Home » Cinema » ကြည့်ရှုသူအများဆုံးဖြစ်ပြီး ဝင်ငွေအများဆုံးရရှိခဲ့တဲ့ Despicable Me ကာတွန်းဇာတ်ကား

ကြည့်ရှုသူအများဆုံးဖြစ်ပြီး ဝင်ငွေအများဆုံးရရှိခဲ့တဲ့ Despicable Me ကာတွန်းဇာတ်ကား

ကြည့်ရှုသူအများဆုံးဖြစ်ပြီး ဝင်ငွေအများဆုံးရရှိခဲ့တဲ့ Despicable Me ကာတွန်းဇာတ်ကား

Universal and Illumination Entertainment မှရိုက်ကူးထုတ်လွှင့်တဲ့ ‘Despicable Me 3’ ကာတွန်းဇာတ်ကားဟာ လတ်မှတ်ရောင်းရငွေ ဒေါ်လာသန်း ၉၅၀ ရရှိခဲ့ပြီး ယခုနှစ်နွေရာသီတုန်းက လူကြိုက်အများဆုံးဇာတ်ကားဖြစ်ခဲ့ပါတယ်။ ‘Despicable Me’ ဇာတ်ကားဟာ ၂၀၁၀ ခုနှစ်မှာစတင်ပြသခဲ့တာဖြစ်ပြီး နောက်ဆုံးရုံတင်ပြသခဲ့တဲ့ ‘Despicable Me 3’ ရဲ့ဝင်ငွေ ဒေါ်လာသန်း ၉၀၀ကျော်အပါအဝင် ဝင်ငွေစုစုပေါင်း ဒေါ်လာသန်းပေါင်း ၃.၆၂၂ သန်းကျော်ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာစတင်ပြသခဲ့တဲ့ Minions ဇာတ်ကားဟာ ဒေါ်လာသန်းပေါင်း ၁.၁၅၉ သန်းရရှိခဲ့ပြီး ၂၀၀၁ခုနှစ်ကနေ ၂၀၁၁ခုနှစ်အတွင်းပြသခဲ့တဲ့ ‘Shrek’ ဇာတ်ကားဟာတော့ ဒေါ်လာသန်းပေါင်း ၃.၅၁၁သန်းအထိရရှိခဲ့ပါတယ်။ ‘Shrek’ ကာတွန်းဇာတ်ကားဟာ ဝင်ငွေအကောင်းဆုံးကာတွန်းဇာတ်ကားဖြစ်နေခဲ့ရာကနေ အခုနှစ်မှာတော့ ‘Despicable Me’ ဇာတ်ကားဟာ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်လာခဲ့ပါတယ်။

၂၀၁၃ခုနှစ်မှာရုံတင်ပြသခဲ့တဲ့ ‘Despicable Me 2’ ဇာတ်ကားဟာ Gru နဲ့ Lucy တို့ရဲ့ သမီးတွေဖြစ်တဲ့ Margo, Edith နဲ့ Agnes တို့သုံးဦးရဲ့စွန့်စားခန်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ‘Despicable Me 2’ ဇာတ်ကားရဲ့ ဒါရိုက်တာတွေကတော့ Pierre Coffin နဲ့ Kyle Balda တို့ဖြစ်ပြီး တွဲဖက်ဒါရိုက်တာကတော့ Eric Guillon ဖြစ်ပါတယ်။ ဇာတ်ညွှန်းရေးတဲ့သူတွေကတော့ Cinco Paul နဲ့ Ken Daurio ဖြစ်ပါတယ်။ ကာတွန်းရုပ်ရှင်ဖန်တီးထုတ်လုပ်သူတွေကတော့ Chris Meledandri နဲ့ Janet Healy ဖြစ်ပြီး ထုတ်လုပ်ရောင်းချသူကတော့ Chris Renaud ဖြစ်ပါတယ်။

Steve Carell နဲ့ Kristen Wiig တို့ပါဝင်သရုပ်ဖော်ထားတဲ့ ‘Despicable Me 3’ ဇာတ်ကားကိုတော့ Emmy, Tony နဲ့ Grammy ဆုတံဆိပ်တွေရရှိထားတဲ့ Trey Parker ကရိုက်ကူးထားတာဖြစ်ပြီး Balthazar Bratt နေရာမှာ အသံတုသရုပ်ဖော်အဖြစ် Parker ကဘဲ သရုပ်ဖော်ပေးထားတာဖြစ်ပါတယ်။

‘Minions 2’ ဇာတ်ကားကိုတော့ ၂၀၂၀ခုနှစ်မှာရုံတင်ပြသဖို့စီစဉ်လျှက်ရှိနေပြီး ‘Shrek 5’ ဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် သို့မဟုတ် ၂၀၂၀ ခုနှစ်မှာပြသဖို့လျာထားပါတယ်။ ‘Puss in Boots 2: Nine Lives & 40 Thieves’ ဇာတ်ကားကို ၂၀၁၈ ခုနှစ်မှာပြသဖို့စီစဉ်ထားခဲ့ပေမယ့်လဲ အမေရိကန်နိုင်ငံရဲ့ ကာတွန်းဖန်တီးရေးသားတဲ့အေဂျင်စီတစ်ခုဖြစ်တဲ့ DreamWorks က ၂၀၂၁ခုနှစ်သို့ ပြန်ရွှေ့ခဲ့ပါတယ်။

Ref : FlickeringMYTH