Home » Education » လုပ်ငန်းတိုးတက်အောင်မြင်ဖို့အတွက် လူမှုကွန်ယက်မီဒီယာတွေရဲ့ အရေးပါပုံ…

လုပ်ငန်းတိုးတက်အောင်မြင်ဖို့အတွက် လူမှုကွန်ယက်မီဒီယာတွေရဲ့ အရေးပါပုံ…

လုပ်ငန်းတိုးတက်အောင်မြင်ဖို့အတွက် လူမှုကွန်ယက်မီဒီယာတွေရဲ့ အရေးပါပုံ…

Main Education Category for Entrepreneur SME
Posted on June 8, 2018Edit “မြန်မာနိုင်ငံ၏ ဈေးကွက်ရှာဖွေရေးစနစ်သည် ဒီဂျစ်တယ်စနစ် ပေါ် မှီခိုသည့် စနစ်အဖြစ် အသွင်ပြောင်းလာနေ”
မြန်မာနိုင်ငံ၏ ဈေးကွက်ရှာဖွေရေးစနစ်သည် ဒီဂျစ်တယ်စနစ် ပေါ် မှီခိုသည့် စနစ်အဖြစ် အသွင်ပြောင်းလာနေ

လင်းသူ

ရန်ကုန် ဇွန် ၈

မြန်မာနိုင်ငံ၏ ဈေးကွက်ရှာဖွေရေးစနစ်သည် ဒီဂျစ်တယ်စနစ်သို့ ဦးတည်သွားနေပြီး နောက် အနာဂတ်တွင် ဒီဂျစ်တယ်စနစ် ပေါ် မှီခိုသည့် စနစ်အဖြစ် အသွင်ပြောင်းလာနေကြောင်း Sales & Marketing Career Conference 2018 ဆွေးနွေးပွဲမှ သိရသည်။

” ဒီဂျစ်တယ်မာကတ်တင်းက မြန်မာနိုင်ငံမှာ အားကောင်းလာပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဒီဂျစ်တယ်မာကတ်တင်းက အလားအလာကောင်းတွေ ရှိပါတယ်။ ဒီဂျစ်တယ်မာကတ်တင်းဆိုရင် ကြိုတင်ပြင်ဆင်ပြီး လုပ်ဆောင်ရတာတွေလည်း ရှိပါတယ်။ အားလုံးက ဒီဂျစ်တယ်မီဒီယာ ဖွံ့ဖြိုးလာဖို့ လုပ်ဆောင်နေတာတွေလည်း တွေ့ရပါတယ်” ဟု Ooredoo ၏ Marketing နှင့် Communication Director ဖြစ်သူ ဒေါ်ပွင့်ဦးဆွေ က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို Sale & Marketing နယ်ပယ်တွင်းမှ ကျွမ်းကျင်သူများ၏ သုံးသပ်ချက် ၊ အကြံပြုချက်များကို လေ့လာချင်သူတွေအတွက် လေ့လာဆွေးနွေးနိင်အောင် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်းရှိ ထိပ်တန်းကုမ္ပဏီများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို သိရှိလျှောက်ထားနိုင်စေရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် Sale & Marketing ကဏ္ဍတွင် ကျွမ်းကျင်သည့် ပြည်တွင်းပြည်ပမှ ဝါရင့်ပုဂ္ဂိုလ်ကြီးများ ၊ ထိပ်တန်းကုမ္ပဏီကြီးများမှ CEO များမှ ဆွေးနွေးခဲ့ကြပြီး Sale & Marketing အတွက် လိုအပ်သည့် ဗဟုသုတ အမျိုးမျိုး ၊အနာဂတ်တွင် လိုက်ပါလုပ်ဆောင်ရမည့် အချက်များ နှင့် အခြားသိသင့်သိထိုက်သည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
Posted on June 2, 2018Edit “လုပ်ငန်းတိုးတက်အောင်မြင်ဖို့အတွက် လူမှုကွန်ယက်မီဒီယာတွေရဲ့ အရေးပါပုံ…”
လုပ်ငန်းတိုးတက်အောင်မြင်ဖို့အတွက် လူမှုကွန်ယက်မီဒီယာတွေရဲ့ အရေးပါပုံ…

>>Zawgyi Code<< ၂၁ ရာစုဟာ လျင်မြန် မြန်ဆန်လွန်းတဲ့ တိုးတက်ပြောင်းလဲမှုတွေနဲ့အတူ တစ်နှစ်ထက် တစ်နှစ် နည်းပညာ အသစ်အဆန်းတွေ ပေါ်ပေါက်လာဆဲပါပဲ။ အားလုံးထဲမှာမှ လက်ရှိ တစ်ကမ္ဘာလုံးကို ချုပ်ကိုင်ထားနိုင်တာကတော့ ဆိုရှယ်မီဒီယာလို့ ခေါ်တဲ့ လူမှုကွန်ယက်တွေပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အကြီးအကဲကအစ အောက်ခြေလူတန်းစားအထိ လူတန်းစားပေါင်းစုံ လူသန်းပေါင်းများစွာရဲ့ နေ့စဉ်ဘ၀မှာ နေရာယူလာနိုင်တဲ့အထိကို အောင်မြင်ခဲ့ပါတယ်။ လူမှုရေး၊ စီးပွားရေး၊ တိုင်းပြည်တိုးတက်ရေး အစရှိတဲ့ အခန်းကဏ္ဍမှာလည်း လူမှုကွန်ယက်တွေဟာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ပတ်သက်လို့နေပါပြီ။ အခုအခါမှာ ကိုယ့်ရဲ့လုပ်ငန်းစီးပွား တိုးတက်အောင်မြင်ဖို့အတွက် ဘယ်လို လူမှုကွန်ယက်တွေမှာ ဘာတွေလုပ်သင့်လဲဆိုတာကို ဗဟုသုတအနေနဲ့ ရှင်းပြပေးမှာဖြစ်ပါတယ်။ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေးဆိုသလိုပဲ ကိုယ့်ရဲ့ နည်းလမ်းသာ မှားယွင်းသွားခဲ့ရင် အောင်မြင်မှုကနေ ပြိုလဲမှုအထိ ဖြစ်သွားနိုင်လောက်အောင်ကို လူမှုကွန်ယက်တွေဟာ လူသားတွေရဲ့ ဘ၀ကို ချုပ်ကိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းကို ငွေကြေးအများအပြား အသုံးမပြုပဲ လူတွေသိအောင် ဘယ်လိုကြေငြာကြမလဲ။ ကိုယ့်ရဲ့ product ကို လူတွေ စိတ်ဝင်စားအောင် ဘယ်လိုကြော်ငြာတွေထည့်မလဲ အစရှိတဲ့ လုပ်ငန်းသုံးဗျူဟာတွေကို လူမှုကွန်ယက်ပေါ်မှာ ဘယ်လို အသုံးချနိုင်မလဲ ကြည့်ကြရအောင်။