Home » Celebrity News » စင်မြင့်ထက်မှာ သီဆိုဖျော်ဖြေနေစဉ် သီချင်းစာသားလွဲသွားတဲ့ ချမ်းမြေ့မောင်ချို

စင်မြင့်ထက်မှာ သီဆိုဖျော်ဖြေနေစဉ် သီချင်းစာသားလွဲသွားတဲ့ ချမ်းမြေ့မောင်ချို

စင်မြင့်ထက်မှာ သီဆိုဖျော်ဖြေနေစဉ် သီချင်းစာသားလွဲသွားတဲ့ ချမ်းမြေ့မောင်ချို

Zawgyi Font




 

Video From Original Uploader

အားကိုးမယ်​​နော်​ချမ်း​မြေ့​မောင်​ချို

Posted by Nyi Aaung on Saturday, April 13, 2019

 

Unicode Font

‘အားကိုးမယ်နော်’ သီချင်းနဲ့သီဆိုဖျော်ဖြေပေးခဲ့တဲ့ ချမ်းမြေ့မောင်ချိုက စင်မြင့်ပေါ်မှာ အကောင်းဆုံးသီဆိုပေးခဲ့ပြီး အောက်ကပရိသတ်အများအပြားက သူမရဲ့သီဆိုမှုကို ခုန်ပေါက်ပြီး အားပေးခဲ့ကြပါတယ်။

ချမ်းမြေ့မောင်ချိုက သီချင်းအစပိုင်းမှာ မှန်မှန်ကန်ကန်နဲ့သီဆိုခဲ့ပြီး ပရိသတ်များကလည်း လိုက်ပါသီဆိုပေးခဲ့ပါတယ်။ ပရိသတ်များထံ မိုက်ထိုးပေးခဲ့ပြီး ပြန်လည်သီဆိုလိုက်တဲ့အခါမှာတော့ သီချင်းစာသားလွဲသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူမရဲ့အလွဲလေးကို အချိန်မှီပြန်လည်ပြင်ဆင်ပြီး အဆုံးထိ အောင်မြင်စွာ သီဆိုပြသွားနိုင်ခဲ့ပါတယ်။
Myanmar Idol Season 3 ပြိုင်ပွဲကြီးရဲ့ ဒုတိယဆုကို ရရှိခဲ့တဲ့ ချမ်းမြေ့မောင်ချို  ဟာ အသံလေးချိုမြမြနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် သူမကိုချစ်သော ပရိတ်သတ်များကို ရရှိခဲ့ပါတယ်။ ချမ်းမြေ့မောင်ချို ဟာ ပြိုင်ပွဲကြီးပြီးသည့်နောက်ပိုင်းတွင် အနုပညာအလုပ်များကို အဆက်မပြတ် ကြိုးစားလုပ်ကိုင်နေပြီး နယ်ပွဲတွေကိုလည်း သွားရောက်ဖျော်ဖြေပေးနေရပါတယ်။