Home » Education » အစိုးရဘဏ်(မြန်မာ့စီးပွားရေးဘဏ်) နှင့် ပုဂ္ဂလိကဘဏ်တို့၏အတိုးနှုန်းထားများ

အစိုးရဘဏ်(မြန်မာ့စီးပွားရေးဘဏ်) နှင့် ပုဂ္ဂလိကဘဏ်တို့၏အတိုးနှုန်းထားများ

အစိုးရဘဏ်(မြန်မာ့စီးပွားရေးဘဏ်) နှင့် ပုဂ္ဂလိကဘဏ်တို့၏အတိုးနှုန်းထားများ

“ဘဏ်မှာငွေစုတော့မယ်ဆိုလျှင်
အစိုးရဘဏ်(မြန်မာ့စီးပွားရေးဘဏ်) နှင့် ပုဂ္ဂလိကဘဏ်တို့၏အတိုးနှုန်းထားများပါ……မသိသေးသောသူများ သိစေရန် ပြန်လည်မျှဝေလိုက်ပါတယ်။

ဘဏ်တိုး
တစ်နှစ်ကို .. ၈.၅%
တစ်လကို .. ၀.၇%

တစ်လအတွက် အတိုးက
ငွေ ၁၀၀ ကို .. ပြား ၇၀
ငွေ ၁၀၀၀ ကို .. ၇ကျပ်
ငွေ ၁၀၀၀၀ ကို .. ၇၀
ငွေ ၁၀၀၀၀၀ ကို .. ၇၀၀
ငွေ ၁၀ သိန်းကို … ၇၀၀၀
ငွေ ၁၀၀ သိန်းကို … တစ်လ ၇သောင်း
ငွေ သိန်း၁၀၀၀ ဆို .. တစ်လ ၇သိန်း
ငွေ သိန်း ၁၀၀၀ ကို .. တစ်နှစ်ကို ၈၅သိန်း
ရပါမယ် ..

စာရင်းသေ တစ်နှစ် အပ်ရင်တော့ တစ်နှစ်ကို ၁၀% ရပါမယ်
၁၀သိန်း ကို .. တစ်နှစ် ၁သိန်း
သိန်း၁၀၀ ကို .. တစ်နှစ် ၁၀သိန်း ..
သိန်း ၁၀၀၀ ကို .. တစ်နှစ် သိန်း ၁၀၀ အတိုးရပါမယ် ..
(တစ်နှစ် အတွင်းလုံးဝမထုတ်ရ )
(တစ်နှစ် မပြည့်ဘဲ ပြန်ထုတ်ရင် တစ်ပြားမှ မရတော့ပါ )

စာရင်းသေကို ..
၁လ .. ၃လ .. ၆လ .. ၉လ .. ၁၂လ ..
အမျိုးမျိုး ထားလို့ ရပါတယ် ..
အတိုးနှုန်း နဲနဲ စီ လျော့သွားပါမယ် ..
လ မပြည့်ဘဲ ပြန်ထုတ်ရင်တော့ အတိုး တစ်ပြားမှ မရပါဘူး ..

၁လ – ၃လ – ၆လ – ၉လ – ၁နှစ် အတွင်း လုံးဝမထုတ်တာ သေချာရင်တော့ .. ၁လ – ၃လ – ၆လ – ၉လ – ၁၂လ
စာရင်းသေ ငွေ အပ်တာက အတိုးပိုရပါတယ် ..
လကြာလေလေ .. အတိုးပိုပိုများလေလေပါ ..

ဘဏ် တစ်ခုနဲ့ တစ်ခု ..
အတိုးနှုန်း အနည်းငယ်ကွဲလွဲမှု ရှိပါတယ် ..
မိမိ အပ်မည့် ဘဏ် ဝန်ထမ်းများကို သေချာ မေးကြည့်နိုင်ပါတယ် ..

အတိုးလစဉ် ထုတ်ပေးလား ?
အစိုးရ ဘဏ်က တစ်နှစ်မှ တစ်ခါသာ – တစ်နှစ်စာအတိုးထုတ်ပေးပါတယ် … အပြင်ဘဏ်တွေကတော့ ၃လ တစ်ခါ ၃လစာ အတိုးထုတ်ပေးပါတယ် .. လစဉ် အတိုးရချင်ရင်တော့ .. မိမိ ငွေကို ၃ ပုံပုံပြီး ၁လစီ ၃လဆက်တိုက်ခွဲထည့်လိုက်ပေါ့ ။
ဒါမှ မဟုတ် အသွင်း အထုတ် မလုပ်ဘူးဆိုရင်တော့ .. စာရင်းသေ တစ်လ ထည့်ထားရင် အတိုးလည်းပိုရ တစ်လပြည့်တိုင်း အတိုးရော အရင်းပါ ပြန်ထုတ်ပေးပါတယ် ..

“Fixed account & Saving account ”
တစ်နှစ် အတွင်းလုံးဝ မထုတ်ရတဲ့ .. Fixed account “စာရင်းသေ -တစ်နှစ် ” အပ်ရင် အတိုး ၁၀% ရပါတယ် ..
သိန်း ၁၀၀၀ ကို တစ်နှစ် သိန်း ၁၀၀ ရပါတယ် ။
တစ်နှစ် မပြည့်မချင်း လုံးဝ မထုတ်ရပါဘူး …
တစ်နှစ်ပြည့်ဖို့ ၁ ရက် အလိုမှာ ထုတ်ရင်တောင် အတိုး တစ်ပြားမှ မရတော့ပါဘူး ။
ရိုးရိုး စုငွေ Saving account ဆိုရင်တော့ ၈၅ သိန်းဘဲ ရပါတယ် ..

တစ်လကို …
Fixed account ၁နှစ်ထားရင် ..
တစ်လ အတွက် ..
ငွေ ၁၀၀ ကျပ် ကို – ၈.၃၃ ပြား
၁သိန်း ကို = ၈၃၃
၁၀ သိန်း ကို = ၈၃၃၃
၁၀၀ သိန်း ကို = ၈၃၃၃၃
၁၀၀၀ သိန်း ကို = ၈.၃၃၃၃၃ သိန်း ရပါမယ် ..

ရိုးရိုး ငွေစု စာအုပ် Saving account ဆိုရင် ..
တစ်နှစ်ကို – 8.25 or 8.5 % ဘဲရတာမို့ ..
တစ်လကို 0.6875% or 0.7083% မို့ ..

တစ်လ အတွက်
၁၀၀ကျပ် = ၆. ၈၇ ပြား or ၇.၀၈ ပြား
၁ သိန်း = ၆၈၇.၅ / ၇၀၈ ကျပ်
၁၀ သိန်း = ၆၈၇၅ / ၇၀၈၃ ကျပ်
၁၀၀ သိန်း = ၆၈၇၅၀ / ၇၀၈၃၃ ကျပ်
၁၀၀၀ သိန်း = ၆.၈၇၅ / ၇.၀၈၃၃၃ သိန်း ရပါမယ်

👉စီးပွားရေးလုပ်ငန်းပဲ ဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှုအကြောင်းပဲ ဖြစ်ဖြစ် ပြောကြပြီဆိုရင် မြန်မာနိုင်ငံမှာ ” ဘဏ်တိုး ” ဆိုတာကနေ စတွေ့တာပဲ။

8% ဝန်းကျင်ကနေ – 12% လောက်အထိ ရှိနေတဲ့ ဘဏ်တိုး ဟာ Inflation ငွေကြေးဖောင်းပွမှု 11% လောက်ရှိနေတတ်တဲ့ နိုင်ငံမှာ တကယ်တမ်းတော့ မသုံးတတ်ရင် အန္တရာယ်များပါတယ်။

ဆိုလိုချင်တာက Business Cashflow ရှိနေတဲ့သူအတွက် လုပ်ငန်း တစ်ခုနဲ့ တစ်ခုကြား ငွေပိုကို ဘဏ်မှာသင့်တော်သလို အပ်နှံတာ အကျိုးရှိပေမယ့်၊

ဘာလုပ်ငန်းမှ မလုပ်တော့ဘဲ ဘဏ်မှာ ငွေအပ်တဲ့သူကျ ပြဿနာရှိပါတယ်။ ဥပမာ လူတစ်ယောက်ဟာ ၂၀၁၆ မှာ သိန်း ၁၀၀ နဲ့ ကားရောင်းပြီး ဘဏ်အပ်ရင် ၂၀၁၇ မှာ ပြန်ရလာမယ့် တိုးရင်းပေါင်း ၁၁၂ သိန်းနဲ့ အဲဒီလိုကား ပြန်ဝယ်လို့ မရနိုင်တော့ပါဘူး။ ( အစိုးရရဲ့ Economic Projection နဲ့ Policy ခိုင်မာမှု အားနည်းနေသေးတာလည်း ပါပါတယ်။ )

ပြည်သူရဲ့ငွေတွေ ဘဏ်မှာ အိပ်နေခြင်းရဲ့ အကြောင်းရင်းက ရင်းနှီးမြှုပ်စရာ နေရာနည်းပါးခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပညာရေး အားနည်းခြင်း ကြောင့်များပါတယ်။

ပြည်သူရဲ့ငွေတွေ ဘဏ်မှာ အိပ်နေခြင်းရဲ့ အကျိုးဆက် က နိုင်ငံရဲ့စီးပွားရေးလုပ်ငန်း တိုးတက်မှုနှေးကွေးလွန်းခြင်း ပါပဲ။ အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းပေးနိုင်မှ ဘဏ်တိုးကို ဖြည်းဖြည်းချင်းလျှော့ပြီး ငွေတွေကို invest လုပ်ဖို့ ခေါ်ထုတ်နိုင်ပြီး စီးပွားရေးသွက်လာအောင်လုပ်နိုင်မှာပါ။

နောက်တစ်ချက် သွယ်ဝိုက်သော အကျိုးဆက်က ဘာလဲဆိုတော့ – ဘဏ်တိုးများနေတဲ့အတွက် ၁၂% လောက်ကို အသေထားပြီး စဉ်းစားရင် လူအများစုက Scam တွေနဲ့၊ Fomal Business နဲ့ဆိုရင် ၃၀% နဲ့အထက် စိတ်ရှိသလို ပြောနေတဲ့ scam တွေကို စိတ်ယိုင်လာတာပါ။ ( MLM တွေ၊ MMM တွေ၊ SCL လို scam လိမ်ပြေးတွေဟာ Formal Business နဲ့ education အားမကောင်းတာတွေရဲ့ ဘေးထွက်ဆိုးကျိုးပါ )

ဒေါ်လာ၊ မြေ၊ ရွှေ၊ ကား အစရှိတာကို အလုပ်လုပ်ပြီး စီးပွားရေး လုပ်ခဲ့ရတဲ့ ပြည်သူတွေဟာ အရင်ရခဲ့ဖူးတဲ့ Formal မဟုတ်တဲ့ အမြတ်တွေကြောင့်လည်း ပုံမှန်စီးပွားရေးလုပ်ငန်းကောင်းတစ်ခုရဲ့ အမြတ်ကိုတောင် စိတ်မဝင်စားကြပါဘူး။
ဒါလည်း လက်ရှိ နိုင်ငံအတွက် ထောင်ချောက်တစ်ခုပါပဲ။

Investment လုပ်ဖို့ အားသန်လာမှ အရာရာကို import လုပ်နေရတဲ့ ဘဝကလွတ်မှာပါ။ ဥပမာ အရည်အသွေးကောင်း ခရမ်းချဉ်သီးစိုက်တာနဲ့ Sam Remo လို ခရမ်းချဉ်သီး အနှစ်ပုလင်း လုပ်တာဟာ နည်းပညာကြောင့် တန်ဖိုးချင်း ၁၀ဆ လောက်ကွာသွားတာကို နားလည်လာမှာပါ။

နည်းပညာနဲ့ အနာဂတ်မှာ ရင်းနှီးမြှုပ်နှံမှု ဆိုတဲ့အဆင့်တွေတက်ဖို့ လောလောဆယ် SMEs တွေ၊ ပြည်တွင်း စိုက်ပျိုးရေး၊ ပြည်တွင်း ထုတ်ကုန်လုပ်ငန်းတွေ အတွက် အရင်းအနှီး ဆိုတဲ့ရေသောက်မြစ် မပေးနိုင်ရင် နိုင်ငံဟာ ဒီထောက်ချောက်ထဲက ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။

ပြည်တွင်း ဘဏ်တွေနဲ့ ပတ်သက်တဲ့၊ နိုင်ငံခြားဘဏ်တွေနဲ့ ပတ်သက်တဲ့ policy တွေကို အစိုးရအနေနဲ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား အကောင်းဆုံးဖြစ်အောင် အားထည့်လုပ်သင့်တဲ့ အချိန်လို့ပဲ မြင်မိပါတယ်။

#ကောင်းကျိုးဆိုးကျိုးများ ✔

ကျွန်တော့်မှာ ဘဏ်အပ်ငွေ ဆယ်သိန်းရှိတယ် ဆိုပါတော့…

တစ်နှစ်တိတိပြည့်တဲ့အချိန်မှာ အတိုး ၈ ရာခိုင်နှုန်းရလို့ ပြန်ထုပ်လိုက်တဲ့အချိန်မှာ ဆယ်သိန်းနဲ့ ရှစ်သောင်း ရပါလေရော…

ဪ… ဘဏ်မှာ အပ်ထားရတာ စိတ်လည်းချရ အတိုးလည်းရ တယ်ဟုတ်ပါလားလို့ ထင်နေတာပေါ့လေ…

မနှစ်က ကျွန်တော့်မှာရှိတဲ့ ငွေဆယ်သိန်းဟာ ဒေါ်လာ တစ်ထောင်နဲ့ ညီမျှတယ်ဗျ… ဒါပေမယ့် အခုရလာတဲ့ ဆယ်သိန်းရှစ်သောင်းကျတော့ ငွေလဲလိုက်တာ ဒေါ်လာကိုးရာပဲ ရတော့တယ်…

ကျွန်တော့် ဒေါ်လာတစ်ရာ ဘယ်ရောက်သွားမှန်း မသိလိုက်ဘူး…

ဒီပြဿနာရဲ့ အဖြေက အမှန်တကယ် အတိုးနှုန်း (real interest rate) ပါ…

Real Interest Rate ရဲ့ ပုံသေနည်းကို မပြောခင်မှာ Nominal Interest Rate နဲ့ Inflation Rate အကြောင်း အရင်မိတ်ဆက်ချင်တယ်…

Nominal interest rate ဆိုတာ ကိုယ်မျှော်လင့်ထားတဲ့၊ ကိုယ်သတ်မှတ်ထားတဲ့ အတိုးနှုန်းပါပဲ…
ဥပမာ – ဘဏ်တိုး၊ ရွှေပေါင်အတိုး၊ ROI (return on investment) အရင်းအပေါ်က ရတဲ့အမြတ်

Inflation Rate ကတော့ ငွေဖောင်းပွနှုန်းပါ… အရင်နှစ်က ငွေတစ်ရာနဲ့ ကြက်ဥတစ်လုံး ဝယ်လို့ရရင် အခုနှစ် ငွေတစ်ရာ့ငါးဆယ်မှ ကြက်ဥတစ်လုံးရရင် ငွေဖောင်းပွနှုန်း ၅၀% နှုန်းပါ…

အခု အဖြစ်အပျက်မှာ ဘဏ်တိုးနှုန်းက ၈ ရာခိုင်နှုန်း ရှိပါတယ်… ငွေဖောင်းပွနှုန်းကတော့ တစ်ဒေါ်လာကို ငွေတစ်ထောင်ကျပ်နှုန်းကနေ တစ်ဒေါ်လာကို ထောင့်နှစ်ရာနှုန်းဖြစ်သွားလို့ ၂၀ ရာခိုင်နှုန်းပါ…

ပြဿနာရဲ့ အဖြေ Real Interest Rate ကို တွက်ကြည့်ရအောင်ပါ…
Real interest rate = Nominal Interest rate – inflation rate
အမှန်တကယ် ကိုယ်အတိုးရတဲ့နှုန်းကို လိုချင်ရင် ကိုယ်ရတဲ့ အတိုးနှုန်း (ဘဏ်တိုး ၈%) ထဲကနေ ငွေဖောင်းပွနှုန်း (Inflation rate) ၂၀% ကို နှုတ်ရပါတယ်…

ဆိုတော့ ကျွန်တော့်ငွေ ဆယ်သိန်းအတွက် အမှန်တကယ်ရတဲ့ အတိုးနှုန်းက
ဘဏ်တိုး – ငွေဖောင်းပွနှုန်း ပါ…
၈ – ၂၀ = – ၁၂ (အနှုတ် ၁၂ ရာခိုင်နှုန်းပါ)

ဒီအတွက် ဘဏ်မှာ ငွေဆယ်သိန်းအပ်ထားတဲ့အတွက် တစ်နှစ်ကြာတဲ့အခါမှာ ကျွန်တော် ရှစ်သောင်း အမြတ်ရတာ မဟုတ်ပါဘူး…

မြန်မာငွေ ကျပ်ဆယ်သိန်းအပ်တဲ့အတွက် ကျပ်ဆယ်သိန်းရှစ်သောင်း ပြန်ရပေမယ့်
ဒေါ်လာသာဆိုရင် ဒေါ်လာတစ်ထောင်ကနေ ဒေါ်လာကိုးရာ ဖြစ်သွားတာပါ…

ဘာမှမလုပ်ရပါဘဲ ကျွန်တော် ၁၂ ရာခိုင်နှုန်း အရှုံးပေါ်ပါတယ်…

ကဲ ဘယ်လောက် ရှုပ်လိုက်တဲ့ လောကကြီးလဲလို့… 😀

ဖြည့်စွက်ချက်
ယခုပို့စ်တွင် Real Interest Rate အား ရှင်းလင်းစေလိုသဖြင့် Nominal Interest Rate နေရာတွင် ဘဏ်တိုးနှုန်းအားလည်းကောင်း၊ Inflation Rate တွက်ရန် ဒေါ်လာဈေးအားလည်းကောင်း အသုံးပြုခဲ့ပါသည်…

သို့သော် အများစုမှ အမှန်တကယ်အတိုးနှုန်း ကြောင့် တန်ဖိုးပြောင်းလဲသွားသည်ကို သတိမထားမိဘဲ ဘဏ်တွင်အပ်လျင် ငွေဆုံးသည်ဟုသာ တရားသေ မှတ်ယူသွားကြလေ၏…

ယခုပို့စ်၏ မူလဆိုလိုရင်းကိုသာ မြင်အောင်ကြည့်စေလိုပါကြောင်း ဖြည့်စွက်လိုက်ရပါသည်…

အားပေးမှုကို အထူးကျေးဇူးတင်ရှိပါတယ်။