Home » Sport

ရေအောက်ထဲမှာ အပြင်းအထန် လေကျင့်နေတဲ့ အောင်လအန်ဆန်

One Championship ပြိုင်ပွဲရဲ့ MMA ၀ိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအတွက် အကြိုပြင်ဆင်မှုတစ်ရပ်အနေနဲ့ ရေအောက်ထဲမှာ အပြင်းအထန် လေ့ကျင့်နေပုံများကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေတစ်ဆင့် ဖော်ပြသွားခဲ့ပါတယ်။

“ပြီးခဲ့တဲ့တနင်္ဂနွေကတော့အနားယူရတဲ့အချိန်ဖြစ်ပါတယ်။ပြီးတော့ အပြင်းအထန်လုပ်ရဦးမယ့်Trainingအတွက်လည်းအားပြန်ဖြည့်ရတာပေါ့။သုံးပတ်တောင်မလိုတော့တဲ့အချိန်အတွင်းမှာ One Championshipရဲ့ ကစားကွင်းထဲမှာမြန်မာပြည်ကိုကိုယ်စားပြုပြီး ပြန်ကစားရဦးမှာပါ။MMA Fighter

လေးချီမြောက်မှာ ခါဘစ်ကို အရှုံးပေးခဲ့ရတဲ့ မက်ဂရီဂေါ်

အမေရိကန်နိုင်ငံ၊ လက်စ်ဗေးဂက်မှာ ဒီနေ့နံနက်ပိုင်းထိုးသတ်ခဲ့တဲ့ UFC လိုက်ဖ်ဝယ်တာဝိတ်တန်းချန်ပီယံစိန်ခေါ်ပွဲမှာ လက်ရှိချန်ပီယံ ရုရှား ဖိုက်တာ ခါဘစ်ဟာ နာမည်ကျော်အိုင်ယာလန် ဖိုက်တာ မက်ဂရီဂေါ်ကိုလေးချီ ထိုးသတ်အနိုင်ရပြီး လက်ရှိချန်ပီယံဘွဲ့ကိုကာကွယ်သွားနိုင်ခဲ့ပါတယ်။ မက်ဂရီဂေါ်ဟာ အရင်ပွဲတွေမှာ ခြေစွာလက်စွာရှိပြီး ပြိုင်ဘက်ကို ဖြဲလုံးတွေနဲ့ အသာရယူလေ့ရှိပေမယ့် ဒီနေ့ ခါဘစ်နဲ့ပွဲမှာတော့ သာမန်ဖိုက်တာတစ်ယောက်အသွင်လောက်ပဲရှိခဲ့ပါတယ်။

လူကာကူကို ဝေဖန်ခဲ့ကြတဲ့ ပေါစခိုးနဲ့ဖာဒီနန်

 

မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းများဖြစ်ကြသော ကွင်းလယ်လူပေါစခိုးနဲ့ နောက်ခံကစားသမား ရီယိုဖာဒီနန်တို့နှစ်ယောက်ဟာ အသင်းမှာ ခြေစွမ်းပျောက်ဆုံးနေသူ အထောင်တိုက်စစ်မှူး လူကာကူကို အသီးသီး ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။

 

လူကာကူဟာ မန်ယူအသင်းအတွက် ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၄ဂိုးအထိကို သွင်းယူပေးထားနိုင်ခဲ့ပေမယ့်လည်း ပြိုင်ပွဲစုံ နောက်ဆုံး ၅ပွဲဆက်တိုက်

တစ်လခန့် အနားယူရတော့မယ့် ပီတာဆက်ခ်ျ

 

အာဆင်နယ်အသင်းရဲ့ ဝါရင့်ဂိုးသမားကြီးဖြစ်သူ ပီတာဆက်ခ်ျကတော့ ပြီးခဲ့တဲ့ ဝက်ဖိုဒ့်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် တစ်လခန့်လောက်အထိကို အနားယူသွားရတော့မှာဖြစ်ပါတယ်။

ဂိုးသမားကြီး ပီတာဆက်ခ်ျဟာ ဝက်ဖိုဒ့်နဲ့ ပွဲစဉ်မှာ ကြွက်သားနာကျင်မှု ဝေဒနာကို ခံစားလာခဲ့ရလို့ ဂိုးသမားသစ်လေး လီနိုနဲ့ လူစားလဲခံရပြီး

မန်ယူအသင်းဆီ ပြန်သွားပြီး ဂိုးတွေသွင်းပေးချင်နေတဲ့ ရွန်နီ

မန်ယူအသင်း ရဲ့ တိုက်စစ်မှူးဟောင်း ရွန်နီ ကတော့ သူ့အသင်းဟောင်းရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေကြောင်း သူ့ရဲ့ အင်တာဗျူး မေးခွန်းတွေကတစ်ဆင့် သက်သေပြလိုက်ပါတယ်။ စနေနေ့က ကစားခဲ့တဲ့ မွန်ရီယယ်အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး (၂) ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ရွန်နီ က ပွဲအပြီးမှာ

ဒီနေ့ညမှာ စောင့်ကြည့်သွားသင့်တဲ့ ဘောလုံးပွဲကောင်းနှစ်ပွဲ

 

ဒီတစ်ပတ် ကြားရက်တွေမှာတော့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲတွေ ရှိမနေပဲ လိဂ်ဖလားနဲ့ အမှတ်ပေးပြိုင်ပွဲတွေသာ ရှိနေပေမယ့်လည်း စိတ်ဝင်စားစရာကောင်းတဲ့ ပွဲကောင်းတွေလည်း ပါဝင်နေပါတယ်။ ဒီထဲကမှ အကောင်းဆုံးသော ပွဲကောင်းနှစ်ပွဲအကြောင်းကို ဖော်ပြလို့ပေးသွားချင်ပါတယ်။

ပထမဆုံးပွဲကတော့ လီဗာဘူးနဲ့ချဲလ်ဆီးအသင်းတို့ရဲ့ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်ပါ။ ဒီနှစ်သင်းက လက်ရှိ

မက်ဆီနဲ့ရိုနယ်ဒိုတို့ရဲ့ အောင်မြင်မှုကို ဖောက်ထွက်လာနိုင်ခဲ့သူ မိုဒရစ်

 

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်နှစ်တာအတွင်း ဘောလုံးလောကကို ဘာစီလိုနာတိုက်စစ်မှူးမက်ဆီနဲ့ ဂျုဗင်တပ်တိုက်စစ်မှူးရိုနယ်ဒိုတို့ကပါ အလွှမ်းမိုးဆုံးဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးကပဲ အကောင်းဆုံးကစားသမားဆုတွေကို တစ်ယောက်တစ်လှည့်စီ ပိုင်ဆိုင်ခဲ့ကြပါတယ်။ အခုတော့ သူတို့နှစ်ယောက်ကို ကျော်လွန်နိုင်မယ့်သူ ပေါ်ပေါက်လာခဲ့ပါတယ်။ သူကတော့ လူကာမိုဒရစ်ပါ။

ခရိုအေးရှားအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ လူကာမိုဒရစ်ဟာ ယခင်ကတည်းက ကမ္ဘာ့အကောင်းဆုံး

ဆန်းချက်အပေါ် ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ပေါ့ဘာ

 

မန်ယူအသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ပေါ့ဘာက လတ်တလောမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိသလို ပရိသတ်တွေဆီကနေ အရမ်းကို ဝေဖန်ခံနေရသူ အသင်းဖော် အလက်ဆစ်ဆန်းချက်ဘက်ကနေ ရပ်တည်ပေးပြီး ဆန်းချက်က လူတွေဝေဖန်နေကြသလို ကစားပုံဆိုးရွှားနေတာမဟုတ်ပဲ အသင်းနဲ့ အံ့ဝင်အောင် ကြိုးစားရုန်းကန်နေရခြင်းသာ ဖြစ်တယ်လို့ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

အသက်

ကလေးသူငယ်တွေအပေါ် ကြင်နာသနားတတ်သူ နေမာ

 

မထီမဲ့မြင်ပုံစံတွေ ဟန်ဆောင်ဒိုင်ဗင်ထိုးမှုတွေကြောင့် လူမုန်းများတဲ့ ဘောလုံးသမားအဖြစ် သတ်မှတ်ခံနေရသူ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား နေမာဟာ ရန်းစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ပွဲစဉ်မှာ ကွင်းအတွင်းဝင်ရောက်လာတဲ့ ကလေးငယ်လေးတစ်ဦးကို ဂရုတစိုက်နဲ့ ပြန်လည်ခေါ်ထုတ်သွားခဲ့လို့ ချီးကျူးခံနေရပါတယ်။

အသက် ၂၆နှစ်အရွှယ်ရှိ ဘရာဇီးတိုက်စစ်ကစားသမား နေမာဟာ ရန်းစ်အသင်းကို ပီအက်စ်ဂျီအသင်းက

သရေရလဒ်ကြောင့် တတိယနေရာကို ဆင်းပေးလိုက်ရတဲ့ ချဲလ်ဆီး

 

 

ဒီနေ့ည ၇ နာရီ အချိန်မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ တစ်ဖက်မှ ဂိုးမသွင်းနိုင်ခဲ့ပဲ သရေနဲ့သာ အဆုံးသတ်သွားခဲ့ရပြီး ချဲလ်ဆီးအသင်းရဲ့ ၅ ပွဲဆက် နိုင်ပွဲဆက်မှုဟာလည်း ရပ်တန့်သွားခဲ့ရပါတယ်။

အိမ်ရှင်ဝက်စ်ဝမ်းအသင်းကတော့ ဒီနေ့ပွဲစဉ်မှာ အားအကိုးရဆုံး