Home » Celebrity News » ဆုပန်ထွာရဲ့ သီဆိုဖျော်ဖြေမှုကို စင်အောက်ကနေ လက်တွေမြှောက်ပြီး အားပေးနေကြတဲ့ သားအဖ

ဆုပန်ထွာရဲ့ သီဆိုဖျော်ဖြေမှုကို စင်အောက်ကနေ လက်တွေမြှောက်ပြီး အားပေးနေကြတဲ့ သားအဖ

ဆုပန်ထွာရဲ့ သီဆိုဖျော်ဖြေမှုကို စင်အောက်ကနေ လက်တွေမြှောက်ပြီး အားပေးနေကြတဲ့ သားအဖ

Zawgyi Font


Image may contain: 3 people

Image may contain: 1 person, on stage, standing and outdoor



Image may contain: 4 people, people smiling, shoes and outdoor


Image may contain: 3 people, people smiling, outdoor

Image may contain: 3 people, people standing and outdoor


 

Source From supan htwar

 

Unicode Font

ဆုပန်ထွာက ဒီနှစ်သင်္ကြန်ကို သာယာဝတီမြို့က မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်မှာကျခဲ့ပြီး သီချင်းများနဲ့သီဆိုဖျော်ဖြေခဲ့ပါတယ်။ ဆုပန်ထွာနဲ့အတူ ခင်ပွန်းနဲ့သားလေးကပါ လိုက်ပါအားပေးခဲ့ပါတယ်။
ဆုပန်ထွာက သင်္ကြန်အကျနေ့မှာ ဖြတ်သန်းခဲ့တဲ့ ပုံရိပ်လေးများကိုမျှဝေပါတယ်။ သားလေးနဲ့ ခင်ပွန်းက စင်အောက်ကနေ ဆုပန်ထွာရဲ့သီဆိုမှုများကို အပီအပြင်အားပေးနေတာကို တွေ့ရမှာပါ။

“14.4.2019 (သင်္ကြန် အကျနေ့)”သာယာဝတီမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဏာပ်”” ဆိုပြီး ဧပြီလ (၁၄) ရက်နေ့က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။

ဆုပန်ထွာက သူမကိုချစ်သော ခင်ပွန်းကောင်းနဲ့ ချစ်စရာကောင်းတဲ့ သားချောလေးကို ပိုင်ဆိုင်ခဲ့ပြီး သာယာအေးချမ်းသော မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားခဲ့ပါပြီ။ အနုပညာလှုပ်ရှားမှုများကို သိပ်မတွေ့ရတော့ဘဲ လူမှုရေးလုပ်ငန်းများကိုသာ လုပ်နေတာတွေ့ရပါတယ်။

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ (၂၀၁၅) ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ က အမေရိကန်နိုင်ငံ Santa Monica ကမ်းခြေမှာ မင်္ဂလာပွဲပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ (၂၀၁၆) ခုနှစ်တွင်  သားလေး Roar Kyaw လေးကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ (၂၀၁၉) ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် သူမတို့ရဲ့ မင်္ဂလာသက်တမ်း (၄) နှစ်ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေကြပြီ ဖြစ်ပါတယ်။