Home » Celebrity News » သမီးေလးနဲ႕ေရွာ့ပင္ထြက္ရင္း ပရိသတ္မ်ားက သမီးေလးကို ၀ိုင္းခ်စ္ၾကေတာ့ ပီတိေတြေ၀ေနတဲ့ ခိုင္ႏွင္းေ၀

သမီးေလးနဲ႕ေရွာ့ပင္ထြက္ရင္း ပရိသတ္မ်ားက သမီးေလးကို ၀ိုင္းခ်စ္ၾကေတာ့ ပီတိေတြေ၀ေနတဲ့ ခိုင္ႏွင္းေ၀

သမီးေလးနဲ႕ေရွာ့ပင္ထြက္ရင္း ပရိသတ္မ်ားက သမီးေလးကို ၀ိုင္းခ်စ္ၾကေတာ့ ပီတိေတြေ၀ေနတဲ့ ခိုင္ႏွင္းေ၀

Zawgyi Font

ေမေမခိုင္ႏွင္းေ၀က သၾကၤန္တြင္း သမီးေလးအတြက္ လိုအပ္တဲ့ပစၥည္းမ်ားကို ၀ယ္ရင္း ေရွာ့ပင္ထြက္ခဲ့ၾကပါတယ္။ ဆင္ရုပ္အကၤ်ီဆင္တူေလးနဲ႕သားအမိႏွစ္ေယာက္ အရမ္းကိုခ်စ္ဖို႕ေကာင္းေနေတာ့ ပရိသတ္မ်ားက ေမေမ့ထက္ သမီးေလးကို ပိုၿပီး၀ိုင္းခ်စ္ေနၾကတာေတြ႕ရတဲ့အခါ ေမေမတစ္ေယာက္ အေတာ္ေလးပီတိေတြျဖာေနပါတယ္။

Image may contain: 2 people, people smiling

“သမီးေလးနဲ႔ Shopping Day 💸💸💸 သႀကၤန္တြင္းသမီးေလးအတြက္ လိုအပ္တဲ့ ႏို႔မႈန္႔ နဲ႔ အသံုးအေဆာင္ေတြရယ္, အိမ္အတြက္လိုအပ္တာေတြရယ္ ဝယ္ဖို႔ Shopping ေပါ့ … အရင္ကဆို အျပင္သြားရင္ က်မကိုၾကည့္ၾက, ဓာတ္ပံုေတြလာရိုက္ၾကနဲ႔ အခုေတာ့ သမီးေလးက က်မထပ္ ပိုလို႔ေတာင္ ခ်စ္ခင္တဲ့သူမ်ားၿပီးသမီးေလးကိုပဲဝိုင္းၾကည့္ၿပီးခ်စ္ေနၾကေတာ့ ေမေမကပီတိေတြကိုျဖစ္လို႔ 💗” ဆိုၿပီး သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ဧၿပီလ (၁၂) ရက္ေန႕က ေရးသားခဲ့ပါတယ္။

Image may contain: 3 people, people smiling

ေစ်း၀ယ္ရင္ တြန္းလွည္းေလးထဲထည့္ၿပီး ေခၚေခၚသြားတဲ့ ခုိင္ႏွင္းေ၀က သမီးေလးက သူမအတြက္ အေဖာ္ေလးျဖစ္သလို အျပင္သြားလို႕ သမီးမပါရင္ သမီးေလးရဲ႕ဗီဒီယိုေလးေတြ ၾကည့္ေနမိတယ္လို႕ ဆိုပါတယ္။

“သမီးေလးကိုတြန္းလွည္းေလးထဲထည့္ၿပီး က်မေစ်းဝယ္သမၽွေခၚသြားတာေလ, အခုဆိုရင္က်မရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို သမီးေလးက ေနရာယူထားၿပီ… ဘယ္သြားသြားသူ႔ကိုေခၚသြားခ်င္တယ္. သမီးမပါပဲ အျပင္သြားေနရရင္ေတာင္ သမီးေလးရဲ႕videoေလးေတြဖြင့္ၾကည့္ေနမိတယ္…” လို႕ ေရးသားခဲ့ပါတယ္။

Image may contain: 3 people, people smiling, people standing and food

သမီးေလးနဲ႕ သူမအၾကားက သံေယာဇဥ္ေလးကို ေျပာျပခဲ့ၿပီး သမီးေလးက သူမထက္ ေတာ္ရမယ္၊ ထက္ျမက္ရမယ္လို႕ ဆက္လက္ေျပာျပခဲ့ပါတယ္။

“သံေယာဇဥ္ဆိုတာ ေမတၱာတရားအေပၚအေျခခံၿပီးမွျဖစ္ေပၚလာတတ္တာမ်ိဳး ❤

သမီးေလးအေပၚမွာ က်မဘယ္ေလာက္ေတာင္ ခ်စ္ျခင္းေမတၱာေတြနဲ႔ေႏွာင္ဖြဲ႕ေနမိၿပီလဲဆိုတာ က်မကိုယ္က်မေတာင္ မသိေတာ့ပါဘူး… က်မ ေျပာရဲတဲ့စကားတစ္ခုရွိတယ္ ,,, *** က်မ သမီးေလး က်မထပ္ ေတာ္ရမယ္,ထက္ျမက္ရမယ္, လူသားေတြအတြက္အက်ိဳးျပဳသူတစ္ေယာက္ျဖစ္ေစရမယ္*** လို႔ေပါ့ သမီးေလးရဲ႕ေမေမ ခိုင္ႏွင္းေဝ” လို႕ ေရးသားခဲ့ပါတယ္။

Image may contain: 1 person

ခိုင္ႏွင္းေ၀ဟာ အခုဆုိရင္ သားေလး (၃) ေယာက္ သမီးေလး (၂) ေယာက္ ဗိုက္ထဲက (၁) ေယာက္ရဲ႕မိခင္ျဖစ္ေနၿပီး အႏုပညာလုပ္ငန္းမ်ားကိုလည္း ၾကိဳးစားလုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ ရင္ခြင္မဲ့ ေဂဟာ ကိုေဆာက္ေနတာလည္း ျဖစ္ပါတယ္။ ခုိင္ႏွင္းေ၀ရဲ႕ ကေလးငယ္ေလးအတြက္ ဦးစားေပးၿပီးရိုက္ထားတဲ့ သက္ငယ္မုဒိမ္းပညာေပးဇာတ္ကား ‘ပန္းရိုင္းမ်က္ရည္’ ရုပ္ရွင္ကားကို ရံုတင္ခြင့္မရေသးဘူးလို႕လည္း သိရပါတယ္။

Image may contain: 2 people, people smiling

သၾကၤန္အၾကိဳေန႕မွာ ခိုင္ႏွင္းေ၀က ၿမိဳ႕ေတာ္ဝန္မဟာသၾကၤန္ ဖြင့္ပြဲမွာ သီခ်င္းမ်ားနဲ႕သီဆိုကျပေဖ်ာ္ေျဖခဲ့ပါတယ္။

Image may contain: 1 person

Image may contain: 2 people, people smiling, indoor and food

Source From khine hnin wai

 

Unicode Font

မေမေခိုင်နှင်းဝေက သင်္ကြန်တွင်း သမီးလေးအတွက် လိုအပ်တဲ့ပစ္စည်းများကို ဝယ်ရင်း ရှော့ပင်ထွက်ခဲ့ကြပါတယ်။ ဆင်ရုပ်အင်္ကျီဆင်တူလေးနဲ့သားအမိနှစ်ယောက် အရမ်းကိုချစ်ဖို့ကောင်းနေတော့ ပရိသတ်များက မေမေ့ထက် သမီးလေးကို ပိုပြီးဝိုင်းချစ်နေကြတာတွေ့ရတဲ့အခါ မေမေတစ်ယောက် အတော်လေးပီတိတွေဖြာနေပါတယ်။

“သမီးလေးနဲ့ Shopping Day 💸💸💸 သင်္ကြန်တွင်းသမီးလေးအတွက် လိုအပ်တဲ့ နို့မှုန့် နဲ့ အသုံးအဆောင်တွေရယ်, အိမ်အတွက်လိုအပ်တာတွေရယ် ဝယ်ဖို့ Shopping ပေါ့ … အရင်ကဆို အပြင်သွားရင် ကျမကိုကြည့်ကြ, ဓာတ်ပုံတွေလာရိုက်ကြနဲ့ အခုတော့ သမီးလေးက ကျမထပ် ပိုလို့တောင် ချစ်ခင်တဲ့သူများပြီးသမီးလေးကိုပဲဝိုင်းကြည့်ပြီးချစ်နေကြတော့ မေမေကပီတိတွေကိုဖြစ်လို့ 💗” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီလ (၁၂) ရက်နေ့က ရေးသားခဲ့ပါတယ်။

စျေးဝယ်ရင် တွန်းလှည်းလေးထဲထည့်ပြီး ခေါ်ခေါ်သွားတဲ့ ခိုင်နှင်းဝေက သမီးလေးက သူမအတွက် အဖော်လေးဖြစ်သလို အပြင်သွားလို့ သမီးမပါရင် သမီးလေးရဲ့ဗီဒီယိုလေးတွေ ကြည့်နေမိတယ်လို့ ဆိုပါတယ်။

“သမီးလေးကိုတွန်းလှည်းလေးထဲထည့်ပြီး ကျမစျေးဝယ်သမျှခေါ်သွားတာလေ, အခုဆိုရင်ကျမရဲ့အချိန်တော်တော်များများကို သမီးလေးက နေရာယူထားပြီ… ဘယ်သွားသွားသူ့ကိုခေါ်သွားချင်တယ်. သမီးမပါပဲ အပြင်သွားနေရရင်တောင် သမီးလေးရဲ့videoလေးတွေဖွင့်ကြည့်နေမိတယ်…” လို့ ရေးသားခဲ့ပါတယ်။

သမီးလေးနဲ့ သူမအကြားက သံယောဇဉ်လေးကို ပြောပြခဲ့ပြီး သမီးလေးက သူမထက် တော်ရမယ်၊ ထက်မြက်ရမယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

“သံယောဇဉ်ဆိုတာ မေတ္တာတရားအပေါ်အခြေခံပြီးမှဖြစ်ပေါ်လာတတ်တာမျိုး ❤

သမီးလေးအပေါ်မှာ ကျမဘယ်လောက်တောင် ချစ်ခြင်းမေတ္တာတွေနဲ့နှောင်ဖွဲ့နေမိပြီလဲဆိုတာ ကျမကိုယ်ကျမတောင် မသိတော့ပါဘူး… ကျမ ပြောရဲတဲ့စကားတစ်ခုရှိတယ် ,,, *** ကျမ သမီးလေး ကျမထပ် တော်ရမယ်,ထက်မြက်ရမယ်, လူသားတွေအတွက်အကျိုးပြုသူတစ်ယောက်ဖြစ်စေရမယ်*** လို့ပေါ့ သမီးလေးရဲ့မေမေ ခိုင်နှင်းဝေ” လို့ ရေးသားခဲ့ပါတယ်။

ခိုင်နှင်းဝေဟာ အခုဆိုရင် သားလေး (၃) ယောက် သမီးလေး (၂) ယောက် ဗိုက်ထဲက (၁) ယောက်ရဲ့မိခင်ဖြစ်နေပြီး အနုပညာလုပ်ငန်းများကိုလည်း ကြိုးစားလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ရင်ခွင်မဲ့ ဂေဟာ ကိုဆောက်နေတာလည်း ဖြစ်ပါတယ်။ ခိုင်နှင်းဝေရဲ့ ကလေးငယ်လေးအတွက် ဦးစားပေးပြီးရိုက်ထားတဲ့ သက်ငယ်မုဒိမ်းပညာပေးဇာတ်ကား ‘ပန်းရိုင်းမျက်ရည်’ ရုပ်ရှင်ကားကို ရုံတင်ခွင့်မရသေးဘူးလို့လည်း သိရပါတယ်။

သင်္ကြန်အကြိုနေ့မှာ ခိုင်နှင်းဝေက မြို့တော်ဝန်မဟာသင်္ကြန် ဖွင့်ပွဲမှာ သီချင်းများနဲ့သီဆိုကပြဖျော်ဖြေခဲ့ပါတယ်။