Home » Cinema » ယခုနှစ်အတွင်းရုံတင်နိုင်ရန်ကြိုးစားနေတဲ့ ‘ငါ၏အမိန့်’ ရုပ်ရှင်ဇာတ်ကားကြီး

ယခုနှစ်အတွင်းရုံတင်နိုင်ရန်ကြိုးစားနေတဲ့ ‘ငါ၏အမိန့်’ ရုပ်ရှင်ဇာတ်ကားကြီး

ယခုနှစ်အတွင်းရုံတင်နိုင်ရန်ကြိုးစားနေတဲ့ ‘ငါ၏အမိန့်’ ရုပ်ရှင်ဇာတ်ကားကြီး

ပြည်တွင်းထိပ်တန်းမင်းသမီးဖြစ်တဲ့ မိုးဟေကိုနဲ့အတူ အကယ်ဒမီမင်းသားများဖြစ်ကြတဲ့ မြင့်မြတ်နဲ့ ထွန်းထွန်းတို့ တွဲဖက်ပါဝင်သရုပ်ဆောင်မယ့် ‘ငါ၏အမိန့်’ ရုပ်ရှင်ဇာတ်ကားကြီးကို ယခုနှစ်အတွင်းမှာရုံတင်နိုင်ရန် ကြိုးစားလျက်ရှိတယ်လို့သိရပါတယ်။ ဇာတ်ကားကိုတော့ ဒါရိုက်တာစတီးက ရိုက်ကူးထားပြီး ချစ်သူရှိတဲ့မိန်းကလေးကို အရူးအမူးချစ်မိခဲ့တဲ့ ဗီလိန်ဆန်ဆန်စိတ္တဇဝေဒနာရှင်ကောင်လေးတစ်ယောက်အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ မကြာမီက ဇာတ်ကားပိုစတာနမူနာထွက်ရှိခဲ့ပြီး ပါဝင်တဲ့မင်းသားနှစ်ယောက်ရဲ့ နာမည်ထားသိုမှုနဲ့ပတ်သတ်ပြီး အငြင်းပွားမှုများရှိနေတယ်လို့သိရပါတယ်။

Ref : World of Film Stars