Home » Celebrity News » အကြိုနေ့ကို MNTV သင်္ကြန်မှာ အမြူးကြွဆုံး သီဆိုဖျော်ဖြေခဲ့တဲ့ အိမ့်ချစ်

အကြိုနေ့ကို MNTV သင်္ကြန်မှာ အမြူးကြွဆုံး သီဆိုဖျော်ဖြေခဲ့တဲ့ အိမ့်ချစ်

အကြိုနေ့ကို MNTV သင်္ကြန်မှာ အမြူးကြွဆုံး သီဆိုဖျော်ဖြေခဲ့တဲ့ အိမ့်ချစ်

Zawgyi Font


Image may contain: one or more people and people on stage


Image may contain: 7 people, people smiling, people standing and sunglasses


Image may contain: 3 people, people smiling, people sitting

Source From eint chit

 

Unicode Font

အိမ့်ချစ်က ဒီနှစ်သင်္ကြန်ကို ရန်ကုန်မြို့မှာပဲ ဖြတ်သန်းနေတာတွေ့ရပြီး MNTV မဏ္ဍပ်မှာ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။ “အကြိုနေ့ ပျော်စရာ MNTV သင်္ကြန်” ဆိုပြီး ဧပြီလ (၁၃) ရက်နေ့က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

MNTV မဏ္ဍပ်မှာ စည်သူလွင်နဲ့ အခြားသော တေးသံရှင်များကလည်း ပါဝင်သီဆိုပေးခဲ့ပါတယ်။ အိမ့်ချစ်ဟာ အနုပညာလှုပ်ရှားမှုအနေနဲ့ လတ်တလောမှာတော့ ဖျော်ဖြေရေးပွဲများကို သွားရောက်သီဆိုပေးနေတာ ဖြစ်ပါတယ်။

အိမ့်ချစ်ဟာ ဖခင်ဖြစ်သူ ချစ်ကောင်းနဲ့အတူတွဲပြီး သီချင်းများသီဆိုရင်း ဂီတလောကထဲသို့ စတင်အခြေချဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အိမ့်ချစ်ဟာ ဖခင်နဲ့အတူ 528 concert show ပွဲကြီးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။ တစ်ကိုယ်တော်အခွေများကတော့ (၂၀၁၂) ခုနှစ်မှာ ‘ကိုယ်တိုင်ရေးပုံတူ’ ဆိုတဲ့ တေးစီးရီး၊ (၂၀၁၅) ခုနှစ်မှာ ‘အချစ်ရေး’ ဆိုတဲ့ တေးစီးရီးနဲ့ (၂၀၁၆) ခုနှစ်မှာ ‘အောင်မြင်မှုနောက်ကွယ်’ ဆိုတဲ့ တေးစီးရီး စတဲ့ အခွေများကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။