Home » Cinema » ဒီလထဲမွာ ျပသသြားေတာ့မယ့္ အဆုိေတာ္ေတြေနတဲ႔ရြာ ရုပ္ရွင္ကားႀကီး

ဒီလထဲမွာ ျပသသြားေတာ့မယ့္ အဆုိေတာ္ေတြေနတဲ႔ရြာ ရုပ္ရွင္ကားႀကီး

ဒီလထဲမွာ ျပသသြားေတာ့မယ့္ အဆုိေတာ္ေတြေနတဲ႔ရြာ ရုပ္ရွင္ကားႀကီး

 

ႏုိင္ငံေက်ာ္ ေတးသံရွင္ႀကီးတစ္ဦးျဖစ္သလုိ လက္ရွိ လူႀကိဳက္အရမ္းမ်ားေနတဲ႔ သီခ်င္းဆုိၿပိဳင္ပြဲတစ္ခုျဖစ္တဲ႔ Myanmar Idol မွာပါ ဒုိင္လူႀကီးအျဖစ္ ေဆာင္ရႊက္ေနတဲ႔ ေတးသံရွင္ ျမန္မာျပည္သိန္းတန္နဲ႔ ဇနီးသည္ ႏုနႏၵာသန္းတုိ႔ ပါဝင္သရုပ္ေဆာင္ထားၾကတဲ႔ အဆုိေတာ္ေတြေနတဲ႔ရြာ ရုပ္ရွင္ကားႀကီးကေတာ့ လာမယ့္ ၾသဂုတ္လ ၂၄ရက္ေန႔ကေနစတင္ၿပီး ရုံတင္ျပေပးသြားေတာ့မွာပဲျဖစ္ပါတယ္။

ဂီတကို အရမ္းရူးသြပ္ၾကသူေတြ ေနထုိင္ၾကတဲ႔ ရြာေလးတစ္ရြာမွာ Rock , HipHop , Punk နဲ႔ ျမန္မာသံ ႀကိဳက္ၾကသူ အဖြဲ႕ေလးဖြဲ႕ကေနကုိယ္ယ့္အဖြြဲ႕ကသာ ေကာင္းတယ္ တျခားအဖြဲ႕က မေကာင္းဘူးဆုိၿပီး အျငင္းပြားမႈေလးေတြ ျဖစ္ေပၚလာပုံကုိ ဟာသဆန္ဆန္ ရုိက္ကူးေပးထားျဖစ္ပါတယ္။ ဒီဇာတ္ကားႀကီးထဲမွာ မင္းေမာ္ကြန္း ၊ ေဇရဲထက္ ၊ မုိ႔မုိ႔ျမင္ေအာင္ ၊ ေရႊမႈံရတီ ၊ ခင္လႈိင္ ၊ ဒိန္းေဒါင္တုိ႔နဲ႔အတူ ဦးသိန္းတန္တုိ႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ အားျဖည့္ပါဝင္ထားပါတယ္။ ေက်းလက္ေတာရႊာရဲ႕ သဘာဝအလွ ၊ အားအင္တင့္ေတာင္းလွတဲ႔ သရုပ္ေဆာင္အင္အား ၊ မၿပံဳးပဲ ဝါးလုံးကြဲရယ္ရမယ့္ ဟာသေတြေၾကာင့္ ဒီဇာတ္ကားႀကီးကုိ မျဖစ္မေန လာေရာက္ၾကည့္ရွုသင့္ပါေၾကာင္း တုိက္တြန္းလုိက္ရပါတယ္ခင္ဗ်ာ။

 

 

 

နိုင်ငံကျော် တေးသံရှင်ကြီးတစ်ဦးဖြစ်သလို လက်ရှိ လူကြိုက်အရမ်းများနေတဲ့ သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ Myanmar Idol မှာပါ ဒိုင်လူကြီးအဖြစ် ဆောင်ရွှက်နေတဲ့ တေးသံရှင် မြန်မာပြည်သိန်းတန်နဲ့ ဇနီးသည် နုနန္ဒာသန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အဆိုတော်တွေနေတဲ့ရွာ ရုပ်ရှင်ကားကြီးကတော့ လာမယ့် သြဂုတ်လ ၂၄ရက်နေ့ကနေစတင်ပြီး ရုံတင်ပြပေးသွားတော့မှာပဲဖြစ်ပါတယ်။

ဂီတကို အရမ်းရူးသွပ်ကြသူတွေ နေထိုင်ကြတဲ့ ရွာလေးတစ်ရွာမှာ Rock , HipHop , Punk နဲ့ မြန်မာသံ ကြိုက်ကြသူ အဖွဲ့လေးဖွဲ့ကနေကိုယ်ယ့်အဖွွဲ့ကသာ ကောင်းတယ် တခြားအဖွဲ့က မကောင်းဘူးဆိုပြီး အငြင်းပွားမှုလေးတွေ ဖြစ်ပေါ်လာပုံကို ဟာသဆန်ဆန် ရိုက်ကူးပေးထားဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ မင်းမော်ကွန်း ၊ ဇေရဲထက် ၊ မို့မို့မြင်အောင် ၊ ရွှေမှုံရတီ ၊ ခင်လှိုင် ၊ ဒိန်းဒေါင်တို့နဲ့အတူ ဦးသိန်းတန်တို့ ဇနီးမောင်နှံနှစ်ယောက် အားဖြည့်ပါဝင်ထားပါတယ်။ ကျေးလက်တောရွှာရဲ့ သဘာဝအလှ ၊ အားအင်တင့်တောင်းလှတဲ့ သရုပ်ဆောင်အင်အား ၊ မပြုံးပဲ ဝါးလုံးကွဲရယ်ရမယ့် ဟာသတွေကြောင့် ဒီဇာတ်ကားကြီးကို မဖြစ်မနေ လာရောက်ကြည့်ရှုသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။