Home » Cinema » မကြာမီရုံတင်ပြသတော့မယ့် Avatar 2 နဲ့ 3

မကြာမီရုံတင်ပြသတော့မယ့် Avatar 2 နဲ့ 3

မကြာမီရုံတင်ပြသတော့မယ့် Avatar 2 နဲ့ 3

ပရိသတ်အားပေးမှုအများဆုံးရရှိထားသောဇာတ်ကားတစ်ကားဖြစ်တဲ့ ‘Avatar’ ဇာတ်ကားရဲ့နောက်ဆက်တွဲဖြစ်တဲ့ ‘Avatar 2’ နဲ့ ‘Avatar 3’ ဇာတ်ကားရိုက်ကူးမှုပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ‘Avatar’ ဇာတ်ကားရဲ့ဒါရိုက်တာဖြစ်သူ JameJames Cameron ရဲ့ပြောကြားချက်အရ ‘Avatar’ မင်းသမီး Zoe Saldana နဲ့အတူ ‘Avatar 2’ နဲ့ ‘Avatar 3’ ဇာတ်ကားနှစ်ကားလုံး ရိုက်ကူးပြီးစီးခဲ့တဲ့အပြင် သူမအနေနဲ့ ‘Avatar 4’ နဲ့ ‘Avatar 5’ အတွက်ပါ ဇာတ်ညွှန်းရေးသားပြီးကြောင်းသိရပါတယ်။

၂၀၁၀ ခုနှစ်ထဲကပြသခဲ့တဲ့ ‘Avatar’ ဇာတ်ကားရဲ့နောက်ဆက်တွဲဇာတွကားများကို ၂၀၁၄ ခုနစ်နဲ့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိမယ်လို့ပြောကြားခဲ့ပေမယ့် ဆယ်စးနှစ်တစ်ခုနီးပါးကြာသည့်တိုင်အောင်မပြသနိုင်ခြင်းကတော့ ဇာတ်ကားရဲ့ 3D effect များဖန်တီးနေရခြင်းနဲ့ နယူးဇီလန်အစိုးရရဲ့ဘဏ္ဍာရေးမပြေလည်မှုတွေကြောင့် ကြန့်ကြာနေခဲ့ခြင်းဖြစ်ပါတယ်။ သို့ပေမယ့် ‘Avatar 2’ နဲ့ ‘Avatar 3’ ဇာတ်ကားကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၁ ခုနှစ်မှာ ရုံတင်ပြသနိုင်တော့မှာဖြစ်ပါတယ်။

Ref : LADbible