Home » Celebrity News » ကားနဲ့လည်ရင် ကားပေါ်မှာစနောက်ခဲ့သလို စင်ပေါ်မှာလည်း မျက်နှာပြောင်နိုင်ခဲ့ပြီဆိုတဲ့ ချမ်းမြေ့မောင်ချို

ကားနဲ့လည်ရင် ကားပေါ်မှာစနောက်ခဲ့သလို စင်ပေါ်မှာလည်း မျက်နှာပြောင်နိုင်ခဲ့ပြီဆိုတဲ့ ချမ်းမြေ့မောင်ချို

ကားနဲ့လည်ရင် ကားပေါ်မှာစနောက်ခဲ့သလို စင်ပေါ်မှာလည်း မျက်နှာပြောင်နိုင်ခဲ့ပြီဆိုတဲ့ ချမ်းမြေ့မောင်ချို

Zawgyi Font


Image may contain: 1 person, sitting



Image may contain: 2 people, people smiling, people sitting



Source From chanmyae mgcho

 

Unicode Font

ချမ်းမြေ့မောင်ချိုက အရင်က ကားနဲ့လည်ရင် ကားပေါ်က လူများအချင်းချင်း စနောက်ခဲ့ကြပြီး ဒီနှစ်သင်္ကြန်မှာတော့ စင်ပေါ်ကနေ မျက်နှာပြောင်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

အရင်နှစ်သင်္ကြန်များမှာ ချမ်းမြေ့မောင်ချိုက ကားနဲ့သင်္ကြန်လည်ပြီး ကားပေါ်က လူတွေနဲ့မျက်နှာပြောင်တယ်လို့ဆိုပြီး ဒီနှစ်မှာတော့ စင်ပေါ်ကနေ မျက်နှာပြောင်နိုင်ပြီလို့ ဆိုခဲ့ပါတယ်။

“အရင်ကဆို ကားနဲ့လည်ရင် ကားပေါ်ကလူတွေအချင်းချင်း နဲ့ မျက်နှာပြောင်နေကြ စကြနောက်ကြ အခုတော့ စင်ပေါ်ကနေ မျက်နှာပြောင်နိုင်ပီ 🤣🤣🤣 အဟေးးးးး အဟ 🤣😛 အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ ချစ်ရတဲ့ မိုင်းစတုံးလေးများ ♥️♥️♥️ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ပျော်ရွှင်နိုင်ပါစေ ❤️❤️❤️” ဆိုပြီး ဧပြီလ (၁၃) ရက်နေ့ (၁၁) နာရီ (၄၂) မိနစ်မှာ သူမရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

ဒီနှစ်သင်္ကြန်မှာ ‘အားကိုးမယ်နော်’ သီချင်းနဲ့သီဆိုဖျော်ဖြေပေးခဲ့တဲ့ ချမ်းမြေ့မောင်ချိုက စင်မြင့်ပေါ်မှာ အကောင်းဆုံးသီဆိုပေးခဲ့ပြီး အောက်ကပရိသတ်အများအပြားက သူမရဲ့သီဆိုမှုကို ခုန်ပေါက်ပြီး အားပေးခဲ့ကြပါတယ်။

ချမ်းမြေ့မောင်ချိုက သီချင်းအစပိုင်းမှာ မှန်မှန်ကန်ကန်နဲ့သီဆိုခဲ့ပြီး ပရိသတ်များကလည်း လိုက်ပါသီဆိုပေးခဲ့ပါတယ်။ ပရိသတ်များထံ မိုက်ထိုးပေးခဲ့ပြီး ပြန်လည်သီဆိုလိုက်တဲ့အခါမှာတော့ သီချင်းစာသားလွဲသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူမရဲ့အလွဲလေးကို အချိန်မှီပြန်လည်ပြင်ဆင်ပြီး အဆုံးထိ အောင်မြင်စွာ သီဆိုပြသွားနိုင်ခဲ့ပါတယ်။