Home » Gallery » Health » နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းကြောင့် ရရှိလာနိုင်တဲ့ခန္ဓာကိုယ်ကောင်းကျိုးများ (၃) ခုကို ဖော်ပြပေးလိုက်ပါတယ်….

နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းကြောင့် ရရှိလာနိုင်တဲ့ခန္ဓာကိုယ်ကောင်းကျိုးများ (၃) ခုကို ဖော်ပြပေးလိုက်ပါတယ်….

နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းကြောင့် ရရှိလာနိုင်တဲ့ခန္ဓာကိုယ်ကောင်းကျိုးများ (၃) ခုကို ဖော်ပြပေးလိုက်ပါတယ်….

<<< Zawgyi ဖြင့်ဖတ်ရန် >>>

ကျန်းမာခြင်းသည်လာဘ်တစ်ပါးလို့ဆိုသလိုပါပဲ။ လူတစ်ယောက်ရဲ့ပျော်ရွှင်မှုတွေဖြစ်တဲ့ ငွေကြေးချမ်းသာမှု၊ သာယာတဲ့မိသားစုဘဝလေးပိုင်ဆိုင်ထားပြီး အောင်မြင်တဲ့ဘဝတစ်ခုတွေရဖို့အတွက် ကိုယ်ကိုယ်တိုင်ကိုက ကျန်းမာရေးကောင်းနေမှသာလျှင် ပျော်ရွှင်မှုတွေကို အရယူနိုင်ဖို့အတွက် စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ဟာ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်နိုင်တာတို့၊ အားကစားတစ်ခုကိုလုပ်ဖို့အတွက် အချိန်သီးသန့်မပေးနိုင်တာ၊ အားကစားလုပ်မယ့်နေရာဆီကို သက်သက်ကြီးမသွားနိုင်တဲ့အခြေအနေမျိုး ကြုံနေခဲ့မယ်ဆိုရင်တော့ အပမ်းလည်းမကြီး အချိန်ကုန်သက်သာပြီး အကျိုးရှိစေမယ့် ကိုယ်လက်လှုပ်ရှားနည်းတစ်ခုကို ညွှန်းချင်ပါတယ်။

အဲဒါကတော့ လမ်းလျှောက်ခြင်းပါ။ လမ်းလျှောက်တာဟာ သူ့အတွက်အချိန်သီးသန့်ပေးစရာမလိုဘဲ လွယ်ကူထိရောက်စေတဲ့ ကိုယ်လက်လှုပ်ရှားနည်းတစ်မျိုးဖြစ်ပါတယ်။ အမောမခံနိုင်သူတွေအတွက်လည်း အထူးသင့်လျော်ပါတယ်။ ဒီအပြင် အိမ်အပြင်မထွက်ဖြစ်တဲ့ အိမ်ရှင်မတွေအတွက်လည်း ဈေးသွားဈေးပြန်လိုအချိန်မျိုးမှာပါ တွဲပြီးလုပ်နိုင်ပြီး ရုံးသမားများဖို့လည်း ရုံးကနေအိမ်ကိုလမ်းလျှောက်ပြန်တာတို့ပြုလုပ်နိုင်ပါတယ်။ လမ်းလျှောက်တာဟာ သိပ်အကျိုးမရှိလှပါဘူးလို့ ထင်ရပေမယ့်လည်း တစ်နေ့ကို အနည်းဆုံးမိနစ်၂၀လောက်လမ်းလျှောက်ပေးရုံနဲ့ သင့်ခန္ဓာကိုယ်အတွက် အံ့မခမ်းအကျိုးကျေးဇူးတွေကို ရရှိနိုင်ပြီး ကောင်းသောပြောင်းလဲခြင်းတွေကိုလည်း ကြုံတွေ့ရတတ်ပါတယ်။ ဘာတွေလဲဆိုတာ တစ်ချက်လောက်ကြည့်လိုက်ကြရအောင်ပါနော်။

(၁) လမ်းလျှောက်ခြင်းဟာ ဦးနှောက်ကျန်းမာရေးအခြေအနေကို ကောင်းမွန်တဲ့တိုးတက်မှုတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ဥပမာ အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းမှကာကွယ်ပေးနိုင်ကာ စိတ်ဓာတ်ကျခြင်းတို့၊ စိတ်ဖိဆီးမှုများခြင်းတို့ကို လျော့နည်းပေါတယ်။

(၂) လမ်းလျှောက်တာနဲ့အမြင်အာရုံနဲ့ဆက်စပ်နေတယ်ဆိုတာရော သင်ကြားဖူးပါလား။ လူတစ်ယောက်ရဲ့ခြေထောက်တွေနဲ့ မျက်လုံးနဲ့ဟာတကယ်တော့ချိတ်ဆက်လက်ျရှိပါတယ်။ လမ်းလျှောက်စဉ်မျာ အမျက်လုံးကြွက်သားဖိအားတွေကို လျော့နည်းစေတာကြောင့် အမြင်အာရုံပိုကောင်းလာနိုင်ပြီး ရေတိမ်ဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

(၃) နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်တဲ့အတွက် လမ်းလျှောက်တာကို အထင်တော့သေးလို့မရပါဘူး။ သွေးဖိအားတွေလျော့စေပြီး ကိုလက်စရောတွေလည်းလျော့ကျကာ သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။







Ref : Healthy Food Vibes