Home » Celebrity News » မြို့တော်ဝန်မဟာသင်္ကြန်ဖွင့်ပွဲမှာ ကပြသီဆိုဖျော်ဖြေခဲ့တဲ့ ခိုင်နှင်းဝေ

မြို့တော်ဝန်မဟာသင်္ကြန်ဖွင့်ပွဲမှာ ကပြသီဆိုဖျော်ဖြေခဲ့တဲ့ ခိုင်နှင်းဝေ

မြို့တော်ဝန်မဟာသင်္ကြန်ဖွင့်ပွဲမှာ ကပြသီဆိုဖျော်ဖြေခဲ့တဲ့ ခိုင်နှင်းဝေ

Zawgyi Font


Image may contain: 1 person, smiling, standing



Image may contain: 2 people, people smiling, people standing


Image may contain: 1 person, standing and on stage


Image may contain: 1 person, on stage, standing and indoor

Source From khine hnin wai

 

Unicode Font

ယနေ့ သင်္ကြန်အကြိုနေ့မှာ ခိုင်နှင်းဝေက မြို့တော်ဝန်မဟာသင်္ကြန် ဖွင့်ပွဲမှာ သီချင်းများနဲ့သီဆိုကပြဖျော်ဖြေခဲ့ပါတယ်။

ခိုင်နှင်းဝေက သရုပ်ဆောင်ပိုင်းမှာသာမက ဂီတပိုင်းနဲ့မြန်မာ့အကဟန်မှာပါ ထူးချွန်လှတဲ့ အနုပညာရှင်ဖြစ်ပါတယ်။ မြို့တော်ဝန်မဟာသင်္ကြန် ဖွင့်ပွဲမှာ ဖျော်ဖြေခဲ့တဲ့ ပုံလေးများကိုလည်း မျှဝေခဲ့ပါတယ်။

“မြို့တော်ဝန်မဟာသင်္ကြန် ဖွင့်ပွဲ နှင့် အရှေ့ပိုင်းခရိုင် သာကေတ မြို့နယ် မဏ္ဏပ် ဖွင့်ပွဲ မှာ သီဆိုဖျော်ဖြေခဲ့တဲ့ ပုံလေးတွေပါ..သင်္ကြန် အကြိုနေ့မှစပြီး သင်္ကြန် ၄ ရက်လုံး ချစ်တဲ့ ပရိသတ်ကြီး ပျော်ရွှင်ကြပါစေရှင်…” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီလ (၁၃) ရက်နေ့က ရေးသားခဲ့တာပါ။

ခိုင်နှင်းဝေဟာ သက်ကြီးရွယ်အိုများနဲ့ ကလေးငယ်များရဲ့အားကိုးရာ ရင်ခွင်တစ်ခုနဲ့ လက်တစ်စုံဖြစ်ခဲ့ပြီး စိတ်ထားမွန်မြတ်ပြီး အများအကျိုးဆောင်ရွက်တဲ့ ပရဟိတအလုပ်များကြောင့် ပရဟိတဆုတံဆိပ်များကိုပါ ရရှိခဲ့ပါတယ်။

ခိုင်နှင်းဝေဟာ အခုဆိုရင် သားလေး (၃) ယောက် သမီးလေး (၂) ယောက် ဗိုက်ထဲက (၁) ယောက်ရဲ့မိခင်ဖြစ်နေပြီး အနုပညာလုပ်ငန်းများကိုလည်း ကြိုးစားလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ရင်ခွင်မဲ့ ဂေဟာ ကိုဆောက်နေတာလည်း ဖြစ်ပါတယ်။ ခိုင်နှင်းဝေရဲ့ ကလေးငယ်လေးအတွက် ဦးစားပေးပြီးရိုက်ထားတဲ့ သက်ငယ်မုဒိမ်းပညာပေးဇာတ်ကား ‘ပန်းရိုင်းမျက်ရည်’ ရုပ်ရှင်ကားကို ရုံတင်ခွင့်မရသေးဘူးလို့လည်း သိရပါတယ်။