Home » Gallery » Health » အသက်ရှည်ချင်ရင် ရှောင်ရမယ့်အရာ(၇)မျိုးကို ဖော်ပြပေးလိုက်ပါတယ်….

အသက်ရှည်ချင်ရင် ရှောင်ရမယ့်အရာ(၇)မျိုးကို ဖော်ပြပေးလိုက်ပါတယ်….

အသက်ရှည်ချင်ရင် ရှောင်ရမယ့်အရာ(၇)မျိုးကို ဖော်ပြပေးလိုက်ပါတယ်….

<<< Zawgyi ဖြင့်ဖတ်ရန် >>>

လူတိုင်း ကျန်းမာချမ်းသာစွာနဲ့ အသက်ရှည်ရှည် နေလိုကြပါတယ်။ အဲဒီလို နေနိုင်ဖို့အတွက်လည်း ကြိုးစားနေကြသလို၊
အချို့ကတော့ အမှုမဲ့၊ အမှတ်မဲ့နေကာ ဘ၀ကို စိတ်ကြိုက်ပျော်ရွှင်စွာ ဖြတ်သန်းကြတာမျိုးလည်း ရှိပါတယ်။ ဒီတော့ အသက်ရှည်ရှည်နေလိုသူတိုင်း အောက်ပါ အချက်(၇)ချက်ကို ရှောင်ရှားကြဖို့တိုက်တွန်းလိုက်ပါတယ်။

(၁) အသင့်စား အစားအစာတွေကို ရှောင်ပါ

အသင့်စား အစားအစာတွေဟာ စားသုံးသူတွေကို စွဲဆောင်ဖို့အတွက် ကျန်းမာရေးနဲ့ မညီမျှတဲ့ အရသာမှုန့်တွေ၊ ဓါတု
ဆိုးဆေးတွေ၊ ကယ်လိုရီအလွန်အမင်း မြင့်မားစွာ ပါဝင်မှုတွေ ရှိပါတယ်။ လူကို ဒုက္ခရောက်စေနိုင်တဲ့ အစားအစာတွေ ဖြစ်
ပါတယ်။

(၂) ဆေးလိပ်ဖြတ်ပါ

ငွေကုန်ကြေးကျသက်သာစွာနဲ့ လူကို ဒုက္ခအပေးဆုံးထဲမှာတော့ ဆေးလိပ်ကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ ဆေးလိပ်
မှာပါတဲ့ နီကိုတင်းဓာတ်ဟာ အဆုပ်ကင်ဆာ အစရှိတဲ့ ရောဂါဆိုးတွေကို ဖြစ်စေနိုင်ပါတယ်။

(၃) အထိုင်မများပါစေနဲ့

အထိုင်များတဲ့ လူမှာ အစာခြေစနစ်၊ ကိုယ်နေဟန်ထား၊ သွေးလည်ပတ်မှု၊ ကယ်လိုရီလောင်ကျွမ်းနိုင်စွမ်း၊ ကြွက်သားနဲ့အ
ရိုးအကြောတွေကို ဒဏ်တွေ ဖြစ်စေပါတယ်။ အထိုင်များရင် ကျန်းမာရေးကို တစ်နေ့တစ်ခြား ပိုမို ဆိုးဝါးစေကာ အသက်
တိုစေနိုင်ပါတယ်။

(၄) အာဂတ၊ မစ္စရိယ၊ ဒေါသ မထားပါနဲ့

အသက်တိုစေကြောင်းထဲမှာ စိတ်ကို အများကြီး ဖိအားတွေပေးနိုင်တဲ့ အာဂတ၊ မစ္စရိယ၊ ဒေါသ-စသည်တို့ဟာလည်း
ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒါတွေကို စိတ်ထဲ ထားရင် အသက် တိုကြောင်းပါဘဲ။

(၅) အရက်နဲ့ မူးယစ်ဆေးဝါးကို ရှောင်ပါ

ကျန်မာရေးကို ဆိုးဝါးစေနိုင်တဲ့ အရက်နဲ့ မူးယစ်ဆေးဝါးကို လုံးဝ ရှောင်ရှားခြင်းဟာလည်း အသက်ကို ရှည်စေနိုင်ပါ
တယ်။ အရက်နဲ့ မူးယစ်ဆေးဟာ စွဲနေသူအဖို့ ဖြတ်တောက်ဖို့ ခက်ခဲ့တဲ့ အရာဖြစ်ပြီး တစ်ဖြည်းဖြည်း အရက်နဲ့ မူး
ယစ်ဆေးရဲ ကျေးကျွန်ဘ၀ကို ရောက်စေကာ အသက် တိုစေပါတယ်။

(၆) အိပ်ရေးအပျက်မခံပါနဲ့

အိပ်ရေးပျက်ပါ များတဲ့သူမှာ မလိုအပ်ဘဲ ဖိအားတွေကို ဖိတ်ခေါ်ရာ ရောက်ပါတယ်။ အိပ်ရေးပျက်ခြင်းဟာလည်း လူ့စိတ်
မှာ ဖိအားအရမ်းများခြင်းတွေနဲ့ ဆက်စပ်နေပြီး အသက်ကို တိုစေနိုင်ပါတယ်။

(၇) ကြောက်စိတ်ကို ဖယ်ရှားပါ

ကြောက်စိတ်ဟာ ဖိအားတစ်မျိုးပါဘဲ။ ကြောက်စိတ်ကို ဖက်တွယ်ထားတဲ့သူဟာ အခြားဖိအားတွေကိုလည်း စိတ်မှာ အ
လွယ်တကူ လက်ခံရစေနိုင်ပါတယ်။ ဒါကြောင့် ကြောက်စိတ်ကို လုံးဝ ရှင်းရှင်းလင်းလင်း ဖယ်ရှားဖို့ လိုပါတယ်။















(၄) အာဂတ၊ မစ်စရိယ၊ ဒေါသ မထားပါနဲ့













Ref : Mystyle