Home » Celebrity News » သၾကၤန္အၾကိဳေန႕ ညေနပိုင္းမွာ သီခ်င္းဆိုဖို႕ေစာင့္ေနၾကတဲ့ ေဇာ္ပိုင္နဲ႕ မေခ်ာ (၅) ဦး

သၾကၤန္အၾကိဳေန႕ ညေနပိုင္းမွာ သီခ်င္းဆိုဖို႕ေစာင့္ေနၾကတဲ့ ေဇာ္ပိုင္နဲ႕ မေခ်ာ (၅) ဦး

သၾကၤန္အၾကိဳေန႕ ညေနပိုင္းမွာ သီခ်င္းဆိုဖို႕ေစာင့္ေနၾကတဲ့ ေဇာ္ပိုင္နဲ႕ မေခ်ာ (၅) ဦး

Zawgyi Font

ေဇာ္ပိုင္က ဒီႏွစ္သၾကၤန္ကို ေနျပည္ေတာ္ ပ်ဥ္းမနားက Sky Net မ႑ပ္မွာ ေဖ်ာ္ေျဖေရးအတြက္ ေရာက္ရွိေနတာကို ေတြ႕ရၿပီး ဇနီးသည္ကလည္း လုိက္ပါအားေပးခဲ့ပါတယ္။ မေခ်ာ (၅) ဦးျဖစ္တဲ့ တင္ဇာေမာ္၊ ေခ်ာစုခင္၊ ေကာ္နီ၊ ဆုန္သင္းပါရ္နဲ႕ နီနီ၀င္းေဖတို႕သူငယ္ခ်င္းတစ္သိုက္ကပါ ေရာက္ရွိေနခဲ့တာ ျဖစ္ပါတယ္။

Image may contain: 2 people, people smiling, people standing, shoes and outdoor

ညေနပိုင္း သီခ်င္းဆိုဖို႕ေစာင့္ေနရင္း ေဇာ္ပိုင္တို႕ဇနီးေမာင္ႏွံနဲ႕အတူ မေခ်ာ (၅) ဦးတို႕က အမွတ္တရဓာတ္ပံုမ်ားရိုက္ခဲ့ၾကပါတယ္။

“🎶အႀကိဳေန႔ညေန, ဆိုဘို႔ေစာင့္ေနၾကသူမ်ား🎶💕” ဆိုၿပီး သူ႕ရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ဧၿပီလ (၁၃) ရက္ေန႕က ေရးသားခဲ့ပါတယ္။

ေဇာ္ပိုင္နဲ႕ မမီမီေနမင္း၀င္းတို႕ဟာ (၂၀၀၁) ခုႏွစ္က ေတြ႕ဆံုခဲ့ၾကၿပီး တစ္ဦးနဲ႕တစ္ဦးစံုမက္ကာ ေရႊလက္တြဲခဲ့ၾကၿပီးေနာက္ ခ်စ္စရာေကာင္းတဲ့ သားေခ်ာေလး ေရႊပိုင္ကို ပိုင္ဆိုင္ခဲ့ၾကပါတယ္။

Image may contain: 9 people, people smiling, people sitting and sunglasses

ေဇာ္ပိုင္ရဲ႕ျဖတ္သန္းလာတဲ့ ဂီတသက္တမ္းတေလွ်ာက္ ထြက္ရွိခဲ့တဲ့ စံုတြဲေတးစီးရီးအေခြမ်ားနဲ႕ တစ္ကိုယ္ေတာ္အေခြမ်ားကလည္း ယေန႕တုိင္ ေအာင္ျမင္ေနခဲ့ပါတယ္။ စံုတြဲအေခြမ်ားကေတာ့ ေဇာ္ပိုင္+ေခ်ာစုခင္ရဲ႕ ‘ႏွစ္ေယာက္တည္းကမာၻ’ နဲ႕ ‘အၾကင္နာအင္အား’ ၊ ေဇာ္ပိုင္+Lဆုိင္းဇီရဲ႕ ‘ခ်စ္တတ္လာၿပီ’ ၊ ေဇာ္ပိုင္+ျဖဴျဖဴေက်ာ္သိန္း+ နီနီခင္ေဇာ္+ အုိင္ရင္းဇင္မာျမင့္တို႕ရဲ႕ ‘ZPNI’ ၊ တစ္ကိုယ္ေတာ္အေခြမ်ားကေတာ့ ‘ခိုင္ျမဲေသာအခ်စ္’ ၊ ‘မိုးေကာင္းကင္သစ္’ ၊ ‘အေမာေျပ’ ၊ ‘အမိန္႕’ ၊ ‘ပင္လယ္ၿမိဳ႕ျပ’ ၊ ‘ၿမိဳ႕အ၀င္ည’ ၊ ‘ျပဳသူအသစ္’ အစရွိတဲ့ အေခြမ်ားထဲက အခ်ိဳ႕ေသာ ေတးသီခ်င္းမ်ားက ႏွစ္မ်ားစြာၾကာသည့္တိုင္ အသက္၀င္ရွင္သန္ေနဆဲ ျဖစ္ပါတယ္။

Image may contain: 4 people, people smiling, people standing and indoor

Source From zaw paing

 

Unicode Font

ဇော်ပိုင်က ဒီနှစ်သင်္ကြန်ကို နေပြည်တော် ပျဉ်းမနားက Sky Net မဏ္ဍပ်မှာ ဖျော်ဖြေရေးအတွက် ရောက်ရှိနေတာကို တွေ့ရပြီး ဇနီးသည်ကလည်း လိုက်ပါအားပေးခဲ့ပါတယ်။ မချော (၅) ဦးဖြစ်တဲ့ တင်ဇာမော်၊ ချောစုခင်၊ ကော်နီ၊ ဆုန်သင်းပါရ်နဲ့ နီနီဝင်းဖေတို့သူငယ်ချင်းတစ်သိုက်ကပါ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
ညနေပိုင်း သီချင်းဆိုဖို့စောင့်နေရင်း ဇော်ပိုင်တို့ဇနီးမောင်နှံနဲ့အတူ မချော (၅) ဦးတို့က အမှတ်တရဓာတ်ပုံများရိုက်ခဲ့ကြပါတယ်။

“🎶အကြိုနေ့ညနေ, ဆိုဘို့စောင့်နေကြသူများ🎶💕” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီလ (၁၃) ရက်နေ့က ရေးသားခဲ့ပါတယ်။

ဇော်ပိုင်နဲ့ မမီမီနေမင်းဝင်းတို့ဟာ (၂၀၀၁) ခုနှစ်က တွေ့ဆုံခဲ့ကြပြီး တစ်ဦးနဲ့တစ်ဦးစုံမက်ကာ ရွှေလက်တွဲခဲ့ကြပြီးနောက် ချစ်စရာကောင်းတဲ့ သားချောလေး ရွှေပိုင်ကို ပိုင်ဆိုင်ခဲ့ကြပါတယ်။

ဇော်ပိုင်ရဲ့ဖြတ်သန်းလာတဲ့ ဂီတသက်တမ်းတလျှောက် ထွက်ရှိခဲ့တဲ့ စုံတွဲတေးစီးရီးအခွေများနဲ့ တစ်ကိုယ်တော်အခွေများကလည်း ယနေ့တိုင် အောင်မြင်နေခဲ့ပါတယ်။ စုံတွဲအခွေများကတော့ ဇော်ပိုင်+ချောစုခင်ရဲ့ ‘နှစ်ယောက်တည်းကမ္ဘာ’ နဲ့ ‘အကြင်နာအင်အား’ ၊ ဇော်ပိုင်+Lဆိုင်းဇီရဲ့ ‘ချစ်တတ်လာပြီ’ ၊ ဇော်ပိုင်+ဖြူဖြူကျော်သိန်း+ နီနီခင်ဇော်+ အိုင်ရင်းဇင်မာမြင့်တို့ရဲ့ ‘ZPNI’ ၊ တစ်ကိုယ်တော်အခွေများကတော့ ‘ခိုင်မြဲသောအချစ်’ ၊ ‘မိုးကောင်းကင်သစ်’ ၊ ‘အမောပြေ’ ၊ ‘အမိန့်’ ၊ ‘ပင်လယ်မြို့ပြ’ ၊ ‘မြို့အဝင်ည’ ၊ ‘ပြုသူအသစ်’ အစရှိတဲ့ အခွေများထဲက အချို့သော တေးသီချင်းများက နှစ်များစွာကြာသည့်တိုင် အသက်ဝင်ရှင်သန်နေဆဲ ဖြစ်ပါတယ်။