Home » Cinema » ၂၀၁၉ခုနှစ်မှာ ရုံတင်ပြသတော့မယ့် John Wick 3: Parabellum

၂၀၁၉ခုနှစ်မှာ ရုံတင်ပြသတော့မယ့် John Wick 3: Parabellum

၂၀၁၉ခုနှစ်မှာ ရုံတင်ပြသတော့မယ့် John Wick 3: Parabellum

ကမ္ဘာကျော်ဇာတ်ကားတစ်ကားဖြစ်တဲ့ “John Wick” ရဲ့ ပရိသတ်တွေအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်အချိန် ရောက်ရှိလို့လာခဲ့ပါပြီ။ “John Wick” ဇာတ်ကားရဲ့အဆက်ဖြစ်တဲ့ “John Wick 3” ကို ၂၀၁၉ခုနှစ် မေလ ၁၇ရက်နေ့မှာ နိုင်ငံတကာရုပ်ရှင်ရုံကြီးများမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

“John Wick 3: Parabellum” ဇာတ်ကားမှာ Keanu Reeves နဲ့အတူ Halle Berry က Sofia ဇာတ်ကောင်အဖြစ်လည်းကောင်း၊ Jason Mantzoukas က Tick-Tock man အဖြစ်လည်းကောင်း Angelica Houston က ဒါရိုက်တာအဖြစ်လည်းကောင်း ပါဝင်ရိုက်ကူးထားကြကြောင်း John Wick Movie ရဲ့ twitter စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပါတယ်။ ယခင် Mr.Wick အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ Laurence Fishburne က Bowery King အဖြစ်လည်းကောင်း၊ Ian McShane က Winston အဖြစ်လည်းကောင်း၊ Lance Reddick က Charon အဖြစ်လည်းကောင်း ပြန်လည်ပါဝင်လာကြဦးမယ်လို့လဲ ဖော်ပြထားပါတယ်။ ဒီဇာတ်ကားမှာတော့ ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ First John Wick ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Chad Stahelski က ဆက်လက်ရိုက်ကူးထားတာဖြစ်ပါတယ်။

Ref : Providr