန်စွာ ကြိုဆို ခံရ မှာပါ ။ ဘယ်လို ပဲ ဖြစ်နေ ပါစေ လေ ၊ သူဟာ ဒီမှာ ရှိနေ တဲ့ သူမှ မဟုတ် ပဲ ။ ကျွန်တော် တို့ မန်ချက်စတာ ယူနိုက်တက် အသင်း အပေါ် လေးစား မှု ထားရှိ ကြရ ပါ့မယ် ” လို့ ကာဆီမီရို က အမေး အဖြေ ကဏ္ဍ တစ်ခု မှာ အခု လို ပြောကြား သွားခဲ့ လိုက် ပါတယ် ။