Home » Sport » စေမာလင္း ေပးလုိက္တဲ့ ဒဏ္ရာေၾကာင့္ အေတာ္နာက်င္ခဲ့ ရေပမယ့္ ယူႏုိက္တက္နဲ႔ ပဲြအမွီ ျပန္လာႏုိင္ မဲ့ မက္ဆီ

စေမာလင္း ေပးလုိက္တဲ့ ဒဏ္ရာေၾကာင့္ အေတာ္နာက်င္ခဲ့ ရေပမယ့္ ယူႏုိက္တက္နဲ႔ ပဲြအမွီ ျပန္လာႏုိင္ မဲ့ မက္ဆီ

စေမာလင္း ေပးလုိက္တဲ့ ဒဏ္ရာေၾကာင့္ အေတာ္နာက်င္ခဲ့ ရေပမယ့္ ယူႏုိက္တက္နဲ႔ ပဲြအမွီ ျပန္လာႏုိင္ မဲ့ မက္ဆီ

အိုးထရက္ဖို႔ဒ့္မွာ ကစားသြားခဲ႔တဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ႔ ပြဲစဥ္မွာ ဘာစီလိုနာ အသင္းက ယူႏိုက္တက္ အသင္းကို ၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ႔႔ပါတယ္။ဘာစီလိုနာ အတြက္ အႏိုင္ဂိုးကို ေတာ့ ပြဲခ်ိန္၁၂ မိနစ္ မွာ ဆြာရက္ဇ္က သြင္းယူေပး ခဲ႔တာျဖစ္ျပီး စည္းျကပ္ဒိုင္က လူက်ြံေဘာ သတ္မွတ္ခဲ႔ေပမယ့္ ကြင္းလယ္ဒိုင္က VAR စနစ္နဲ႔ ျပန္ျကည့္အျပီး လုခ္ေရွာရဲ႕ ကိုယ္ဂိုးကိုယ္သြင္းယူမွဳ အျဖစ္သတ္မွတ္ခဲ႔တာျဖစ္ပါ တယ္။

ဘာစီလိုနာ အိုင္ကြန္တဦးျဖစ္တဲ႔ မက္ဆီဟာ အခုပြဲစဥ္ ပထမပိုင္း မွာ ယူႏိုက္တက္ ခံစစ္ကစားသမား စေမာလင္း ေျကာင့္ မ်က္ႏွာကို ထိခုိက္မိျပီး ႏွာေခါင္းေသြးယုိုစီးမွဳပါ ျဖစ္သြားခဲ႕ပါတယ္။ ဒါ့အျပင္ အတြင္းေျက ေဝဒနာမ်ိဳးပါ ခံစားသြားခဲ႔ရတာျဖစ္လို႔ ဘာစီလိုနာ နဲ႕ နည္းျပ ဗယ္ဗာဒီတို႔ အတြက္ ေတြးပူစရာျဖစ္ သြား ခဲ႔ရပါတယ္။ မက္ဆီရဲ႕ ဒဏ္ရာအေျခအေန ဟာဘယ္ေလာက္အထိ ဆိုးရြားျပင္းထန္တယ္ဆိုတာကို မသိရေသးဘူး လို႔ နည္းျပ ဗယ္ဗာဒီ က ဝန္ခံသြားခဲ႔ျပီး ၾကာသပေတးေန႔မွာ စစ္ေဆးသြားမွာျဖစ္တယ္လိုသတင္းေပးခဲ႔ပါတယ္။ ပြဲအျပီး အင္တာ ဗ်ဴးတခုမွာ – – – ” ထိခိုက္မွဳ ျကံုေတြ႔ခဲ႔ရအျပီးမွာ မက္ဆီဟာ သက္ေတာင့္သက္သာ ရီွိေနပံုမရပါဘူး။

သူဘယ္ လိုျဖစ္သြား တယ္ဆိုတာ ၊ဘယ္လိုအေျခအေန ရွိေနတယ္ဆိုတာကို မနက္ျဖန္မွာ က်ြန္ေတာ္တို႔စစ္ေဆးသြားဖို႔ရွိေနပါတယ္။သူဟာ ျကံ့ ခိုင္ သန္မာတဲ႔ လူတေယာက္ျဖစ္ေပမယ့္ျပင္းထန္တဲ႕ အတြင္းေျက ေဝဒနာ ခံစားသြားခဲ႔ရပံုပါပဲ “လို႔ေျပာျပသြားခဲ႔ပါတယ္။ ဒုတိယအေက်ာ့မွာေတာ့ ယူႏိုက္တက္ ကုိ ဘာစီလိုနာတို႔ရဲ႕ အိမ္ကြင္းၾကီးႏူးကမ့္ မွာ ဧျပီလ ၁၇ ရက္ေန႔မွာ ဧည့္ခံကစား သြားရမွာပဲ ျဖစ္ပါတယ္။

Unicode


စမောလင်း ပေးလိုက်တဲ့ ဒဏ်ရာကြောင့် အတော်နာကျင်ခဲ့ ရပေမယ့် ယူနိုက်တက်နဲ့ ပွဲအမှီ ပြန်လာနိုင် မဲ့ မက်ဆီ
အိုးထရက်ဖို့ဒ့်မှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းက ယူနိုက်တက် အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့့ပါတယ်။ဘာစီလိုနာ အတွက် အနိုင်ဂိုးကို တော့ ပွဲချိန်၁၂ မိနစ် မှာ ဆွာရက်ဇ်က သွင်းယူပေး ခဲ့တာဖြစ်ပြီး စည်းကြပ်ဒိုင်က လူကျွံဘောသတ်မှတ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR စနစ်နဲ့ ပြန်ကြည့်အပြီး လုခ်ရှောရဲ့ ကိုယ်ဂိုးကိုယ်သွင်းယူမှု အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာ အိုင်ကွန်တဦးဖြစ်တဲ့ မက်ဆီဟာ အခုပွဲစဉ် ပထမပိုင်း မှာ ယူနိုက်တက် ခံစစ်ကစားသမား စမောလင်း ကြောင့် မျက်နှာကို ထိခိုက်မိပြီး နှာခေါင်းသွေးယိုုစီးမှုပါ ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် အတွင်းကြေ ဝေဒနာမျိုးပါ ခံစားသွားခဲ့ရတာဖြစ်လို့ ဘာစီလိုနာ နဲ့ နည်းပြ ဗယ်ဗာဒီတို့ အတွက် တွေးပူစရာဖြစ် သွား ခဲ့ရပါတယ်။ မက်ဆီရဲ့ ဒဏ်ရာအခြေအနေ ဟာဘယ်လောက်အထိ ဆိုးရွားပြင်းထန်တယ်ဆိုတာကို မသိရသေးဘူး လို့ နည်းပြ ဗယ်ဗာဒီ က ဝန်ခံသွားခဲ့ပြီး ကြာသပတေးနေ့မှာ စစ်ဆေးသွားမှာဖြစ်တယ်လိုသတင်းပေးခဲ့ပါတယ်။ ပွဲအပြီး အင်တာ ဗျူးတခုမှာ – – – ” ထိခိုက်မှု ကြုံတွေ့ခဲ့ရအပြီးမှာ မက်ဆီဟာ သက်တောင့်သက်သာ ရှီိနေပုံမရပါဘူး။ သူဘယ် လိုဖြစ်သွား တယ်ဆိုတာ ၊ဘယ်လိုအခြေအနေ ရှိနေတယ်ဆိုတာကို မနက်ဖြန်မှာ ကျွန်တော်တို့စစ်ဆေးသွားဖို့ရှိနေပါတယ်။သူဟာ ကြံ့ ခိုင် သန်မာတဲ့ လူတယောက်ဖြစ်ပေမယ့်ပြင်းထန်တဲ့ အတွင်းကြေ ဝေဒနာ ခံစားသွားခဲ့ရပုံပါပဲ “လို့ပြောပြသွားခဲ့ပါတယ်။ ဒုတိယအကျော့မှာတော့ ယူနိုက်တက် ကို ဘာစီလိုနာတို့ရဲ့ အိမ်ကွင်းကြီးနူးကမ့် မှာ ဧပြီလ ၁၇ ရက်နေ့မှာ ဧည့်ခံကစား သွားရမှာပဲ ဖြစ်ပါတယ်။