Home » Funny » “ဖွင့်ပွဲနေ့မှာ ၀င်ငွေအများဆုံး ရရှိခဲ့တဲ့ Incredibles 2 ရုံတင်ဇာတ်လမ်း…” ဖွင့်ပွဲနေ့မှာ ၀င်ငွေအများဆုံး ရရှိခဲ့တဲ့ Incredibles 2 ရုံတင်ဇာတ်လမ်း…

“ဖွင့်ပွဲနေ့မှာ ၀င်ငွေအများဆုံး ရရှိခဲ့တဲ့ Incredibles 2 ရုံတင်ဇာတ်လမ်း…” ဖွင့်ပွဲနေ့မှာ ၀င်ငွေအများဆုံး ရရှိခဲ့တဲ့ Incredibles 2 ရုံတင်ဇာတ်လမ်း…

“ဖွင့်ပွဲနေ့မှာ ၀င်ငွေအများဆုံး ရရှိခဲ့တဲ့ Incredibles 2 ရုံတင်ဇာတ်လမ်း…” ဖွင့်ပွဲနေ့မှာ ၀င်ငွေအများဆုံး ရရှိခဲ့တဲ့ Incredibles 2 ရုံတင်ဇာတ်လမ်း…

Funny Post Article
Posted on June 22, 2018Edit “ဖွင့်ပွဲနေ့မှာ ၀င်ငွေအများဆုံး ရရှိခဲ့တဲ့ Incredibles 2 ရုံတင်ဇာတ်လမ်း…”
ဖွင့်ပွဲနေ့မှာ ၀င်ငွေအများဆုံး ရရှိခဲ့တဲ့ Incredibles 2 ရုံတင်ဇာတ်လမ်း…

>>Zawgyi Code<< ၂၁ရာစုအစမှာ စတင်ထွက်ရှိခဲ့တဲ့ The Incredibles ဆိုတဲ့ ကာတွန်းကားကို တော်တော်များများ မှတ်မိကြမယ်ထင်ပါတယ်။ ထွက်ကာစမှာ လူကြိုက်အများဆုံး ကာတွန်းဇာတ်လမ်းတွေထဲက တစ်ခု ဖြစ်ခဲ့သလို ယခု Brad Bird နဲ့ Pixar တို့ ပူးပေါင်းပြီး ၁၄ နှစ်အကြာမှ ပြန်လည်ရိုက်ကူးတဲ့ The Incredibles ဟာလည်း Box Office ရဲ့ ဖွင့်ပွဲနေ့မှာ ၀င်ငွေအများဆုံး ကာတွန်းဇာတ်လမ်းတွေထဲက တစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒီကာတွန်းဇာတ်လမ်းအတွက် short movie အပါအ၀င် trailer များစွာ ထုတ်လွှင့်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ အာရုံကို ဖမ်းစားခဲ့ပြီး ယခု ၂၀၁၈ မှာမှ အကောင်အထည် ဖော်ခဲ့တာဖြစ်ပါတယ်။ သဘာဝလွန် စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ Parr မိသားစု တစ်နည်းအားဖြင့် The Incredibles မိသားစုက သူတို့ရဲ့ ပါဝါတွေနဲ့ ကမ္ဘာကြီးကို အန္တရာယ်ပြုမယ့် သူတွေရန်ကနေ ကာကွယ်ဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်။ The Incredibles 2 မှာတော့ အဓိက ဇာတ်ကောင်တွေ ဖြစ်တဲ့ The Incredibles မိသားစုအပြင် Frozone နဲ့ တခြားသော စွမ်းအားရှင်အသစ်တွေ ပါဝင်လာဦးမှာ ဖြစ်ပြီး အရမ်းကို ချစ်ဖို့ကောင်းတဲ့ စွမ်းအားရှင်ကလေးလေး Jack Jack ကို ချစ်စဖွယ် တွေ့မြင်ခံစားရဦးမှာ ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံတကာမှာ ကြည့်ရှုနှုန်းအား အလွန်ကောင်းနေပြီး စတင်ပြသတဲ့ အပတ်မှာ ဒေါ်လာ သန်း ၁၈၀ ရရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီအတိုင်းဆိုရင်တော့ Incredibles 2 ဇာတ်ကားဟာ ဖွင့်ပွဲအပတ်မှာ ၀င်ငွေအကောင်းဆုံး ကာတွန်းဇာတ်လမ်း Finding Dory ရဲ့ စံချိန်ကို ချိုးနိုင်မှာ ဖြစ်ပါတယ်။ Incredibles 2 ဇာတ်ကားကို ၂၂.၆.၂၀၁၈ မှ စတင်ပြီး Mingalar နဲ့ JCGV အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ပြသတော့မှာ ဖြစ်တဲ့အတွက်ကြောင့် ရုပ်ရှင်ချစ်သူတွေအနေနဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အတူတူ အမြန်လက်မှတ်ဝယ်ယူပြီး သွားကြည့်လိုက်ဖို့ အကြံပေးပါရစေ…