Home » Celebrity News » လူစိတ်ဝင်စားမှု မြင့်တတ်နေတဲ့ The Pool ဇာတ်ကား

လူစိတ်ဝင်စားမှု မြင့်တတ်နေတဲ့ The Pool ဇာတ်ကား

လူစိတ်ဝင်စားမှု မြင့်တတ်နေတဲ့ The Pool ဇာတ်ကား

 



 

The Pool



 

ပိတ်ရက်တွေမှာ ကိုယ်ရဲ့ ချစ်ချစ် ဘော်ဒါတွေနဲ့အတူ ပုံမှန်ရုပ်ရှင်သွားကြည့်နေသူ လုံးဝကို လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားတစ်ကားကတော့ ပရိသတ်တွေကို စောင့်ကြိုနေပါပြီ။ ဒီဇာတ်ကားကတော့ ထိုင်းသည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်တဲ့ The Pool ပါ။

မင်းသားမင်းသမီးနှစ်ယောက် မိချောင်းတစ်ကောင် ရေကူးကန်တစ်ကန်သာ ပါဝင်တဲ့ ဒီဇာတ်ကားက ထိုင်းရုပ်ရှင်ကားလို့ မထင်ရလောက်အောင် အထင်ကြီးလေးစားစရာကောင်းအောင် ရိုက်ကူးထားတာဖြစ်ပါတယ်။ ရေကူးကန်တစ်ကန်ကို Location အဖြစ် ရုပ်ရှင်အစအဆုံး အသုံးပြုသွားပြီး စိတ်ခြောက်ခြားဖွယ် သွေးပျက်ဖွယ် အဖြစ်အပျက်တွေ ဖြစ်ပေါ်လာပြီး အသက်ရှင်သန်အောင် မနည်းကြိုးစားရတဲ့အကြောင်းကို ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားကို Mingalar Cinema ရဲ့ Facebook Page မှာ မနေ့က ဖော်ပြခဲ့ရာမှာ ပရိသတ်တွေကြားထဲ တော်တော်လေးကို ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ပြီး ထိုင်းဇာတ်ကားတွေကို ဒီလိုရိုက်ကူးလာနိုင်တာ အရမ်းဂုဏ်ယူစရာကောင်းကြောင်းနဲ့ မြန်မာဇာတ်ကားတွေကိုလည်း ဒီလိုပုံစံတွေ ရိုက်လာနိုင်ဖို့ မျှော်လင့်မိကြောင်း Comments တွေမှာ ရေးသားပြောဆိုထားကြပါတယ်။ကဲ…ဒီဇာတ်ကား ဘယ်လောက်အထိ မိုက်နေသလဲဆိုတာ အောက်ကဗီဒီယိုမှာပဲ ဝင်ရောက်လေ့လာလိုက်ပါခင်ဗျာ။

 

The Pool

The Pool (Thai Thriller)===================Coming Soon on Mingalar Cinemas6 METERSDEEP POOLNO WATERNO WAY OUT

Posted by Mingalar Cinemas on Friday, 7 September 2018