Home » Gallery » Health » ကြို့ ထိုးခြင်း ပြေပျောက်စေမယ့် နည်းလမ်း(၅) မျိုးကိုဖော်ပြပေးလိုက်ပါတယ်….

ကြို့ ထိုးခြင်း ပြေပျောက်စေမယ့် နည်းလမ်း(၅) မျိုးကိုဖော်ပြပေးလိုက်ပါတယ်….

ကြို့ ထိုးခြင်း ပြေပျောက်စေမယ့် နည်းလမ်း(၅) မျိုးကိုဖော်ပြပေးလိုက်ပါတယ်….

<<< Zawgyi ဖြင့်ဖတ်ရန် >>>
အစာချေလမ်းကြောင်းပေါ်မှာ ပြသနာတစ်ခုခုရှိနေပြီဖြစ်ြေ ကာင်းကို ဦးနှောက်က ၀မ်းဗိုက်သို့  “ကြို့ ထိုးခြင်း” ဖြင့် အချက်ပြလေ့ ရှိုတယ်လို့  အမေရိကန် ဆေးသုတေသီများကဆိုပါတယ်။
လေ့လာစမ်းစစ်မှုများအရ၊ ကလေးငယ်များတွင် မကြာခဏ ကြို့ ထိုး လေ့ ရှိကြပြီး၊ အရွယ်ရောက်သူများမှာတော့ အနည်းဆုံး တစ်နှစ်လျှင် ၃-ကြိမ် မျှ ကြို့ ထိုးကြပါတယ်တဲ့။ ကြို့ ထိုးခြင်းဖြင့် အသက်မတိုစေနိုင်ပါ။ များသောအားဖြင့် ကြို့ ထိုးခြင်းက မိနစ်အနည်းငယ်အတွင်း သူ့ အလိုလို ပျောက်သွား စေသော်လဲ၊

တခါတရံမှာတော့ တော်တော်နဲ့ မပျောက်လို့ စိတ်ကသိကအောက် ဖြစ်စေပါတယ်။ အောက်ပါ နည်းလမ်းများက ကြို့ ထိုးခြင်းကို ပြေပျောက်စေ၍့၊ လိုအပ်သလို လေ့လာမှတ်သားအသုံးချနိုင်ပါ တယ်။

(၁) သကြား(သို့ မဟုတ်)အိုဗာတင်းအမှုန့် (သို့ မဟုတ်)ချောကလက်မှုန့် ၁-ဇွန်းစာ ပမာဏကို လျှာပေါ်တင်၍၊ အာခါင်နှင့် လျှာ ပွတ်တိုက်မျိုချပေးခြင်းက အစာလေပြွန်ကို လှုပ်ရှားအောင်လှုံ့ ဆော် ပေးရာရောက်ကာ ကြို့ ထိုးပျောက်သွားစေပါတယ်။

(၂) နားနှစ်ဘက်ထဲ လက်ချောင်းထဲ့ပေးခြင်းက အကြားအာရုံကြောကို ခေတ္တဆိုင်းငံ့စေကာ ကြို့ ထိုးခြင်းကို အဆုံးသတ်သွား စေကြောင်း Discovery Fit & Health ဟုအမည်ရသော အမေရိကန်ဆေးဂျာနယ်တွင်ဖော်ြ ပထားပါတယ်။ (နားအတွင်းထဲအထိ လက်ချောင်းထိုးထဲ့ပေးဖို့  မလိုအပ်ပါ)

(၃) ကြို့ ထိုးနေသူကို မထင်မှတ်သောစကားဖြင့် အံသြစိတ်တိုအောင်ပြောပေးခြ င်းဖြင့် ကြို့ ထိုးခြင်းကို ပြေပျောက်သွား စေပါ တယ်။

(၄) ကြို့ ထိုးနေစဉ် ကြားဖြတ်ပြီး သောက်ရေကို ဂလု..ဂလု မျိုချခြင်း (သို့ မဟုတ်) ပလုပ်ကျင်းခြင်းတို့ က အာရုံကြော အဖွဲ့ အစည်းကို အပြောင်းအလဲ သဘောမျိုးဖြစ်သွားစေပါတယ်။

(၅) လျှာကို ဆတ်ခနဲဆွဲထုတ်ခြင်းကလည်း ကြို့ ထိုးပျောက်စေတဲ့ နည်းလမ်းပါဘဲ။




 


 


 


 


 


 


Ref : GoodHealth