Home » Sport » ယူႏိုက္တက္ကို ၾကိဳတင္သတိေပးလိုက္တဲ႔ ဘာစီလိုနာေနာက္ခံလူ

ယူႏိုက္တက္ကို ၾကိဳတင္သတိေပးလိုက္တဲ႔ ဘာစီလိုနာေနာက္ခံလူ

ယူႏိုက္တက္ကို ၾကိဳတင္သတိေပးလိုက္တဲ႔ ဘာစီလိုနာေနာက္ခံလူ

ဘာစီလုိနာဟာ အုိးထရက္ဖို႔ဒ္မွာ ကစားခဲ႔တဲ႔ ပြဲစဥ္မွာေတာ႔ ပထမပိုင္း (၁၂) မိနစ္မွာရရွိခဲ႔တဲ႔ လုခ္ေရွာရဲ႕ Own Goal နဲ႔အတူ အႏိုင္ရလဒ္ကို ေဖာ္ေဆာင္သြားႏိုင္ခဲ႔ျပီး ႏူးကမ္႔မွာ လက္ခံယွဥ္ျပိဳင္သြား ရမယ္႔ ဒုတိယအေက်ာ႔ပြဲစဥ္အတြက္ အဖိုးတန္ အ ေဝးဂိုး တစ္ဂိုး အသာစီးရရွိခဲ႔တာပဲျဖစ္ပါတယ္။ ဒါေပမယ္႔လည္း လာ မယ္႔အပတ္ အဂၤါေန႔ညမွာ ကစားမယ္႔ ဒုတိယ အေက်ာ႔ ပြဲစဥ္မတိုင္ခင္မွာေတာ႔ ဆီမီဒိုက “ဒုတိယအေက်ာ႔ပြဲစဥ္ဟာ အေရးၾကီးတဲ႔ ပြဲစဥ္ျဖစ္လာပါျပီ၊ ရလဒ္ေကာင္းတစ္ခုကိုေတာ႔ ကြ်န္ေတာ္တို႔ စြမ္းေဆာင္ထား ပါတယ္” လို႔ဆိုခဲ႔ပါတယ္။

ဆက္လက္ျပီး ယူႏိုက္တက္အေနနဲ႔ (၁၆)သင္းအဆင္႔မွာ ပီအက္စ္ဂ်ီ အသင္းကို ဒုတိယအေက်ာ႔မွာ အေကာင္းဆုံးတုန္႔ျပန္ႏိုင္ ခဲ႔တာနဲ႔ ပတ္သက္လို႔ “ဒီအတြက္ ကြ်န္ေတာ္တု႔ိစိတ္မပူပါဘူး၊ ဘာလို႔လဲဆိုေတာ႔ ယူႏိုက္တက္ဟာ သူတို႔ဟာ အသင္း ေကာင္း တစ္သင္းျဖစ္ေၾကာင္း ျပသခဲ႔တာပါ၊ ဒါေပမယ္႔ သူတုိ႔ ဒီထက္ပိုျပီးအင္အားေတာင္႔တင္းတဲ႔ ကြ်န္ေတာ္တို႔ အသင္းနဲ႔ ေတြ႕ဆုံရမွာျဖစ္ပါတယ္” “ယူႏိုက္တက္နဲ႔ ပြဲစဥ္မွာ ကြ်န္ေတာ္တို႔ အသင္းဟာ ေကာင္းေကာင္းကစားႏိုင္ခဲ႔ပါတယ္၊ ပြဲစဥ္တုိင္းမွာ ကြ်န္ေတာ္တို႔အေနနဲ႔ အေကာင္းဆုံးစြမ္းေဆာင္ရည္မ်ိဳးကို ပိုင္ဆုိင္ထားဖို႔ လိုအပ္ပါတယ္၊ ပြဲျပီးခါနီးမွာ သူတို႔ဟာ အႏၱရာယ္ရွိတဲ႔ ျခိမ္းေျခာက္မႈေတြ ရွိခဲ႔ေပမယ္႔ ကြ်န္ေတာ္တို႔ဟာ ခံစစ္ေၾကာင္းမွာ ေကာင္းေကာင္းကစားႏိုင္ခဲ႔ပါတယ္၊

အခုဆိုရင္ ကြ်န္ေတာ္တို႔ဟာ ေျခစြမ္းတိုးတက္လာဖို႔ ဆက္ၾကိဳးစားရမွာ ျဖစ္ျပီး ပြဲတုိင္းအတြက္ အဆင္သင္႔ျပင္ထားဖို႔ လိုပါတယ္၊ ကြ်န္ေတာ္တို႔ဟာ ပြဲတိုင္းကို အႏိုင္အတြက္သာ ကစားၾကျပီး အျမဲတမ္းလည္း အႏိုင္ရယူခ်င္ေနတဲ႔ အသင္းျဖစ္ပါတယ္” လို႔ေျပာၾကားသြားခဲ႔ပါတယ္။

Unicode


ယူနိုက်တက်ကို ကြိုတင်သတိပေးလိုက်တဲ့ ဘာစီလိုနာနောက်ခံလူ
ဘာစီလိုနာဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ပထမပိုင်း (၁၂) မိနစ်မှာရရှိခဲ့တဲ့ လုခ်ရှောရဲ့ Own Goal နဲ့အတူ အနိုင်ရလဒ်ကို ဖော်ဆောင်သွားနိုင်ခဲ့ပြီး နူးကမ့်မှာ လက်ခံယှဉ်ပြိုင်သွား ရမယ့် ဒုတိယအကျော့ပွဲစဉ်အတွက် အဖိုးတန် အ ဝေးဂိုး တစ်ဂိုး အသာစီးရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာ မယ့်အပတ် အင်္ဂါနေ့ညမှာ ကစားမယ့် ဒုတိယ အကျော့ ပွဲစဉ်မတိုင်ခင်မှာတော့ ဆီမီဒိုက “ဒုတိယအကျော့ပွဲစဉ်ဟာ အရေးကြီးတဲ့ ပွဲစဉ်ဖြစ်လာပါပြီ၊ ရလဒ်ကောင်းတစ်ခုကိုတော့ ကျွန်တော်တို့ စွမ်းဆောင်ထားပါတယ်” လို့ဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ယူနိုက်တက်အနေနဲ့ (၁၆)သင်းအဆင့်မှာ ပီအက်စ်ဂျီ အသင်းကို ဒုတိယအကျော့မှာ အကောင်းဆုံးတုန့်ပြန်နိုင် ခဲ့တာနဲ့ ပတ်သက်လို့ “ဒီအတွက် ကျွန်တော်တို့စိတ်မပူပါဘူး၊ ဘာလို့လဲဆိုတော့ ယူနိုက်တက်ဟာ သူတို့ဟာ အသင်း ကောင်း တစ်သင်းဖြစ်ကြောင်း ပြသခဲ့တာပါ၊ ဒါပေမယ့် သူတို့ ဒီထက်ပိုပြီးအင်အားတောင့်တင်းတဲ့ ကျွန်တော်တို့ အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်” “ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ကျွန်တော်တို့ အသင်းဟာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်၊ ပွဲစဉ်တိုင်းမှာ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးစွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်၊ ပွဲပြီးခါနီးမှာ သူတို့ဟာ အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပေမယ့် ကျွန်တော်တို့ဟာ ခံစစ်ကြောင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်၊ အခုဆိုရင် ကျွန်တော်တို့ဟာ ခြေစွမ်းတိုးတက်လာဖို့ ဆက်ကြိုးစားရမှာ ဖြစ်ပြီး ပွဲတိုင်းအတွက် အဆင်သင့်ပြင်ထားဖို့ လိုပါတယ်၊ ကျွန်တော်တို့ဟာ ပွဲတိုင်းကိုအနိုင်အတွက်သာ ကစားကြပြီး အမြဲတမ်းလည်း အနိုင်ရယူချင်နေတဲ့ အသင်းဖြစ်ပါတယ်” လို့ပြောကြားသွားခဲ့ပါတယ်။